အန်အယ်ဒီ အမတ်၊ မြို့နယ် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်တဦး လွတ်မြောက်လာ

Sunday, February 22, 2009 ·

နန်းဒေ၀ီ၊ ဖနိဒါ | နယူးဒေလီ၊ ချင်းမိုင် (မဇ္စျိမ) ။ ။ နှစ်ရှည်ထောင်ဒဏ် ကျခံနေရသူ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် လွှတ်တော်အမတ်တဦး၊ မြို့နယ် ဥက္ကဋ္ဌတဦးနှင့် အဖွဲ့ဝင်တဦးအား အာဏာပိုင်များက ယနေ့ ညနေပိုင်းတွင် အကျဉ်းထောင် အသီးသီးမှ ပြန်လွှတ်ပေးလိုက်သည်။

အကျဉ်းသား ၆၃ဝဝ ကျော် လွတ်ငြိမ်းချမ်းသာခွင့် ပေးမည်ဟု စစ်အစိုးရက ယမန်နေ့တွင် ကြေညာခဲ့အပြီး မန္တလေးတိုင်း အမရပူရမြို့နယ် အန်အယ်ဒီအမတ် ဒေါက်တာ ဇော်မြင့်မောင်၊ ကချင်ပြည်နယ် မိုးညှင်းမြို့နယ်မှ ပါတီအဖွဲ့ဝင် ဦးဖေစိန်အား မြစ်ကြီးနားထောင်နှင့် ရန်ကုန်တိုင်း စမ်းချောင်းမြို့နယ် ပါတီ ဥက္ကဋ္ဌ ဦးသက်ဝေအား အင်းစိန်ထောင်မှ ပြန်လွှတ်ပေးလိုက်ခြင်း ဖြစ်သည်။

"ညနေ ၃ နာရီ ၄၅ မိနစ်လောက်မှာ ၂ ယောက်စလုံး လွတ်လာတယ်။ ထောင်အာဏာပိုင်တွေက သူတို့ကို တည်းခိုရိပ်သာအထိ ပို့ပေးတယ်လေ။ ကျန်းမာတယ်လို့ ပြောတယ်။ ဒါပေမဲ့ အတွင်း ကျန်းမာ၊ မမာတော့ အိမ်ပြန်မှပဲ ဆေးစစ်ကြည့်ရမယ်လို့တော့ ဒေါက်တာ ဇော်မြင့်မောင်က ပြောနေတယ်" ဟု လွတ်မြောက်လာသူ နှစ်ဦးနှင့် နီးစပ်သူတဦးက မဇ္ဈိမကို ပြောသည်။

ဒေါက်တာ ဇော်မြင့်မောင်အား ၁၉၉ဝ ခု နိုဝင်ဘာတွင် စင်ပြိုင်အစိုးရ ဖွဲ့ရန် ကြံစည်သည်ဟုဆိုကာ ဖမ်းဆီးခဲ့ပြီး၊ ၁၉၉၁ ခုနှစ် ဧပြီလအတွင်း နိုင်ငံတော် ပုန်ကန်မှုဖြင့် ၂၅ နှစ် ထောင်ချခဲ့သည်။

ထို့နောက် ၁၉၉၇ ခုနှစ်တွင် ကုလသမဂ္ဂ၏ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးထံ ထောင်တွင်း ချိုးဖောက်မှုများ အစီရင်ခံသဖြင့် ၁၂ နှစ် အတိုးခံရကာ ၃၇ နှစ် ပြစ်ဒဏ်ကျခံခဲ့ရသည်။

အလားတူ ၂ဝဝ၇ ရွှေဝါရောင် လှုပ်ရှားမှုကြီးတွင် ပါဝင်ခဲ့သည့် ကချင်ပြည်နယ် မိုးညှင်းမြို့မှ အန်အယ်ဒီ အဖွဲ့ဝင်များဖြစ်သည့် ဦးဖေစိန်နှင့် မြို့တော် မြစ်ကြီးနားမှ ဦးကျော်မောင်၊ ဦးနေဝင်းတို့အား ၂ နှစ်စီ ပြစ်ဒဏ် ချထားရာတွင် ဦးဖေစိန် ပြန်လွတ်လာသည်။

ဦးနေဝင်း၏ ဇနီးသည်က "အန်တီက မေးတယ်။ ဦးနေဝင်းတို့ရောလို့ မေးတော့၊ သူတို့က လွှတ်မယ့်စာရင်းထဲ မပါဘူးလို့ ပြောတယ်" ဟု မဇ္ဈိမကို ပြောသည်။

အလားတူ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် (ILO) သို့ မြန်မာနိုင်ငံ ကလေးစစ်သား အသုံးပြုမှု တိုင်ကြားရန် ကြိုးစားသဖြင့် ပြီးခဲ့သည့်နှစ် စက်တင်ဘာလက အင်းစိန်ထောင်တွင် ထောင်ဒဏ် ၂ နှစ် ချုပ်နှောင်ခံထားရသူ ရန်ကုန်တိုင်း စမ်းချောင်းမြို့နယ် အန်အယ်ဒီ ဥက္ကဋ္ဌ ဦးသက်ဝေလည်း ယနေ့ညနေတွင် ပြန်လွတ်လာသည်။

"ညနေ ၄ နာရီ ၄၅ မိနစ်မှာ ထောင်ကနေ သူတို့ကား ထွက်လာတယ်။ ဦးသက်ဝေကို ကားပေါ်ကနေ လှမ်းမြင် လိုက်တယ်။ ဟိုင်းလပ်စ်ကား အဖြူရောင်နဲ့ပဲ၊ သူတို့အုပ်စုကို ခေါ်သွားတယ်။ ခေါင်းပြူထွက်လာပြီးတော့ ၁၁ ယောက်လို့ လှမ်းအော်သွားတယ်။ ကျန်တဲ့လူတွေကို ကြည့်ရတာ လူလတ်ပိုင်းတွေပါပဲ" ဟု နိုင်ငံရေး အကျဉ်းသားများကို လေ့လာစောင့်ကြည့်နေသည့် မြန်မာပြည်တွင်းမှ ပုဂ္ဂိုလ်တဦးက ပြောသည်။

ယနေ့ ညနေပိုင်းက အင်းစိန်ထောင်မှ ပထမသုတ်အဖြစ် အကျဉ်းသား ၁ဝဝ ကျော် ပြန်လွှတ်ရာတွင် အမျိုးသမီး ၃၅ ဦးခန့် ပါဝင်ပြီး၊ ချဲထီ လောင်းကစားမှုဖြင့် ကျခံရသူများ အပါအဝင် နိုင်ငံရေးအကျဉ်းသားအချို့ ပါဝင်ခဲ့သည်။

source by : http://www.mizzimaburmese.com/news/inside-burma/2486-2009-02-21-14-27-27.html

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */