VOA | မြန်မာနိုင်ငံက လူနည်းစု မွတ်ဆလင် ရိုဟင်ဂျာတွေရဲ့ အခြေအနေနဲ့ ပတ်သက်လို့ မြန်မာ့ အိမ်နီးချင်း နိုင်ငံများက ဆွေးနွေးကြဖို့ ပြင်ဆင်နေတဲ့ အချိန်ပဲ ဟောင်ကောင်ရှိ မြန်မာစစ်အစိုးရ ကောင်စစ်ဝန် ရုံး အကြီးအကဲ ဦးရဲမြင့်အောင်က ရိုဟင်ဂျာတွေဟာ ဘီလူးလို အရုပ်ဆိုးတဲ့သူတွေ ဖြစ်ကြတယ်လို့ ဆိုလိုက် ပါတယ်။ ရိုဟင်ဂျာတွေဟာ မြန်မာတွေ မဟုတ်ဘူး။ မြန်မာတိုင်းရင်းသားတွေလည်း မဟုတ်ကြဘူး၊ ရိုဟင်ဂျာ တွေက အသားညိုမှောင်တယ်၊ မြန်မာတွေက အသားဖြူ ချောမွေ့ပြီး ကြည့်ကောင်း ရုပ်ချောတယ်လို့ ဟောင်ကောင် ရှိ နိုင်ငံခြား မစ်ရှင်ရုံးများနဲ့ စာနယ်ဇင်းများသို့ စာရေး အကြောင်းကြားတဲ့အထဲမှာ ဦးရဲမြင့်အောင် က အဲဒီလို ထည့်သွင်းပြောဆိုလိုက်တာဖြစ်ပါတယ်။
လွန်ခဲ့တဲ့ နှစ် ၆၀က မြန်မာ နိုင်ငံအတွင်းကို တရားမ၀င် ၀င်ရောက်လာခဲ့ကြတဲ့ အာရပ် ကုန်သည်တွေက ဆင်းသက်လာခဲ့ကြတဲ့ မွတ်ဆလင် ဘန်ဂါလီ လူတွေ ဖြစ်ကြတယ်လို့ မြန်မာ့အလင်း သတင်းစာမှာ ရေးသား ဖော်ပြတဲ့ ဆောင်းပါကိုလည်း သူ့စာနဲ့အတူ ပူးတွဲ ဖော်ပြ ပေးပို့လာပါတယ်။
အခုလအတွင်း အာစီယံ ထိပ်သီးအစည်းအဝေး ထိုင်းနိုင်ငံမှာ ကျင်းပတဲ့အခါ အစည်းအဝေးပွဲရဲ့ အပြင်ဘန်းမှာ ရိုဟင်ဂျာ ကိစ္စ ဆွေးနွေးဖို့ စီစဉ်ထားတာကြောင့် အခုလို ဟောင်ကောင် ရှိ စစ်အစိုးရ ကောင်စစ်ဝန် ရုံး အကြီးအကဲရဲ့ ရေးသားချက်ကြောင့် ပိုမိုတွန်းအား ပေးလိုက်သလို ဖြစ်သွားတယ်လို့ သတင်းများမှာ ပါရှိပါတယ်။ ရိုဟင်ဂျာများရဲ့ လူ့အခွင့်အရေးကို လေးစားဖို့ အမေရိကန် ရုပ်ရှင်မင်းသမီးလဲ ဖြစ်၊ UNHCR ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး အကျိုးဆောင် သံတမန် အင်ဂျလီနာ ဂျိုလီရဲ့ တိုက်တွန်းချက်ကို ထိုင်း နိုင်ငံခြားရေး ဌာန အတွင်းဝန်က စီးပွားရေးကြောင့် လာကြသူတွေသာ ဖြစ်လို့ ရိုဟင်ဂျာတွေကို ဒုက္ခသည်စခန်းကို မပို့ဘဲ အကျဉ်းစခန်းကိုပဲ ပို့မယ်လို့ တုန့်ပြန်ပြောဆိုလိုက်ပါတယ်။
source by : http://www.voanews.com/burmese/2009-02-12-voa2.cfm
ရိုဟင်ဂျာများ အရုပ်ဆိုးဟု မြန်မာကောင်စစ်ဝင်ပြော
Subscribe to:
Post Comments (Atom)
ယနေ့ မြန်မာပြက္ခဒိန်
လာလည်သူ အပေါင်း
သတင်းဋ္ဌာနများ
မိတ်ဆွေ ဘလော့ဂ်များ
သင် ဘယ်ကလာ
ပို့စ် အဟောင်းများ
ဗုဒ္ဓမြတ်စွာ ဘုရား
|
0 comments:
Post a Comment