စင်္ကာပူက နှင်ထုတ်ခံရသူ မြန်မာအရေးလှုပ်ရှားသူတဦး အင်ဒိုနီးရှားမှာ သောင်တင်နေဆဲ

Saturday, February 21, 2009 ·

မိုးမခ အထောက်တော် ၀၀၃ | မြန်မာအရေးလှုပ်ရှားသူ လူငယ်တဦးဖြစ်သူ ကိုကျော်စိုးသည် စင်္ကာပူတွင် တရားဝင် နေထိုင်ခွင့် သက်တမ်းတိုးအငြင်းခံရပြီး မြန်မာပြည်သို့ အတင်းအကြပ်ပြန်ပို့ရန် အလားလာ များကြောင့် ကုလဒုက္ခသည်အဖြစ် အင်ဒိုနီးရှားရှိ ကုလဒုက္ခသည် ကိုယ်စားလှယ်ရုံး သို့ လျောက်ထားခဲ့ရာ ၂၀၀၈ စက်တင်ဘာလတွင် ဒုက္ခသည်အဖြစ် အသိအမှတ်ခံရပြီး အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာသို့ ပြောင်းရွှေ့ ခိုလှုံနေခဲ့သည်မှာ ယခုဆိုလျင် ၅ လ တာ ရှိပြီ ဖြစ်ကြောင်း သိရသည်။

စင်္ကာပူအာဏာပိုင်တို့သည် ၂၀၀၈ နှစ်ဆန်းကတည်းက စတင်ပြီး မြန်မာအတိုက်အခံ ထောက်ခံသူ များကို ပစ်မှတ်ထားပြီး နိုင်ငံတွင်း နေထိုင်ခွင့် ဗီဇာ လျောက်ထားမှုနှင့် သက်တမ်း တိုးများကို သွယ်ဝိုက် အနှောက်အယှက်ပေးခဲ့ရာ နိုင်ငံမှ အခက်အခဲမျိုးစုံဖြင့် ထွက်ခွာ ခဲ့ရသူ မြန်မာများထဲက တဦး ဖြစ်သည်။

၂၀၀၃ ဒီပဲယင်း အရေးအခင်းကတည်းက စင်္ကာပူရောက် မြန်မာအချို့သည် မြန်မာပြည် အတိုက်အခံအင်အားစုကို ထောက်ခံသော လှုပ်ရှားများကို စတင် ဆောင်ရွက်လာခဲ့ကြရာ စစ်အစိုးရနှင့် နီးစပ်သူ စင်္ကာပူ အာဏာပိုင်တို့၏ စောင့်ကြည့်မှုများ၊ စုံစမ်း ထောက်လှမ်းမှု များကို ခံစားခဲ့ကြသည်ဟု သိရသည်။ ၂၀၀၇ သံဃာအရေးတော်ပုံ၊ ၂၀၀၈ တပ်မတော်အခြေခံဥပဒေ ကန့်ကွက်မဲ လှုပ်ရှားမှု နှင့် ၂၀၀၈ မေ၊ နာဂစ်မုန်တိုင်း အရေးအခင်းတို့တွင် စင်္ကာပူရောက် မြန်မာတို့၏ လှုပ်ရှားမှုနှင့် အင်အားများ တိုးတက်ကြီးထွားလာသဖြင့် နိုင်ငံရေး ပွင့်လင်းမှုကို စင်္ကာပူနိုင်ငံအတွင်းကိုပါ ကူးစက်လာမည်စိုးသဖြင့် တပါတီအာဏာရှင်အဖြစ် လူ့အခွင့်အရေးစောင့်ကြည်သူများက သတ်မှတ်သော စင်္ကာပူအာဏာပိုင်တို့က မြန်မာအရေးလှုပ်ရှားသူ လူငယ်ခေါင်းဆောင်များနှင့် အပေါင်းအပါများကို အရေးယူခဲ့သည်ဟု စောင့်ကြည့်သူတို့က သုံးသပ်သည်။

ကိုကျော်စိုးသည် စင်္ကာပူ တာမာဆပ်ပိုလီကျောင်းဆင်း တဦးဖြစ်သည်။ ကျောင်းသားဘ၀က ကျောင်းကပွဲများတွင် မြန်မာ အငြိမ့်ပွဲ များတွင် ပါဝင်တင်ဆက်သူတဦး ဖြစ်ပြီး ၎င်းတို့ အငြိမ့်က ပြက်လုံးများမှာ မြန်မာစစ်အစိုးရနှင့် မြန်မာသံရုံးတို့ကို ဝေဖန် သရော် သောကြောင့် မြန်မာများအကြား လူသိများ ထင်ရှားခဲ့သည်။ ၂၀၀၅ ခုနှစ် ဒေါ်အောင်ဆန်းစုကြည် နှစ် ၆၀ မွေးနေ့ လှုပ်ရှားမှုများက စတင်ပြီး မြန်မာအမျိုးသားရေး တက်ကြွသူတဦး ဖြစ်လာခဲ့သည်။ မြန်မာသံရုံးနှင့် စင်္ကာပူအာဏာပိုင်တို့၏ အနီးကပ် စောင့်ကြည့်မှုများ အောက်မှ မြန်မာနိုင်ငံရေးလှုပ်ရှားမှုများ တိုးတက်လာခဲ့ရာ အိုးဝေစင်္ကာပူနှင့် ပြည်ပရောက်မျိုးချစ်မြန်မာများ အဖွဲ့တို့မှာ ထင်ရှားလာခဲ့ပြီး ကိုကျော်စိုးက ထိုအသင်းအဖွဲ့များတွင် တက်ကြွစွာ ဆောင်ရွက်ခဲ့သည်ဟု သိရသည်။

ယခုကဲ့သို့ စင်္ကာပူက နှင်ထုတ်ခံရပြီး အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာတွင် ကုလသမဂ္ဂဒုက္ခသည်လက်မှတ်နှင့် ခိုလှုံနေရချိန်တွင် အခြား တိုင်းပြည် များက ဒုက္ခသည်များကဲ့သို့ ကူညီစောင့်ရှောက်မှုများ ထိရောက်စွာ မရကြောင်း၊ နေရေး ထိုင်ရေး အခက်အခဲများ ရှိကြောင်း၊ ယာယီအားဖြင့် လက်ခံထားသော်လည်း မည်သည့်တတိယနိုင်ငသို့ ရွှေ့ပြောင်းရမည်ကိုလည်း အတိအကျသိရရန် စုံစမ်းနေဆဲ ဖြစ်ကြောင်း ၎င်းက မိုးမခသို့ ပြောကြားသည်။

“ကျနော့်ထက် ဒုက္ခရောက်တဲ့သူတွေ အများကြီးပါ။ ရဲဘော်တချို့က ကမ္ဘောဒီးယားကို သွား ခိုလှုံဖို့ ကြိုးစားတယ်။ အဲဒီမှာ ဘာမှ မရှိဘဲ သောင်တင်နေတယ်။ တချို့ရဲဘော်တွေဆိုတာ မြန်မာပြည်ကို အတင်းအကြပ်ပြန်ပို့ ခံလိုက်ရတယ်။ ကျနော်တို့တတွေ အဲဒီတုန်းက လက်တွဲပြီး လုပ်စရာရှိတာတွေ လုပ်ခဲ့ကြတဲ့အကြောင်းတွေ ပြန်စဉ်းစားပြီးတော့ ကျနော် အားတွေ ပြည့်လာပါတယ်။” လို့ သူက ပြောပါတယ်။

ယခုအချိန်မှာ ကုလဒုက္ခသည်ရုံး ကိုယ်စားလှယ် တဦးဦးနှင့် ထပ်မံတွေ့ဆုံရန် စောင့်ဆိုင်းနေသည်ဟု သိရသည်။ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဟယ်လရီကလင်တန် အင်ဒိုနီးရှားရောက်စဉ် အာဏာပိုင်များနှင့် မြန်မာအရေး ဆွေးနွေးသွားခဲ့သည်ဟု သတင်းများတွင် ဖော်ပြထားသည်။

source by : http://moemaka.com/index.php?option=com_content&task=view&id=3298&Itemid=1

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */