ဂီတစာဆိုကြီး ၃ ဦး နှစ် ၁၀၀ ပြည့်ပြီ

Saturday, February 21, 2009 ·

ဇာနည်ဝင်း | ဂန္ထ၀င်မြောက် ဂီတစာဆိုကြီးများ ဖြစ်သည့် ရွှေတိုင်ညွန့်၊ ရွှေပြည်အေး၊ မြို့မငြိမ်းတို့၏ ယခုနှစ်တွင် ကျရောက်သည့် နှစ်တရာပြည့် အထိမ်းအမှတ် စာတမ်း ဖတ်ပွဲကြီးကို ရန်ကုန်တွင် ပြုလုပ်မည်ဟု သိရသည်။

စာတမ်းဖတ်ပွဲကို ရှေ့လအတွင်း ပြုလုပ်မည်ဖြစ်ပြီး ဖျော်ဖြေမှု အစီအစဉ်များလည်း ပါဝင်မည်ဟု မြန်မာနိုင်ငံဂီတအစည်းအရုံးမှ တာဝန်ရှိသူတဦးကို ကိုးကားပြီး ဗုဒ္ဓဟူးနေ့ထုတ် Weekly Eleven ဂျာနယ်တွင် ဖော်ပြထားသည်။

အဆိုပါ ထိပ်ထိပ်ကြဲ ပုဂ္ဂိုလ်ကြီး ၃ ဦးသည် ၁၉၀၉ ခုနှစ်တွင် မွေးဖွားခဲ့သော ဂီတစာဆိုတော်များဖြစ်သည်။

ဂီတစာဆိုကြီးတို့၏ ရာပြည့် အထိမ်းအမှတ် အဖြစ် မန္တလေးမြို့ FM ရေဒီယိုကလည်း ၎င်းတို့ ရေးဖွဲ့ခဲ့သော တေးသီချင်းများကို ယခုလမှ စတင်ပြီး ထုတ်လွှင့်ပေးလျှက်ရှိသည်ဟု သိရသည်။


မြို့မငြိမ်း (၁၉၀၉ - ၁၉၅၅)
မြို့မငြိမ်းသည် မြို့မတူရိယာအသင်းကို တည်ထောင်ခဲ့သူတဦး ဖြစ်ပြီး ခေတ်မီ တိုးတက်သော မြန်မာဂီတ အတီးအမှုတ်သမားများ ပေါ်ထွန်းရေး၊ မြန်မာသံစုံတီးဝိုင်းကြီး ပေါ်ထွန်းရေးကို အစဉ်တစိုက် လုံးပမ်းခဲ့သူဖြစ်သည်။

“မြို့မတူရိယာအသင်း၏ မဟာဂီတ စံမူများကို ဒိုင်ခံ သင်္ကေတ ပြုစုပေးမည့် တဦးတည်းသော ရှားပါးပညာရှင်အဖြစ် ဟိုခေတ်ကပင် အသိအမှတ်ပြု လေးစားခဲ့ကြသည်”ဟု ၎င်း၏ သားဖြစ်သူ ကိုရွှန်းမြိုင်(မြို့မ) ပြုစုသည့် “ကမ္ဘာ့ဂီတ သင်္ကေတ နည်းပညာနှင့် မြန်မာ့မဟာဂီတ မြန်မာသီချင်း” စာအုပ်တွင် ဖော်ပြထားသည်။

“ဆရာငြိမ်း၏ သက်ဝေ၊ တချစ်ထဲချစ်၊ သခွပ်ပန်း၊ ဒေါင်းစက်ယဉ် တို့သည် မြင်းခင်းတော်၊ နန်းမြို့တော်၊ နတ်ရှင်နောင်၊ လက်ဝဲသုန္ဒရ စသည့် သီချင်းများနှင့်အတူ ကြာရှည် တည်မည့် ခေတ်သီချင်း (Modern classics) များ ဖြစ်နေပါလိမ့်မည်” ဟု လူထုဒေါ်အမာ၏ ပြည်သူချစ်သော အနုပညာသည်များ စာအုပ်တွင် မှတ်တမ်းတင်ထားသည်။

မန္တလေးဇာတိ မြို့မငြိမ်းသည် ပန်းချီ၊ ပန်းပု၊ ဂီတ စွယ်စုံကျွမ်းကျင်သော အနုပညာသည်ဖြစ်သည်ဟု ဒေါ်အမာက ရေးသားထားသည်။

ရွှေပြည်အေး (၁၉၀၉ - ၁၉၇၇)
ရွှေပြည်အေးသည် ခေတ်သစ် မြန်မာ့ဂီတကို ရှေ့ဆောင်ခဲ့သူတဦး ဖြစ်ပြီး ကာလပေါ် သီချင်းများ စပ်ဆိုရာ၌ ကျော်ကြားခဲ့သည်။ သီချင်းများကို ရေးဟန်မျိုးစုံဖြင့် ရေးဖွဲ့ခဲ့သူဖြစ်ပြီး ထင်ရှားသော သီချင်းများမှာ ကျေးစေတမန်၊ နန်းကေသီ၊ ချစ်မိုးစွေ၊ ရွှေလည်တိုင်၊ ခြင်းလုံး၊ ရွှေအိုးစည်၊ နားပန်းဆံ၊ ဗွေးတုတ်၊ ဥတုသုံးလီ၊ စိမ်း နှင့် စိမ်းသင့်မှစိမ်း စသည်တို့ ဖြစ်သည်။

“ရွှေပြည်အေးသည် အသံတိတ်၊ အသံထွက်ကားများတွင် ရုပ်ရှင် နောက်ခံ တေးများ ရေးစပ်သူ ဂီတပညာရှင် အဖြစ် နှစ်ကြာရှည်စွာ ရပ်တည်ခဲ့ရာ၊ လွတ်လပ်ရေးခေတ်မှ ၁၉၆ဝ ပြည့်နှစ်စွန်းကာလများအထိ ရုပ်ရှင်ဂီတခေတ်သည် ရွှေပြည်အေးခေတ်ဟု ခေါ်လျှင် မှားမည်မဟုတ်ကြောင်း” စန္ဒရား လှထွဋ်၏ မြန်မာ့ဂီတရေစီးကြောင်း စာအုပ်ကို ကိုးကားပြီး အလင်္ကာဂီတဂျာနယ်၏ အင်တာနက် စာမျက်နှာတွင် ဖော်ပြထားသည်။


ရွှေတိုင်ညွန့် (၁၉၀၉ - ၁၉၄၅)
ရွှေတိုင်ညွန့်သည် ရန်ကုန်မြို့ဇာတိ ဖြစ်သည်။ သူစပ်ဆိုသော သီချင်း များတွင် သူ၏အမည်ကို ထည့်သွင်း ရေးဖွဲ့လေ့ရှိသည်၊ သူ၏ လှေကလေး၊ ရှေးရေစက်၊ ဟေ၀န်နန်း၊ မိန်းမမြတ် သီချင်းများသည် အနောက်တိုင်း သီချင်းသံနှင့် စပ်ဆို ထားသည်ဟု မြန်မာ့ စွယ်စုံကျမ်းတွင် ဖော်ပြထားသည်။

တူရိယာမျိုးစုံကို နိုင်နိုင်နင်းနင်း တီးတတ်သူဖြစ်ပြီး သီချင်းကိုလည်း ပိုင်နိုင်စွာ သီဆိုတတ်သူ ပညာရှင်တဦးဖြစ်ကြောင်း၊ တနှစ်လျှင် သီချင်းပုဒ်ရေ ၈၀ ကျော် ရေးသား စပ်ဆိုခဲ့သူဖြစ်ကြောင်း သိရသည်။

ဒုတိယကမ္ဘာစစ် မဖြစ်မီက ထင်ရှားသော သီချင်း အများစုမှာ ရွှေတိုင်ညွန့်၏ သီချင်းများ ဖြစ်သည်ဟု မြန်မာနိုင်ငံ ဘာသာပြန် စာပေအသင်း က ထုတ်ဝေသည့် မြန်မာ့စွယ်စုံကျမ်းက ဆိုသည်။

source by : http://www.irrawaddy.org/bur/index.php?option=com_content&view=article&id=740:2009-02-20-10-06-12&catid=1:news&Itemid=2

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */