ဗကသ ခေါင်းဆောင် ဒီငြိမ်းလင်း အင်းစိန်ထောင်မှ ခန္တီးထောင်သို့ ပြောင်းရွှေ့ခံရ

Sunday, February 22, 2009 ·

မဇ္ဈိမ | ချင်းမိုင် (မဇ္ဈိမ)။ ။ ဗကသ ခေါင်းဆောင် ကိုဒီငြိမ်းလင်းအား ရန်ကုန်တိုင်း အင်းစိန်ထောင်မှ စစ်ကိုင်းတိုင်း ခန္တီးထောင်သို့ ယနေ့ နံနက်ပိုင်းက ပြောင်းရွှေ့လိုက်သည်။

ဗကသ ခေါ် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် ပြန်ဖွဲ့ရာတွင် ဦးဆောင်ခဲ့ပြီး၊ ၂၀၀၇ ခုနှစ် ရွှေဝါရောင် တော်လှန်ရေးတွင် ပါဝင်ခဲ့သဖြင့် နိုင်ငံတော် လုံခြုံရေးကို ထိခိုက်စေမှု အပါအ၀င် ပုဒ်မ ၆ ခုဖြင့် ထောင်ဒဏ် ၁၅ နှစ်ခွဲ ကျနေရသည့် သူ့ကို အင်းစိန်ထောင်မှ မြန်မာပြည်မြောက်ပိုင်း ခန္တီးထောင်သို့ ရွှေ့လိုက်ခြင်းဖြစ်သည်။

"ဒီမနက် ထောင်ဗူးဝမှာ သွားစုံစမ်းတာပေါ့နော်။ ထောင်မှူးက သားလေးကို ၃ နာရီလောက်မှာ ခန္တီးထောင်ကို ပို့လိုက်ပြီလို့ ပြောတယ်" ဟု ကိုဒီငြိမ်းလင်း၏ မိခင် ဒေါ်ဌေးဌေးက မဇ္ဈိမကို ပြောသည်။

"အန်တီက စိတ်မကောင်းဘူး။ မတရားဘူး။ ဒီလောက် ကလေးက ငယ်ငယ်လေးကို နယ်စွန်နယ်ဖျားကို ပို့လိုက်တာ။ မတရားဘူးလို့ တွက်တယ်။ ဖအေက တောင်ငူထောင်မှာလေ။ သားက ခန္တီးဆိုတော့ စဉ်းစားကြည့်တော့။ ရာသီဥတု ဆိုးရွားတဲ့နေရာကို ပို့လိုက်တာ။ ငှက်ဖျားဆေးတွေတော့ ထည့်ပေးလိုက်တယ်" ဟု ဒေါ်ဌေးဌေးက ဆက်ပြောသည်။

၂၀၀၇ ခု စက်တင်ဘာလအတွင်း သံဃာတော်များ ဦးဆောင်သည့် အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုကြီး (၀ါ) ရွှေဝါရောင် တော်လှန်ရေးဟု အမည်တွင်ခဲ့သော လူထုလှုပ်ရှားမှုကြီးနှင့် ဗကသ ခေါင်းဆာင်မှုပိုင်းကို ပြန်ဖွဲ့ရာ၌ ဒီငြိမ်းလင်းလည်း ပါဝင်ဦးဆောင်ခဲ့သည်။

ဗကသ သည် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တိုက်ပွဲဝင်နေသော်လည်း၊ စစ်အစိုးရ အဆက်ဆက်က တရားဝင် ဖွဲ့စည်းခွင့် မပြုသောကြောင့် မြေအောက်လှုပ်ရှားမှုဖြင့် ရပ်တည် လှုပ်ရှားနေသော ကျောင်းသားအဖွဲ့ ဖြစ်သည်။

သူသည် ထိုအချိန်က ရန်ကုန်အနောက်ပိုင်း တက္ကသိုလ်တွင် ဘူမိဗေဒ နောက်ဆုံးနှစ် တက်ရောက် နေသူ ဖြစ်သည်။

နောက်ပိုင်းတွင် အာဏာပိုင်များ၏ အဖမ်းအဆီးကို တိမ်းရှောင်နေရင်း ၂၀၀၈ ခုနှစ် အောက်တိုဘာလ ၂၃ ရက်နေ့တွင် ရန်ကုန်ရှိ ပါရမီ တိုက်ခန်းတခုတွင် အဖမ်းခံလိုက်ရသည်။

ထိုနှစ် နိုဝင်ဘာလအတွင်း သူ့ကို နိုင်ငံတော်လုံခြုံရေးကို ထိခိုက်စေမှု အပါအ၀င် ပုဒ်မ ၄ ခုဖြင့် ထောင်ဒဏ် ၆ နှစ်ခွဲ၊ နောက်ပိုင်းတွင် ရုန်းရင်းဆန်ခတ် ဖြစ်စေမှုနှင့် ထပ်ပေါင်းကာ ၄ နှစ် တိုးချခဲ့သည်။

ထို့နောက် ယခုလ ၄ ရက်နေ့တွင်မူ တရားမ၀င် အသင်းအဖွဲ့ ဖွဲ့စည်းမှု ပုဒ်မ ၆ ဖြင့် တောင်ဒဂုံမြို့နယ် တရားရုံးက ထောင်ဒဏ် ၅ နှစ် ထပ်ချလိုက်ပြန်သည်။

ဖခင်ဖြစ်သူ ဦးဇော်ဇော်မင်းမှာ ၈၈ မျိုးဆက် ကျောင်းသားအဖွဲ့ဝင် ဖြစ်ပြီး၊ ထောင်ဒဏ် ၆၅ နှစ် ကျခံနေရသည်။

အဘိုးဖြစ်သူမှာ သာယာဝတီထောင်တွင် အကျဉ်းကျနေစဉ် ကွယ်လွန်ခဲ့သော ထီးလင်းမြို့ မဲဆန္ဒနယ်မှ ရွေးကောက်ခံ လွှတ်တော် အမတ် ဦးစောဝင်း ဖြစ်သည်။

source by : http://www.mizzimaburmese.com/news/inside-burma/2485-2009-02-21-14-25-23.html

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */