ဒေါ်စု ကျန်းမာရေးကောင်းမွန်၊ တရားဥပဒေ စိုးမိုးရေး လိုလား

Wednesday, February 04, 2009 ·

သန်းထိုက်ဦး | ချင်းမိုင် (မဇ္ဈိမ)။ ။ နေအိမ်အကျယ်ချုပ် ကျခံနေရဆဲ ဒေါ်အောင်ဆန်းစုကြည်သည် ကျန်းမာရေး ကောင်းမွန်လျက်ရှိပြီး နိုင်ငံတွင်း တရားဥပဒေ စိုးမိုးရေးသည် အဓိကအချက်ဖြစ်သည်ဟု ထုတ်ဖော် ပြောဆို လိုက်သည်။

ယမန်နေ့က အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ၅ ဦးနှင့် ဒေါ်အောင်ဆန်းစုကြည် ရန်ကုန်ရှိ အစိုးရဧည့်ဂေဟာ စိမ်းလဲ့ကန်သာတွင် ၁၅ မိနစ်အကြာ တွေ့ဆုံခွင့်ရချိန်၌ သူမက ပါတီခေါင်းဆောင်များကို ပြောဆိုခဲ့ခြင်းဖြစ်သည်။

"တစ်အချက် ဒေါ်စု ကျန်းမာတယ်ဆိုတဲ့ သတင်းစကားပဲ။ ဒုတိယအချက်က ပါတီတွင်း အခြေအနေတွေပေါ့ဗျာ။ အဲဒါတွေနဲ့ ပတ်သက်ပြီးတော့ ဒေါ်စုက ကျနော်တို့ CEC (ဗဟိုအလုပ်အမှုဆောင်) ရဲ့ နောက်ဆုံး ရပ်တည်ချက်၊ နိုင်ငံရေး ရပ်တည်ချက်တွေ၊ နိုင်ငံရေး သဘောထားတွေ၊ နိုင်ငံရေး ခံယူချက်တွေ၊ နိုင်ငံရေး သမိုင်းတွေကို ဒေါ်စုက ထောက်ခံတယ်လို့ ပြောလိုက်တယ်'' ဟု ပါတီခေါင်းဆောင်တဦးဖြစ်သူ ဦးဝင်းတင်က မဇ္ဈိမကို ပြောပြသည်။

သူက ဆက်ပြီး ''နောက်ဆုံးပိတ် သုံးအချက်ကတော့ ဒေါ်စုက သတင်းစကားလေး ပြောလိုက်တယ်။ ကျမတို့ တိုင်းပြည်မှာ အရေးအကြီးဆုံး ဖြစ်နေတဲ့ အချက်ဟာ ဘာလဲဆိုတော့ တရားဥပဒေ စိုးမိုးမှုပေါ့ဗျာ။ ဒါကို ဒေါ်စုက ထောက်ပြတယ်။ ဒါ ကျမတို့အားလုံး လုပ်ရမယ့် အဓိက အချက်ပဲတဲ့" ဟု ပြောသည်။

ပါတီခေါင်းဆောင်များ သီးသန့်တွေ့ဆုံပြီးနောက် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များဖြစ်သည့် ဦးအောင်ရွှေ၊ ဦးသန်းထွန်း၊ သခင်စိုးမြင့်၊ ဦးညွန့်ဝေ၊ ဦးလှဖေနှင့် ဒေါ်အောင်ဆန်းစုကြည်တို့သည် ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာဂမ်ဘာရီနှင့် တနာရီခွဲခန့်ကြာ ဆွေးနွေးခဲ့ကြသည်။

ကုလသံတမန်ကြီးအား နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရေး၊ အခြေခံဥပဒေကို ပြန်လည်ဆန်းစစ်မှု ပြုပေးရေး၊ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲရလဒ် အသိအမှတ်ပြုပေးရေးနှင့် ပါလီမန်ဖွဲ့စည်းရေးအတွက် မြန်မာစစ်အစိုးရအား ဖိအားပေးသွားရန် တောင်းဆိုခဲ့ကြသည်။

မစ္စတာဂမ်ဘာရီသည် မြန်မာနိုင်ငံသို့ ၄ ရက်ကြာ ခရီးစဉ်အဖြစ် ဇန်န၀ါရီလ ၃၁ ရက်နေ့မှ စတင် ရောက်ရှိခဲ့ရာ၊ မြန်မာနိုင်ငံခြားရေး ၀န်ကြီး ဦးဉာဏ်ဝင်း၊ ရန်ကုန်ရှိ ကုလသမဂ္ဂရုံး အရာရှိများနှင့် စတင်၍ တွေ့ဆုံခဲ့သည်။

နောက်ရက်များတွင် ဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည်၊ ပြန်ကြားရေးဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဆန်း၊ ကျန်းမာရေးဝန်ကြီး ဒေါက်တာ ကျော်မြင့်၊ ဆန္ဒခံယူပွဲကျင်းပရေး ကော်မရှင်၊ စစ်အစိုးရ ကျောထောက်နောက်ခံ ပေးထားသည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး အသင်းတို့အပြင် ရန်ကုန်ရှိ သံတမန်များအား တွေ့ဆုံခဲ့သည်။

ယနေ့ ခရီးစဉ် နောက်ဆုံးရက်တွင် စစ်အစိုးရ၀န်ကြီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး သိန်းစိန်နှင့် တွေ့ဆုံကာ ရန်ကုန်မြို့မှ ပြန်လည် ထွက်ခွာသွားပြီဖြစ်သည်။

source by : http://www.mizzimaburmese.com/news/inside-burma/2366-2009-02-03-11-48-53.html

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */