ကွင်တားနား နေပြည်တော်တွင် တရားသူကြီးချုပ်နှင့် ဆွေးနွေး

Wednesday, February 18, 2009 ·

မဇ္ဈိမ | နယူးဒေလီ (မဇ္ဈိမ)။ ။ ကုလ လူ့အခွင့်အရေး သံတမန်သည် မြန်မာနိုင်ငံ တရားသူကြီးချုပ်နှင့် နေပြည်တော်တွင် ယနေ့ တွေ့ဆုံဆွေးနွေးခဲ့သည်။

ယနေ့ နံနက် ၉ နာရီခွဲမှ ၁၀ နာရီခွဲအထိ တနာရီကြာ ဆွေးနွေးကြပြီးနောက် နေပြည်တော်မှ ပြန်လည် ထွက်ခွာသွားသည်ဟု တရားသူကြီးချုပ်ရုံး အဆိုအရ သိရခြင်းဖြစ်သည်။

ဆွေးနွေးသည့် အကြောင်းအရာနှင့် ပတ်သက်၍ အသေးစိတ် ပြောကြားရန် အစိုးရအရာရှိက ငြင်းဆန် ထားသည်။ သံတမန်ကြီးသည် သြဂုတ်လ ၂၀၀၈ ခုနှစ်က မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ပြီး မြန်မာနိုင်ငံ၏ တရားစီရင်ရေး ဥပဒေများ ပြန်လည် သုံးသပ်မှုပြုလုပ်ရန်၊ ပြည်သူပြည်သားများ၏ အခြေခံ ရပိုင်ခွင့်တို့ကို လေးစားရန်နှင့် လွတ်လပ်သော တရားစီရင်ရေး စနစ်ဖြစ်ရန် စစ်အစိုးရကို အကြံပြုခဲ့ဖူးသဖြင့် တရားရေး မဏ္ဍိုင်နှင့် ပတ်သက်သည်ကို ဆွေးနွေးလိမ့်မည်ဟု အကဲခတ်များက ခန့်မှန်းထားသည်။

မြန်မာနိုင်ငံ တရားစီရင်ရေး စနစ်နှင့် ပတ်သက်ပြီး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် - NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းကလည်း "တရားဥပဒေ စိုးမိုးရေး မရှိလို့ရှိရင် ဘယ်စနစ်မှ အောင်အောင်မြင်မြင် မဖြစ်ဘူးလို့ ကျနော်တို့ ယုံကြည်တယ်။ တရားစီရင်ရေး၊ တရားဥပဒေ စိုးမိုးရေး ထွန်းကားမှသာ အဲဒီနောက်မှာ ဘယ်စနစ် ဖြစ်ဖြစ် အောင်မြင်နိုင်တယ်။ အထူးသဖြင့် ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးဟာ တရားဥပဒေ စိုးမိုးရေးရှိမှ ရှိနိုင်မယ့်ကိစ္စလို့ ကျနော်တို့ ယုံကြည်ပါတယ်" ဟု မဇ္ဈိမကို ပြောသည်။

မနက်ဖြန်သည် သူ၏ ခရီးစဉ် နောက်ဆုံးရက် ဖြစ်သော်လည်း NLD သို့ တစုံတရာ ဆက်သွယ်ခြင်း မရှိသေးကြောင်း သူက ပြောဆိုသည်။

လက်ရှိအချိန်၌ NLD က ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး လက်မှတ်ရေးထိုး လှုပ်ရှားမှုကို ပြုလုပ်လျက်ရှိရာ မြို့နယ် ၃ မြို့နယ်ခန့်မှ လက်မှတ်များ ရထားပြီး၊ ပို့ဆောင်ရေး၌ လုံခြုံသည့် လမ်းကြောင်းများ ရွေးချယ်ရသောကြောင့် အချိန်ယူရမည် ဖြစ်သော်လည်း ထိရောက်စွာ ထောက်ခံမှုရမည်ဟု ယုံကြည်ကြောင်း ဦးဉာဏ်ဝင်းက ဆက်ပြောသည်။

ထိုင်းနိုင်ငံ အခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) – AAPP ၏ အထွေထွေ အတွင်းရေးမှူး ဦးတိတ်နိုင်ကမူ မစ္စတာ ကွင်တားနား၏ ခရီးစဉ် နှစ်ခုအကြားတွင် နအဖက လူ့အခွင့်အရေး ချိုးဖောက်မှု အများအပြား ကျူးလွန်ခဲ့သလို၊ နိုင်ငံရေး တက်ကြွ လှုပ်ရှားသူများအား ထောင်ဒဏ်နှစ်ရှည်များ ချမှတ်ခဲ့ကြောင်းနှင့် နိုင်ငံရေးအကျဉ်းသားများ လွှတ်မပေးလျှင် ထူးခြားသည့် အပြောင်းအလဲများ ဖြစ်မည်မဟုတ်ကြောင်း မဇ္ဈိမကို ပြောသည်။

ဦးတိတ်နိုင်က "ကိုမင်းကိုနိုင်တို့ အုပ်စုကို ၆၅ နှစ်အထိ ထောင်ဒဏ်တွေ ချခဲ့တယ်။ ပြီးခဲ့တဲ့လကဆိုရင် ဗိုလ်မင်းယုကိုဆိုရင် ၁၀၄ နှစ်အထိ မတရားပြစ်ဒဏ် ချမှတ်ခဲ့တာတွေ ရှိပါတယ်။ မစ္စတာ ကွင်တားနားကတော့ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးဖို့အတွက် တခုတ်တရ တောင်းဆိုခဲ့တာပါ။ ဒါပေမဲ့ နအဖ ကတော့ နဂိုက ပြုမှုခဲ့သလိုပဲ လျစ်လျူရှုပြီး နေခဲ့တာပါ။ ဒီနေ့ ဒီအချိန်မှာ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးမှသာ အမျိုးသား ရင်ကြားစေ့ရေးနဲ့ ဒီမိုကရေစီ ဖြစ်ပေါ်တိုးတက်ရေးရဲ့ အစကလေးကို ကျနော်တို့ မြင်ရမှာပါ" ဟု ပြောသည်။

ကုလလူ့အခွင့်အရေး ကျွမ်းကျင်သူ၏ ယခုလ ၁၅ ရက်နေ့က ဘားအံခရီးစဉ်တွင် ကရင့်အမျိုးသားအစည်းအရုံး (KNU) မှ ခွဲထွက်သူများ ဖြစ်သော ဗိုလ်ချုပ်စောဋ္ဌေးမောင် (KNU/KNLA) ငြိမ်းချမ်းရေးကောင်စီ၊ ပဒိုအောင်ဆန်း၏ ဘုရားကုန်း ငြိမ်းချမ်းရေးအဖွဲ့၊ ဦးသာထူးကျော်၏ DKBA အဖွဲ့များနှင့်သာ တွေ့ခွင့်ရခဲ့သည်။

ထိုသို့ တွေ့ခွင့်ရသော်လည်း KNU နှင့် တွေ့ဆုံခွင့် မရသဖြင့် အချက်အလက် ပြည့်စုံမည်ဟု မယူဆကြောင်းနှင့် KNU က မစ္စတာ ကွင်တားနားကို ထုတ်ပြန်ချက်ဖြင့် ဖိတ်ထားသော်လည်း နအဖ ၏ အစီအစဉ်ဖြင့်သာ သွားလာနေရသည်ဟု ယူဆကြောင်း KNU ဒုဥက္ကဋ္ဌ ပဒိုဒေးဗစ်တာကပေါက မဇ္ဈိမကို ပြောသည်။

ဦးဉာဏ်ဝင်းကလည်း ယခုခရီးစဉ်အတွင်း နိုင်ငံရေး အသင်းအဖွဲ့များနှင့် တွေ့ဆုံခဲ့ခြင်း မရှိပါက အချက်အလက် စုဆောင်းသည့် သူ၏ ခရီးစဉ်မှာ ပြည့်စုံမှုရှိမည် မဟုတ်ကြောင်း မှတ်ချက်ပေးသည်။

ကချင်နှင့် ရခိုင်ပြည်နယ်သို့ သွားရောက်ခွင့်ပြုရန် ကုလကိုယ်စားလှယ်က အာဏာပိုင်များထံ တောင်းဆို ခဲ့သော်လည်း သွားခွင့် ပြု၊ မပြုကိုမူ မသိရသေးပါ။

သူသည် မြန်မာနိုင်ငံမှ မထွက်ခွာမီ မနက်ဖြန် ညနေပိုင်းတွင် မင်္ဂလာဒုံလေဆိပ်၌ သတင်းစာ ရှင်းလင်းပွဲတခု ပြုလုပ်မည်ဟု သိရသည်။

(ကိုဝိုင်း ဖြည့်စွက်ရေးသားသည်။)

source by : http://www.mizzimaburmese.com/news/inside-burma/2466-2009-02-18-12-24-51.html

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */