ဂြိုလ်တု စလောင်းများ ကန့်သတ်ရန် တိုက်တွန်း

Wednesday, February 18, 2009 ·

နန်းဒေ၀ီ | နယူးဒေလီ (မဇ္စျိမ)။ ။ ပြည်ပမှ လွှင့်ထုတ်သော ရုပ်မြင်သံကြားလိုင်းများကို ဖမ်းယူရရှိနိုင်သော ဂြိုလ်တုစလောင်းများကို ကန့်သတ်စေရန် တိုက်တွန်းရေးသားထားသည့် ဆောင်းပါးတပုဒ် ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ပါရှိလာသည်။

စစ်အစိုးရအာဘော် မြန်မာ့အလင်း သတင်းစာတွင် စာရေးသူ ကျော်ရဲမင်းက "အဆိပ်ပင်ကို ဆက်ပြီး ရေမလောင်းသင့်ပါ" ခေါင်းစီးဖြင့် လက်ရှိ မြန်မာပြည်သူ အများစု တပ်ဆင် အသုံးပြုနေသည့် ဆက်သွယ်ရေး ဂြိုလ်တုစလောင်း အများစုသည် တရားမ၀င် တပ်ဆင်ထားခြင်းဖြစ်ပြီး နိုင်ငံတကာ အစီစဉ်များကို ဆင်ဆာ အဖြတ်မခံရဘဲ တိုက်ရိုက် ဖမ်းယူကြည့်ရှုနိုင်သည့်အတွက် ပြည်သူများအတွက် အဆိပ်အတောက် ဖြစ်စေ နိုင်ကြောင်း ပြောဆိုထားသည်။

"စလောင်းကိစ္စဟာ ဘာမှမဟုတ်ဘူးလို့ ထင်ရပေမယ့် အမျိုးသားရေး အမြင်နဲ့ ကြည့်ရင် အတွင်း ရိုးတွင်းခြင်ဆီ ထိအောင် တဖြည်းဖြည်း လှိုက်စားနိုင်တဲ့ အိုင်းအနာကြီးတစ်ခု စွဲကပ်နေခြင်း ဖြစ်တယ်ဆိုတာ မြင်တတ်၊ ကြည့်တတ်၊ နားလည်တတ်ဖို့ လိုသည်" ဟု ရေးသားထားသည်။

သို့သော်လည်း ပြည်ပအခြေစိုက် မြန်မာသတင်းသမဂ္ဂကတော့ ဆောင်းပါးပါ ပြောဆိုထားချက်ကို သဘောမတူကြောင်း ပြောဆိုလိုက်သည်။

သတင်းသမဂ္ဂ -BMA ၏ အတွင်းရေးမှူး ဦးစံမိုးဝေက "နိုင်ငံတကာမှာ Satellite တွေ ချပေးနေတာပဲ။ အဆိပ်အတောက်ဆိုတာ ကြည့်တဲ့ လူအပေါ်မှာ မူတည်တယ်။ နိုင်ငံတကာ အစီအစဉ်တွေကို ပုံစံအမျိုးမျိုးနဲ့ ပိတ်ပင်နေတာက ပြည်သူတွေရဲ့ နား၊ မျက်စိတွေကို လိုက်ပိတ်နေတာပဲ ဖြစ်တယ်" ဟု သူက ပြောသည်။

နော်ဝေးအခြေစိုက် ဒီမိုကရက်တစ် မြန်မာ့အသံသည့် ရုပ်မြင်သံကြား အစီအစဉ်များကို ဂြိုလ်တုမှတဆင့် ထုတ်လွှင့်နေပြီး သတင်း၊ အင်တာဗျူး ကဏ္ဍ၊ စကားဝိုင်း၊ ကျန်းမာရေး၊ အင်္ဂလိပ်စာ ပို့ချချက် စသည့် အစီအစဉ်များ ပါဝင်သည်။

နော်ဝေအခြေစိုက် DVB ၏ ညွှန်ကြားရေးမှူး ဦးအေးချမ်းနိုင်ကလည်း စစ်အစိုးရသည် လွတ်လပ်သည့် သတင်းမီဒီယာများအပေါ် စိုးရိမ်လာပြီး ပိတ်ပင်ရန် ကြိုးစားလာခြင်းဖြစ်သော်လည်း အောင်မြင်မှာ မဟုတ်ဟု ပြောသည်။

"ရုပ်မြင်သံကြားဆိုတာ အသံကော၊ ရုပ်ကော မြင်ရတော့ လူတွေအတွက် ပိုမိုထိရောက်တဲ့ သတင်းအချက်အလက် ပေးတယ်။ ဒါကြောင့် ခုလို လုပ်လာတာပါ"

"သတင်းအချက်အလက် ထွန်းကားတဲ့ခေတ်မှာ နည်းမျိုးစုံ ကြိုးစားပြီး ပိတ်မယ်၊ ထိန်းချုပ်မယ် လုပ်လည်း အောင်မြင်မှာ မဟုတ်ပါဘူး" ဟု သူက ပြောသည်။

ယခုအခါ ဗီအိုအေ မြန်မာပိုင်းကလည်း ရုပ်မြင်အစီအစဉ် စတင် ထုတ်လွှင့်ခဲ့ရာ စစ်အစိုးရ အာရုံစိုက် လာကြောင်း ပြည်တွင်း အပတ်စဉ်ထုတ် ဂျာနယ် အယ်ဒီတာတဦးက ယခုလို ပြောသည်။

"ဗီအိုအေ ထပ်လာပြီဆိုတော့ ဒါကို ပစ်မှတ်ထားပုံ ရတယ်။ တနှစ်ကျော်တောင်ရှိပြီ၊ စလောင်းကိစ္စ ငြိမ်နေတာ။ " ဟု သူက ပြောသည်။

မြန်မာ့အလင်း ဆောင်းပါးက "စလောင်းမကြည့်ရရင် နိုင်ငံတကာနဲ့ အဆက်အသွယ် ပြတ်ပါပြီ။ မျက်စိပိတ်၊ နားပိတ် ဖြစ်ကုန်ပါပြီလို့ အော်ချင်ဟစ်ချင်တဲ့ ပုဂ္ဂိုလ်ကျော်များ အတွက် MRTV-4 က အသင့်ရှိနေပါပြီ" ဟု ဆိုကာ ညွှန်းဆိုထားသည်။

MRTV-4 Pay TV အစီစဉ်များတွင် ဆင်ဆာခွင့်ပြုချက် ရထားသော ရုပ်ရှင်၊ National Geographic ၊ Discovery၊ Animal Planet၊ Euro sport စသည့် အစီစဉ်များ ထုတ်လွင့်ပြသပြီး နိုင်ငံခြား ရုပ်ရှင်အများစုကို မြန်မာ စာတမ်းထိုးပေးခြင်း၊ အားကစားများကို နောက်ခံ မြန်မာလို ပြောပေးခြင်းဖြင့် ၀န်ဆောင်မှုပေးသည်။

ဂြိုလ်တုစလောင်းမှတဆင့် နိုင်ငံရေး အမှောင့်ပယောဂပါ ပူးကပ်ပြီး ပစ်မှတ်နိုင်ငံ တနိုင်ငံ၏ ပြည်တွင်းရေး ၀င်ရောက် စွက်ဖက်မှု၊ လူထု ဆူပူအုံကြွအောင် သွေးထိုးလှုံ့ဆော်မှု၊ ညစ်ညမ်း အစီအစဉ်များမှ အမျိုးသားရေး စရိုက်လက္ခဏာ၊ အမျိုးသားရေး စိတ်ဓာတ်ကိုပါ ရိုက်ချိုး ဖျက်ဆီးမှုအထိ ဖြစ်လာစေသည့်အတွက် အမျိုးသား အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ရန် လိုအပ်နေပြီဟုလည်း စာရေးသူ ကျော်ရဲမင်းက ရေးသားထားသည်။

source by : http://www.mizzimaburmese.com/news/inside-burma/2460-2009-02-17-17-04-02.html

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */