ဝတွေကို မှတ်ပုံတင် ထုတ်ပေး

Saturday, February 28, 2009 ·

ကိုစိုး | ရှမ်းပြည်နယ် အရှေ့ပိုင်း ကျိုင်းတုံခရိုင်ရှိ ဝတိုင်းရင်းသားများကို အစိုးရ လူဝင်မှုကြီးကြပ်ရေးဌာန (လဝက) အရာရှိများ က နိုင်ငံသားကတ်များ ပြုလုပ်ပေးနေကြောင်း ဒေသခံများက ပြောသည်။

ဖေဖော်ဝါရီလမှ စတင်၍ အသက် ၁၈ နှစ်ပြည့်ပြီးသူများကို ပြုလုပ်ပေးခြင်းဖြစ်ကြောင်း၊ လွန်ခဲ့သည့် နှစ် မေလက ကျင်းပသည့် ဖွဲ့စည်းပုံအခြေခံဥပဒေသစ်ဆန္ဒခံယူပွဲ ဆန္ဒမဲပေးရန်အတွက်ပြုလုပ်ပေးထားသော ယာယီနိုင်ငံသား ကတ်များကို ပြန်လည်၍ အစားထိုး ပြုလုပ်ပေးခြင်းဖြစ်ကြောင်း၊ ၀ ပြည်သွေးစည်းညီညွတ်ရေး တပ်မတော်(UWSA) အဖွဲ့ဝင်များအပါအ၀င် ၀ တိုင်းရင်းသား များကို ပြုလုပ်ပေးခြင်းဖြစ်ကြောင်း ဒေသခံ ကြက်ခြေနီတပ်ဖွဲ့ဝင်တဦးက ပြောပြသည်။

လက်ရှိတွင် UWSA တပ်ဖွဲ့ဝင်များသည် အမြဲတမ်းနိုင်ငံသား ကတ်များ ရရှိပြီးဖြစ်သည်ဟုလည်း ဆိုသည်။

တရုတ်-မြန်မာ နယ်စပ် အနီးရှိ UWSA ဌာနချုပ် ပန်ဆန်းမြို့နှင့် နီးသော မိုင်းပေါက် အပါအ၀င် မိုင်းပန်၊ မိုင်းယန်း မြို့များသို့ လ၀က အရာရှိများနှင့် ကြံ့ဖွံ့အဖွဲ့ဝင်များက သွားရောက် ပြုလုပ်ပေးကြောင်း သိရသည်။

တချိန်တည်းတွင်ပင် စစ်အစိုးရ စစ်တပ်နှင့် UWSA တပ်ဖွဲ့အကြား တင်းမာမှုများလည်းဖြစ်ပေါ်နေခဲ့သည်။ ယင်းတင်းမာမှုမှာ မူးယစ်မှောင်ခို ကုန်ကူးသူ အိုက်ဟော့ဆိုသူအား မြန်မာအာဏာပိုင်များက လွှဲပြောင်းပေးရန် တောင်းဆိုမှုကို UWSA က ငြင်းဆိုခြင်းကြောင့် ဖြစ်သည်ဟု ဆိုသည်။

UWSA က အိုက်ဟော့ ကို ပန်ဆန်း ဌာနချုပ်တွင် ထားရှိပြီး ကာကွယ်ထားသည်ဟု မြန်မာအာဏာပိုင်များက ယူဆနေကြောင်းလည်း သိရသည်။

ပြီးခဲ့သည့် ဇန်န၀ါရီလလယ်က စတင်၍ မြန်မာဘက်က အင်အား ၂၀၀၀ ခန့်ရှိ စစ်တပ်များကို မိုင်းပင်၊ မိုင်းရှုး ၊ တန်ယန်း ၊ ကွန်လုံ စသည့် ဒေသများတွင် ဖြန်ချထားသည်ဟု သျှမ်းသံတော်ဆင့် သတင်းဌာန၏ အဆိုအရ သိရသည်။

source by : http://www.irrawaddy.org/bur/index.php?option=com_content&view=article&id=770:2009-02-27-11-53-55&catid=1:news&Itemid=2

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */