၈၈ မျိုးဆက် ၁၃ ဦးကို နယ်ထောင်များပို့

Saturday, February 07, 2009 ·

ကိုဝိုင်း | ချင်းမိုင် (မဇ္ဈိမ) ။ ။ ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့ဝင် ၁၃ ဦးကို အင်းစိန်ထောင်မှ နယ်ထောင်များသို့ ယမန်နေ့ညက စတင်၍ လျို့ဝှက်စွာ ပို့ဆောင်နေခဲ့ကြောင်း စုံစမ်းသိရှိရသည်။

ကိုဇော်ထက်ကိုကို၊ ကိုစောမျိုးမင်းလှိုင် (ခေါ်) ဂျိမ်း၊ ကိုသော်ဇင်ထွန်း၊ ကိုသိန်းသန်းထွန်း (ခ) စမ်းချောင်း ကိုကိုကြီး၊ ကိုအောင်သိုက်စိုး (ခေါ်) အောင်ကြီး၊ ကိုချစ်ကိုလင်း၊ ကိုကြသန်း၊ မနွဲ့နှင်းရီ (ခ) နိုးနိုး၊ ဒေါ်စန်းစန်းတင်၊ မသရဖီသိမ့်သိမ့်ထွန်း၊ မအေးသီတာ၊ မလေးလေးမွန်၊ မနှင်းမေအောင် (ခ) နိုဘယ်လ်အေး တို့ကို ရန်ကုန်မြို့ အင်းစိန်ထောင်မှ နယ်ဝေးသို့ တနေရာစီခွဲကာ ပို့လိုက်ခြင်းဖြစ်သည်။

(၁) ဇော်ထက်ကိုကို-ကျောက်ဖြူထောင်

(၂) စောမျိုးမင်းလှိုင် (ခေါ်) ဂျိမ်း- သထုံထောင်

(၃) သော်ဇင်ထွန်း- ရမည်းသင်းထောင်

(၄) သိန်းသန်းထွန်း (ခေါ်) စမ်းချောင်းကိုကိုကြီး-သံတွဲထောင်

(၅) အောင်သိုက်စိုး (ခေါ်) အောင်ကြီး- မန္တလေးထောင်၊

(၆) ကိုချစ်ကိုလင်း- ပခုက္ကူထောင်

(၇) ကိုကြည်သန်း- ဖျာပုံထောင်

(၈) မနွဲ့နှင်းရီ (ခေါ်) နိုးနိုး- မအူပင်ထောင်

(၉) ဒေါ်စန်းစန်းတင်- မိတ္ထီလာထောင်

(၁၀) မသရဖီသိမ့်သိမ့်ထွန်း- ပြည်ထောင်

(၁၁) မအေးသီတာ- ဟင်္သာတထောင်

(၁၂) မလေးလေးမွန်-ရွှေဘိုထောင်

(၁၃) မနှင်းမေအောင် (ခေါ်) နိုဘယ်အေး- မုံရွာထောင် တို့ဖြစ်သည်။

၂၀၀၇ ခုနှစ်အတွင်း လောင်စာဆီဈေးနှုန်းများ ရုတ်တရက်မြင့်တက်လိုက်ပြီးသည့်နောက် ဆန္ဒပြပွဲများတွင် ပါဝင်ခဲ့ရာ သူတို့အားလုံး အဖမ်းခံခဲ့ရပြီး နှစ်ရှည်ထောင်များ ချမှတ်ခံခဲ့ရသည်။

ထို့အပြင် ပဲခူးထောင်မှ အင်းစိန်ထောင်သို့ ရောက်လာသော ကိုခင်မောင်ဝင်းအား ယခုလ (၁) ရက်နေ့တွင် အင်းစိန်ထောင်မှ မြောင်းမြထောင်သို့ ပြောင်းရွှေ့လိုက်ပြီးဖြစ်သည်။ ၎င်းသည် တောင်ဒဂုံတရားရုံးမှ ယခင်လ (၅) ရက်နေ့တွင် ပုဒ်မ ၁၃ (၁)၊ ပုဒ်မ (၆) တို့ဖြင့် ထောင် (၁၀) နှစ်ချခံထားရသူဖြစ်သည်။

တောင်ငူမှ ရွှေသံစဉ်တီးဝိုင်း ဂီတမှူး ကိုဝင်းမော်၊ အင်းစိန်ထောင်မှ ကိုဇော်မင်း၊ ပဲခူးထောင်မှ ကိုအောင်ဇော်ဦး (HRDP ) တို့ (၃) ဦးကို အမှုသစ်ပြန်တွဲ၍ အင်းစိန်ထောင်တွင်းအထူးတရားရုံး၌ ယနေ့ ရုံးထပ်ထုတ်သည်။

ထို့အပြင် အင်းစိန်ထောင် အထူးတရားရုံးက ထောင်ဒဏ် (၃၅) နှစ်ချမှတ်ခြင်းခံရပြီး ဟင်္သာတထောင်သို့ ပြောင်းရွှေ့ခံခဲ့ရသူ ဆရာတော် ဦးကေလာသ သည် သိက္ခါချခြင်းမရှိသေးသောကြောင့် ပုဆိုးအား သင်းပိုင်လုပ်၍ စည်းထားသည်ကို ဧရာဝတီ တိုင်း အကျဉ်းဦးစီး ညွှန်ကြားရေးမှူး ဦးတင်ထွန်းက အပြစ်ရှာ၍ ယခင်လ (၂၈) ရက် ညနေတွင် ထောင်ကျတဦးအား ရိုက်ခိုင်း ခဲ့သည်သာမက သူကိုယ်တိုင် ခြေထောက်ဖြင့် ကန်၊ လက်သီးဖြင့် ထိုးခဲ့ကြောင်း ဟင်္သာတမြို့ခံများကပြောသည်။

source by : http://www.mizzimaburmese.com/news/inside-burma/2394-2009-02-06-12-52-35.html

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */