ကုလ ဒုက္ခသည် အေဂျင်စီက ရိုဟင်ဂျာများကို တွေ့မည်

Tuesday, February 03, 2009 ·

သတင်း ဧရာဝတီ | ထိုင်းနိုင်ငံ ရနောင်း ခရိုင်တွင် ထောင်ဒဏ် ၅ ရက် ချမှတ်ခံရပြီး ပြန်လည် လွတ်မြောက် လာသော လှေစီးရိုဟင်ဂျာများနှင့် သွားရောက် တွေ့ဆုံခွင့် ရရှိထားပြီးဖြစ်ကြောင်း ကုလသမဂ္ဂက ယနေ့ ပြောကြားလိုက်သည်။

ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ၏ ပြောခွင့်ရ အမျိုးသမီး Kitty McKinsey က “မနက်ဖြန် သူတို့နဲ့ UNHCR တွေ့မယ်” ဟု ဧရာဝတီသို့ ပြောပြသည်။

ရနောင်း ခရိုင်တွင် ရောက်ရှိနေသော လှေစီးရိုဟင်ဂျာအုပ်စုတွင် စုစုပေါင်း ၇၈ ဦး ပါဝင်သည်။ ၎င်းတို့ထဲမှ အသက် ၁၉ နှစ်အောက် ရိုဟင်ဂျာများကို UNHCR က တွေ့ဆုံခွင့် ရခဲ့ပြီးဖြစ်သည်။

ထိုင်းနိုင်ငံ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ် Aphichart Penkitti က အဆိုပါ ရိုဟင်ဂျာများသည် တတိယနိုင်ငံ တခုခုသို့ သွားရောက်နိုင်ရေး အတွက် ထိုင်းနိုင်ငံကို လမ်းကြောင်းတခုအဖြစ် အသုံးပြုခြင်း ဖြစ်သည်ဟု ပြောလိုက်ကြောင်း ဘန်ကောက်ပို့စ် သတင်းစာတွင် ဖော်ပြထားသည်။ ထိုင်းနိုင်ငံက ၎င်းရိုဟင်ဂျာများကို တရားမ၀င် ရောက်ရှိလာသော ရွှေ့ပြောင်း အလုပ်သမားများအဖြစ် သတ်မှတ်ကြောင်း ကာကွယ်ရေး ၀န်ကြီးက ဆက်လက် ပြောပြသည်။ UNHCR အနေဖြင့် ယင်းကိစ္စအတွက် ထိုင်းနိုင်ငံအား ပြစ်တင် ဝေဖန်မည့်အစား မြန်မာအစိုးရနှင့်သာ တိုင်ပင်သင့်သည်ဟု ဆိုသည်။

မြန်မာနိုင်ငံတွင် ထင်ရှားသည့် ရခိုင် တိုင်းရင်းသား နိုင်ငံရေးသမားတဦးဖြစ်သူ ဦးအေးသာအောင်က “(မြန်မာ) အစိုးရက ကြေညာထားတယ်၊ မြန်မာနိုင်ငံမှာ ရှိတဲ့ တိုင်းရင်းသား ၁၃၅ မျိုးထဲမှာ ရိုဟင်ဂျာတွေ မပါဘူး တဲ့” ဟု ဧရာဝတီသို့ ပြောပြခဲ့သည်။

ရိုဟင်ဂျာများသည် မြန်မာနိုင်ငံ ပြင်ပမှ လာရောက်ခြင်း ဖြစ်သောကြောင့် ၎င်းတို့သည် မြန်မာ တိုင်းရင်းသားများ မဟုတ် ဟု ဆိုသည်။

“(ထိုင်းနိုင်ငံမှာ) ဗမာ ၃ သန်းရှိတယ်၊ ယိုးဒယား လူမျိုးလား။ ဘင်္ဂလားဒေ့ရှ်မှာလည်း ရခိုင်တွေ အများကြီး ရှိတယ်၊ အဲဒါ ဘင်္ဂါလီတွေလား” ဟု ဦးအေးသာအောင်က ပြောပြသည်။

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */