ထိုင်းမြောက်ပိုင်းတွင် လေထုညစ်ညမ်း

Saturday, February 28, 2009 ·

ဧရာဝတီ | ထိုင်းနိုင်ငံ မြောက်ပိုင်းတွင် လေထုညစ်ညမ်းမှု ဖြစ်ပေါ်နေသောကြောင့် ဒေသခံ ပြည်သူများ အနေဖြင့် နေအိမ်ပြင်ပသို့ ထွက်ရှိပါက နှာခေါင်းစည်းများစည်း၍ ထွက်ရန် ထိုင်းပြည်သူ့ ကျန်းမာရေးဌာနက သတိပေးထားသည်။


ဖေဖော်ဝါရီ လလယ်က ချင်းမိုင်မြို့တွင် မီးခိုးမြူမှုန်များ ကျနေစဉ် (ဓာတ်ပုံ - TNA)
ချင်းမိုင်မြို့ အပါအ၀င် ထိုင်းနိုင်ငံ မြောက်ပိုင်းရှိ လမ်းပန်း၊ လမ်းဖုန်း၊ ချင်းရိုင်၊ ဖယောင် မြို့များ၏ ကောင်းကင် လေထုထဲ တွင် တောမီးရှို့မှုမှ ဖြစ်ပေါ်လာသော မီးခိုးမှုန်များသည် ကျန်းမာရေး ထိခိုက်နိုင်သည့် PM-10 အဆင့် ကို ကျော်လွန် ပါဝင်နေသည်ဟု ဆိုသည်။

PM-10 အဆင့်သည် ၁၂၀ မိုက်ခရိုဂရမ် (၁ ကုဗမီတာ) အထက်ရှိပြီး ကျန်းမာရေး ထိခိုက်စေနိုင်သော အဆင့် ဖြစ်ကြောင်း၊ ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က တိုင်းထွာချက်အရ ယင်းမီးခိုးမှုန်များမှာ ချင်းမိုင်တွင် ၁၂၉ မိုက်ခရို ဂရမ်ရှိပြီး လမ်းပန်းတွင် ၂၀၁ မိုက်ခရိုဂရမ် ရှိကြောင်း သိရသည်။

အဆိုပါ မီးခိုးပြာမှုန်များ ကောင်းကင်လေထုထဲ ရောက်ရှိရခြင်းမှာ လယ်ကွင်းများ၊ တောင်ယာများကို ကျေးရွာ သားများက မီးရှို့မှုကြောင့်နှင့် တောမီးလောင်မှုများ ကြောင့်လည်း ဖြစ်သည်ဟု ဆိုသည်။

ဖေဖော်ဝါရီလ ပထမ ၃ ပတ်အတွင်းတွင် လမ်းပန်းတမြို့တည်း၌ ကလေးသူငယ် အများဆုံးပါဝင်သော လူပေါင်း ၃၀၀၀ ကျော် အသက်ရှု လမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်ပွားသည့်အတွက် ဒေသခံများ ပြင်ပထွက်လျှင် နှာခေါင်း စည်းများစည်းရန် ကျန်းမာရေးဌာနက သတိပေးထားခြင်းဖြစ်သည်ဟု ယမန်နေ့ကထုတ်ဝေသည့် ဘန်ကောက်ပို့စ် သတင်းစာတွင် ရေးသားထားသည်။

ချင်းမိုင်ခရိုင် တောမီးငြိမ်းသတ်ရေး အဖွဲ့အကြီးအကဲ ဆူရာပိုးလ် လီးလာဗာရိုဖတ်စ်က ယခုနှစ်ဆန်းမှ စ၍ တောမီးလောင်မှု ၁၁၁ ကြိမ် ဖြစ်ပွားခဲ့ကြောင်း ပြောသည်ဟု TNA သတင်းကလည်း ဖော်ပြသည်။

ထိုင်းနိုင်ငံရှိ ခရိုင် ၁၉ ခု ကောင်းကင်တွင် လေထု ညစ်ညမ်းမှုဖြစ်ပေါ်နေကြောင်း သဘာဝဘေး အန္တရာယ် ကာ ကွယ်ရေးဌာနက လွန်ခဲ့သည့် အပတ်အတွင်း အစီရင်ခံစာတစောင် ထုတ်ပြန်ထားပြီး နိုင်ငံတ၀န်းတွင် အရေးပေါ် ကယ်ဆယ်ရေးဌာနများ စီစဉ်ထားကြောင်း သိရသည်။

ထိုင်း မိုးလေ၀သနှင့် ဇလဗေဒ ဌာန ညွှန်ကြားရေးမှူး ဆုမ်ချိုင်း ဘိုင်မောင်း ကလည်း ထိုင်းနိုင်ငံမြောက်ပိုင်းနှင့် အရှေ့မြောက်ပိုင်း ခရိုင်များတွင် လာမည့် ဧပြီလအတွင်း အပူချိန် မြင့်မားမည်ဟု ယူဆရကြောင်းနှင့် အပူချိန် သည် ၄၂ ဒီဂရီစင်တီဂရိတ် အထိမြင့်မားနိုင်ကြောင်း သတိပေးပြောကြားထားသည်။

source by : http://www.irrawaddy.org/bur/index.php?option=com_content&view=article&id=767:2009-02-27-08-43-50&catid=1:news&Itemid=2

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */