ဒေါ်စုနှင့် ဂန်ဘာရီ အကျဉ်းသားလွတ်မြောက်ရေး ဆွေးနွေး

Tuesday, February 03, 2009 ·

ဧရာဝတီ | နေအိမ် အကျယ်ချုပ် ကျခံနေရဆဲ ဒေါ်အောင်ဆန်း စုကြည် အပါအ၀င် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ခေါင်းဆောင် ၆ ဦးတို့က ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးအရာရှိ မစ္စတာ အီဗရာဟင် ဂန်ဘာရီ နှင့် ယနေ့နံနက်ပိုင်းက အစိုးရ ဧည့်ဂေဟာ၌ တွေ့ဆုံရာ တွင် နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးရန် တောင်းဆိုဆွေးနွေးခဲ့ကြောင်း သိရသည်။


မစ္စတာ ဂန်ဘာရီနှင့် နိုင်ငံရေး အကျဉ်းသား လွတ်မြောက်ရေး ဆွေးနွေးသည့် ဒေါ်အောင်ဆန်းစုကြည့် (ဓာတ်ပုံ - အေအက်ဖ်ပီ)
နံနက် ၁၀ နာရီခန့်က အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်(စီအီးစီ) များနှင့် မစ္စတာ ဂန်ဘာရီတို့ အချိန် ၁ နာရီ ခွဲခန့် အကြာတွေ့ဆုံရာတွင် နိုင်ငံရေး အကျဉ်းသား အားလုံး လွှတ်ပေးရေးနှင့် ပတ်သက်ပြီး ဦးစား ပေး ဆွေးနွေးခဲ့သည်ဟု အန်အယ်လ်ဒီ ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဉာဏ်ဝင်း က ပြောသည်။

“မစ္စတာဂန်ဘာရီက မစ္စတာ ဘန်ကီမွန်း မြန်မာပြည်ကို လာချင်တယ်၊ သိသာထင်ရှားတဲ့ အကျိုးရလဒ် အနေနဲ့ အဖွဲ့ချုပ်က တောင်းဆို ထားတဲ့ အချက် ၄ ချက်ထဲက ဘယ်အချက်နဲ့ ဆိုရင် သိသာမြင်သာတဲ့အချက်လို့ ဆိုနိုင် မလဲ ဆိုတဲ့ မေးခွန်းကို မေးပါတယ်၊ အဖွဲ့ချုပ် အနေနဲ့ကတော့ နံပါတ် ၁ အချက်ဖြစ်တဲ့ နိုင်ငံရေးအကျဉ်းသား အားလုံး လွှတ်ပေးရေး ၊ အဲဒီလို လွှတ်ပေးလို့ရှိရင် သိသာထင်ရှားတဲ့ တိုးတက်မှုလို့ ယူဆလို့ရတဲ့ အကြောင်း၊ သိသာ မြင်သာတဲ့ ရလဒ်ဆိုတာက အနည်းဆုံး နိုင်ငံရေးအကျဉ်းသား လွှတ်ပေးခြင်းဟာ ပထမ အခြေခံဖြစ် တယ် ဆိုတဲ့ အကြောင်း ပြန်လည်ပြောကြားခဲ့ပါတယ်”ဟု ဦးဉာဏ်ဝင်း က ဧရာဝတီသို့ ပြောသည်။

ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက သိသာ ထင်ရှားသည့် ပြောင်းလဲ တိုးတက်မှုမရှိပါက ၎င်းအနေနှင့် မြန်မာနိုင်ငံသို့ လာရောက်မည် မဟုတ်ကြောင်း ပြောဆိုထားသည်။

အန်အယ်လ်ဒီ၏ တောင်းဆိုချက် ၄ ချက်မှာ နိုင်ငံရေးအကျဉ်းသားအားလုံးလွှတ်ပေးရန်၊ ၂၀၀၈ ခုနှစ် မေလက အတည်ပြုလိုက်သည့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကိုပြန်လည်သုံးသပ်ရန်၊ ပြည်သူ့လွှတ်တော် ခေါ်ယူပေးရန်နှင့် တွေ့ဆုံဆွေးနွေးရေး တို့ဖြစ်သည်။

ယခုတွေ့ဆုံမှုတွင် ၂၀၁၀ ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး အန်အယ်လ်ဒီက ဆွေးနွေးမည်မဟုတ်ဟု မစ္စတာ ဂန်ဘာရီကို ကြိုတင် ပြောဆိုထားကြောင်းလည်း သိရသည်။

ထို့အပြင် မစ္စတာဂန်ဘာရီက ၎င်းနောက်ဆုံး အကြိမ်လာစဉ် ပြောဆိုခဲ့သည့် အချက်များမှ Economic forum နှင့် ပတ်သက်၍လည်း အန်အယ်လ်ဒီ ၏ သဘောထားကို မေးမြန်းရာတွင် စီးပွားရေးဆိုင်ရာ အချက်အလက်များ မရှိ ဘဲနှင့် သဘောထားပေး၍မရကြောင်း ပြောဆိုခဲ့သည်ဟု ဦးဉာဏ်ဝင်းက ဆိုသည်။

ပြီးခဲ့သည့် စနေနေ့က စတင်သည့် မစ္စတာ ဂန်ဘာရီ ၏ ၄ ရက်ကြာ ခရီးစဉ်တွင် ယခု အန်အယ်လ်ဒီနှင့်တွေ့ဆုံ မှုသည် အန်အယ်လ်ဒီ က အနိမ့်ဆုံး လက်ခံနိုင်သော အချက်များနှင့် အန်အယ်လ်ဒီ ၏ သဘောထားများ ကို မေးမြန်းစုံးစမ်းသွားသည့် အဆင့်မျှသာဖြစ်ကြောင်း၊ ယခင် ခရီးစဉ်များနှင့် မတူသည့် အပြောင်းအလဲများရှိ ကြောင်းလည်း ၎င်းက ဆက်ပြောသည်။

“အခုခရီးစဉ်ကတော့ အရင်ခရီးစဉ်ထက် အခင်းကျင်းကစပြီးတော့ အပြောင်းအလဲ ရှိတယ်၊ ဥပမာ အားဖြင့် ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် စီအီးစီ အဖွဲ့နဲ့ မစ္စတာ ဂန်ဘာရီ တွေ့ဆုံတာမျိုး၊ ဒါဟာ ပထမဆုံး အကြိမ်ပါ။ အသေးစိတ်အနေနဲ့ ဘယ်လိုဖြစ်လာမလဲဆိုတာကိုတော့ ကျနော်တို့ ကြိုတင်ပြီးတော့ မပြောနိုင်ပါဘူး၊ အခင်း အကျင်း ကအစ အပြောင်းအလဲရှိတယ် ဆိုတာလောက်ပဲ ပြောနိုင်ပါတယ်”ဟု ဦးဉာဏ်ဝင်း ကပြောပြသည်။

ယနေ့တွင် အန်အယ်လ်ဒီ စီအီးစီ များ ဖြစ်သော ဦးအောင်ရွှေ၊ ဦးညွန့်ဝေ၊ ဦးသန်းထွန်း၊ ဦးစိုးမြင့်၊ ဦးလှဖေနှင့် ဒေါ်အောင် ဆန်းစုကြည်တို့သည် မစ္စတာ ဂန်ဘာရီနှင့် အစိုးရ ဧည့်ဂေဟာ၌ တချိန်တည်း အတူတကွ တွေ့ဆုံခဲ့ ခြင်း ဖြစ်ကြောင်း သိရသည်။

ယမန်နေ့က မစ္စတာ ဂန်ဘာရီသည် စစ်အစိုးရ ပြောရေးဆိုခွင့် အာဏာပိုင်အဖွဲ့ ခေါင်းဆောင် ပြန်ကြားရေး ၀န်ကြီး ဗိုလ်မှူးချုပ် ကျော်ဆန်းအပါအ၀င် နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်း၊ ယဉ်ကျေးမှု ၀န်ကြီး ဗိုလ်ချုပ် ခင်အောင်မြင့်၊ ဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည်၊ ကျန်းမာရေး ၀န်ကြီး ဒေါက်တာ ကျော်မြင့်၊ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကော်မရှင်အဖွဲ့၊ ကြံ့ဖွံ့အဖွဲ့များနှင့် တွေ့ဆုံခဲ့ပြီး မနက်ဖြန်တွင် နေပြည်တော်သို့ သွားရောက်မည်ဖြစ် ကြောင်း သိရသည်။

မစ္စတာ ဂန်ဘာရီ၏ ယခု ခရီးစဉ်သည် ၇ ကြိမ်မြောက် ဖြစ်ပြီး ၂၀၀၈ ခု ဒီဇင်ဘာ လဆန်းတွင် လာရောက်ရန် မြန်မာ စစ်အစိုးရက ဖိတ်ကြားထားသည့် ခရီးစဉ်ဖြစ်သည်။ မစ္စတာ ဂန်ဘာရီသည် ယမန် နှစ်သြဂုတ်လအတွင်း မြန်မာနိုင်ငံသို့ နောက်ဆုံးအကြိမ် လာရောက်ခဲ့ကာ ယင်းခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစု ကြည်က ၎င်းအား တွေ့ဆုံရန် ငြင်းဆိုခဲ့ပြီး စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့်လည်း တွေ့ခွင်မရခဲ့ပေ။

အဆိုပါ ၂၀၀၈ ခုနှစ် သြဂုတ်လအတွင်းက မစ္စတာဂန်ဘာရီ ၏ ခရီးစဉ်နှင့် ပတ်သက်ပြီး မြန်မာ့ နိုင်ငံရေးအတွက် တိုးတက်မှု တစုံတရာ မရှိကြောင်း အန်အယ်လ်ဒီ က ကြေညာချက်ထုတ်ပြန်၍ ဝေဖန်ပြောဆိုထားသည်။

ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့(UNA)က ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသား ခေါင်းဆောင်များ အပါအ၀င် အတိုက်အခံနိုင်ငံရေးအဖွဲ့များနှင့် စစ်အစိုးရတို့အကြား တွေ့ဆုံဆွေးနွေးရေး အကောင်အထည်ဖော်ရန် မစ္စတာဂန်ဘာရီသို့ အကြံပြုစာတစောင်ပေးပို့ထားသည်။

ကုလသမဂ္ဂ၏ ထုတ်ပြန်ချက်တခုတွင် မစ္စတာ ဂန်ဘာရီက ယခုခရီးစဉ်အတွင်း သက်ဆိုင်သူများနှင့် အဓိပ္ပာယ် ပြည့်ဝသည့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်နိုင်ရန် မျှော်လင့်ထားကြောင်းပါရှိသော်လည်း မြန်မာ့အရေးလေ့လာ သူတချို့ကမူ စစ်အစိုးရ ထိပ်ပိုင်းခေါင်းဆောင်နှင့် တွေ့ဆုံနိုင်မည်ဟု မယူဆကြောင်း ပြောဆိုသည်။

source by : http://www.irrawaddy.org/bur/index.php?option=com_content&view=article&id=671:2009-02-02-13-19-33&catid=1:news&Itemid=2

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */