ဂမ္ဘာရီ မြန်မာပြည်ခရီးစဉ် အဆုံးသတ်

Wednesday, February 04, 2009 ·

မုံပီး | နယူးဒေလီ (မဇ္ဈိမ)။ ။ ကုလသမဂ္ဂ အထူးသံတမန် အီဗရာဟင် ဂမ်ဘာရီသည် သူ၏ စစ်အစိုးရ အုပ်စိုးနေသော မြန်မာနိုင်ငံသို့ သွားရောက်ခဲ့သည့် ၄ ရက်ကြာ ခရီးစဉ်ကို အင်္ဂါနေ့က အဆုံးသတ်လိုက်ပြီ ဖြစ်သည် ဟု သတင်းရပ်ကွက်များက ပြောကြားပါသည်။

မစ္စတာဂမ်ဘာရီ၏တာဝန်မှာ တွေ့ဆုံဆွေးနွေးမှုမှတဆင့် အမျိုးသားပြန်လည်သင့်မြတ်ရေးရရှိရန် တွန်းဆော်ပေးရေး ဖြစ်သော်လည်း မြန်မာဝန်ကြီးချုပ်ဦးသိန်းစိန်နှင့်တွေ့ဆုံအပြီးတွင် ဘာမှအကျိုးရလဒ်မရှိဘဲ ဒလက်ဗလာသက်သက် ဖြင့် အင်္ဂါနေ့ကသူ၏ခရီးစဉ်ကို အဆုံးသတ်လိုက်ရပြီဖြစ်သည်ဟု အဆိုပါသတင်းရပ်ကွက်ကဖြည့်စွက်ပြောကြားပါ သည်။

"သူ့တာဝန်ဘာမှမအောင်မြင်ဘဲ ဒလက်ချည်းဗလာသက်သက်ဒ ပြန်သွားရပြီလို့ ကျနော်ပြောရမှာဘဲ" ဟု ဂမ်ဘာရီ ၏ခရီးစဉ်ကို စောင့်ကြည့် လေ့လာနေသော အဆိုပါသတင်းရပ်ကွက်က မဇ္ဈိမကိုပြောကြားပါသည်။

နိုင်ဂျီးရီးယားလူမျိုးသံတမန်ကြီး၏တာဝန်မှာ အားလုံးပါဝင်သောနိုင်ငံရေးပြုပြင်ပြောင်းလဲမှုလုပ်ငန်းများ ကို အကောင် အထည်ဖော်ရန်နှင့် စီးပွါးရေးဆွေးနွေးပွဲ (ဖိုရမ်) တရပ်ထူထောင်ရေးအတွက် အတိုက်အခံခေါင်းဆောင် ဒေါ်အောင် ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသား ၂ဝဝဝ ကျော်ကိုလွှတ်ပေးရေးကိစ္စ မြန်မာစစ်ခေါင်းဆောင်များအား နားချရန်ဖြစ်သည်။

ကမ္ဘာ့ကုလသမဂ္ဂပြဿဿနာဖြေရှင်းရေးသမားကြီးသည် သူ၏ခရီးစဉ်အတွင်း နိုင်ငံခြားရေးဝန်ကြီး ဦးဥာဏ်ဝင်း အပါ အဝင် စစ်အစိုးရဝန်ကြီးအများအပြား၊ စစ်အစိုးရလိုလားသောအဖွဲ့အစည်းများဖြစ်သည့် ယခင်ကျောင်းသား ခေါင်းဆောင်ဟောင်း ကိုအေးလွင်ခေါင်းဆောင်သည့် ၈၈ မျိုးဆက်သစ်လူငယ်နှင့်ကျောင်းသားအဖွဲ့ (ပြည်ထောင်စု မြန်မာနိုင်ငံ) နှင့် ၂ဝ၁ဝ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန်လှုပ်ရှားနေသော အခြားအဖွဲ့အစည်းအများ အပြားကိုတွေ့ဆုံခဲ့ပါသည်။

စစ်အစိုးရဝန်ကြီးများနှင့်တွေ့ဆုံကာအဆုံးသတ်ခဲ့ရသော သူ၏ခရီးစဉ်အတွင်း အရေးအပါဆုံးဖြစ်ရပ်မှာ ထိန်းသိမ်းခံ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် သူမ၏ပါတီမှ ဗဟိုအလုပ်အမှုဆောင်ကော်မတီ (CEC) များနှင့် တွေ့ဆုံ ဆွေးနွေးနိုင်ခဲ့ခြင်းဖြစ်ပါသည်။

မစ္စတာဂမ်ဘာရီသည် နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်နှင့် သူမပါတီ NLD ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်များကို ရန်ကုန်မြို့ရှိအစိုးရဧည့်ဂေဟာတွင် ပထမဆုံးအကြိမ်အဖြစ် အတူတကွတွေ့ဆုံနိုင်ခဲ့ပါသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ခေါင်းဆောင်များကသူတို့၏မူဝါဒများနှင့်စပ်လျဉ်း၍ မိမိတို့၏ရပ်တည်ချက် ယခင်အတိုင်း မပြောင်းမလဲရှိကြောင်း မစ္စတာဂမ်ဘာရီကိုပြောကြားခဲ့သော်လည်း တစုံတရာအကြောင်းပြန်ကြား ပြောဆိုခဲ့ခြင်းမရှိဟု NLD ၏ ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက မဇ္ဈိမကိုပြောကြားပါသည်။

"ဒီခရီးစဉ်နဲ့ပတ်သက်လို့သုံးသပ်ပြောကြားဘို့၊ ခရီးစဉ်မအောင်မြင်ဘူးလို့ နိဂုံးချုပ်ကောက်ချက်ချဘို့ဆိုတာ စောပါ သေးတယ်၊ ကုလသံတမန် ကလဲ ကျနော်တို့ကိုဘာမှကတိပေးသွားတာမဟုတ်ပါဘူး၊ သူကကျနော်တို့ခေါင်းဆောင် တွေပြောတာကို နားထောင်ရုံနားထောင်သွားတာပါ" ဟု ဦးဥာဏ်ဝင်းကပြောပါသည်။

NLD ခေါင်းဆောင်များက ထိုသို့တွေ့ဆုံစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရေး၊ ဖွဲ့စည်းပုံအခြေခံဥပဒေသစ်ကို ပြန်လည်သုံးသပ်ရေး နှင့် ၁၉၉ဝ ရွေးကောက်ပွဲရလဒ်ကို လက်ခံအသိ အမှတ်ပြုရေးကိစ္စများသည် မြန်မာစစ်ခေါင်းဆောင်များနှင့်သူတို့တွေ့ဆုံနိုင်ရန်အတွက် အနိမ့်ဆုံးစည်းကမ်းချက်များ ဖြစ်ကြောင်းဖြင့် ထပ်လောင်း အတည်ပြုပြောကြားလိုက်ကြပါသည်။

ထိုသို့တွေ့ဆုံစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်ကလည်း မြန်မာနိုင်ငံ၏ပျက်စီးကျဆုံးနေသော တရားရေးစနစ် နှင့် စပ်လျဉ်း၍ သူစိုးရိမ်ပူပန်မိကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါသည်။ "မြန်မာနိုင်ငံမှာ တရားဥပဒေစိုးမိုးမှုမရှိဘူးဆိုတာ ကို သင့်တော်တဲ့ တရားစီရင်မှုမရှိဘဲ နှစ်ရှည်ထောင်ဒဏ်တွေပေးတာက ထင်ထင်ရှားရှားပြသနေပါတယ်" ဟု ဒေါ်စု ကပြောကြားခဲ့ကြောင်း ဦးဥာဏ်ဝင်းကပြောပါသည်။

မစ္စတာဂမ်ဘာရီသည် အင်္ဂါနေ့တွင် မြန်မာစစ်အစိုးရ၏ တောတွင်းတွင်တည်ဆောက်ထားသော မြို့တော်သစ် နေပြည်တော်သို့ သွားရောက်လိမ့်မည်ဟု တနင်္လာနေ့က ကောလဟလများထွက်ပေါ်ခဲ့သော်လည်း ယနေ့တနေ့လုံး ရန်ကုန်မြို့တွင်သာရှိနေပြီး လာမည့် ရွေးကောက်ပွဲတွင်ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန်လှုပ်ရှားနေကြသည့် စစ်အစိုးရလိုလား သောအဖွဲ့အစည်းအများအပြားနှင့်သာ တွေ့ဆုံခဲ့ရပါသည်။

NLD ကသဘောတူညီချက်မပေးခဲ့သဖြင့် စီးပွါးရေးဆွေးနွေးပွဲ (economic forum) တရပ်တည်ထောင်ရေးကိစ္စ မယ်မယ်ရရ ရလဒ်တခုကို မစ္စတာဂမ်ဘာရီရမသွားခဲ့ကြောင်းဖြင့် ရန်ကုန်မြို့ရှိသတင်းရပ်ကွက်ကပြောပါသည်။

"စီးပွါးရေးဖိုရမ်နဲ့ပတ်သက်လို့ မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ လက်ရှိစီးပွါးရေးအခြေအနေကိုဖော်ပြတဲ့ သတင်းအချက်အလက် ကျနော်တို့မှာ ဘာမှမရှိတာမို့ ဒီကိစ္စမှာ သဘောထားပေးစရာဘာမှမရှိပါဘူးလို့ NLD ခေါင်းဆောင်တွေက ပြောခဲ့ပါတယ်" ဟု ဦးဥာဏ်ဝင်းကပြောပါသည်။

source by : http://www.mizzimaburmese.com/news/inside-burma/2368-2009-02-03-14-45-41.html

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */