ရွှေ့ပြောင်း အလုပ်သမား မှတ်ပုံတင် ၇ သိန်းကျော် သက်တမ်း မတိုးပေးသေး

Friday, February 06, 2009 ·

ဧရာဝတီ | ထိုင်းနိုင်ငံ အလုပ်သမား ဝန်ကြီးဌာနက ရွှေ့ပြောင်း အလုပ်သမား ၇ သိန်းကျော်၏ မှတ်ပုံတင်များ သက်တမ်းတိုးရန် ကိစ္စကို အချိန်ဆွဲထား သော်လည်း တရားမဝင် ဝင်ရောက် နေထိုင်သူ များကိုမူ ဆက်တိုက် ဖမ်းဆီး နှိမ်နင်းခြင်းများ ပြုလုပ်လျှက်ရှိသည်။

ထိုင်းနိုင်ငံသား အလုပ်လက်မဲ့များ၏ ပြဿနာများကို အလျှင်ဖြေရှင်းရန် ရှိသောကြောင့် ယခုကဲ့သို့
ရွှေ့ပြောင်းအလုပ်သမားများ၏ မှတ်ပုံတင်များကို သက်တမ်းမတိုးပေးသေးဘဲ အချိန်ဆွဲထားသည်ဟု ယူဆရသည်။

ထိုင်းနိုင်ငံအခြေစိုက် ဘန်ကောက်ပို့စ် သတင်းစာတွင် အလုပ်သမားဝန်ကြီး Paitoon Kaewthon က “အလုပ်သမား မှတ်ပုံတင်ကိစ္စတွေ ပြီးတာနဲ့ တရားမဝင်အလုပ်ဝင်လုပ်နေသူတွေကို နှိမ်နင်းပါမယ်” ဟု ပြောထားသည်။

ယခုအခါတွင် ထိုင်းအာဏာပိုင်များက ထိုင်းနိုင်ငံ၊ စမွတ်စခွန်နယ်ရှိ မဟာချိုင်ဒေသတွင် ဝင်ရောက်နေထိုင် အလုပ်လုပ်ကိုင်နေသည့် တရားမဝင် မြန်မာရွှေ့ပြောင်းအလုပ်သမားများကို နှိမ်နင်းခြင်းများ ဆက်တိုက် ဆိုသလို ပြုလုပ်နေသည်။ ထို့အတွက် ရာပေါင်းများစွာသော မြန်မာရွှေ့ပြောင်းအလုပ်သမားများမှာ တပတ်ခန့် ပြေးလွှား ပုန်းအောင်း ကြရပြီး တချို့မှာ အာဏာပိုင်များ၏ ဖမ်းဆီးခြင်း ခံခဲ့ရသည်။

မဟာချိုင်ဒေသ အခြေစိုက် အလုပ်သမားအခွင့်အရေး မြှင့်တင်မှုကွန်ယက် (LPN) ၏ အဖွဲ့ဝင် ကိုမျိုးသော်က “အလုပ်သမားအများစုက သူတို့အခန်းတွေမှာတောင် သူတို့ ကောင်းကောင်းမအိပ်နိုင်ဘူး။ တထိတ်ထိတ် တလန့်လန့်နဲ့ ခြုံပုတ်တွေထဲ တိုးပြီး အိပ်ကြရတယ်။ တချို့ဆို သူတို့အခန်းတွေကို တပတ်လောက် မပြန်ရဲဘူး” ဟု ပြောပြသည်။

အဖမ်းခံရသည့် ရွှေ့ပြောင်းအလုပ်သမားများမှာ ပြန်လွှတ်ရန်အတွက် ဘတ်ငွေ ၂၀၀၀ မှ ၄၀၀၀ (ကျပ် ၆ သောင်းမှ ၁ သိန်း ၂ သောင်းခန့်) ပေးရသည်ဟု ၎င်းကဆက်ပြောသည်။

မဟာချိုင်ဒေသတွင် တရားဝင် လက်မှတ်ကိုင်ဆောင်ထားသည့် ရွှေ့ပြောင်း အလုပ်သမား ၇ သောင်းကျော် ရှိသော်လည်း တရားမဝင် အလုပ်သမား ၂ သိန်းကျော်ခန့်ရှိကြောင်း LPN ၏ စာရင်းဇယားများအရ သိရသည်။

မွန်အလုပ်သမားတဦးဖြစ်သော နိုင်ကရက်နိုင်းက ယခုမနက် မဟာချိုင်ဒေသရှိ ရေထွက်ပစ္စည်း စက်ရုံတရုံတွင် ထိုင်း အာဏာပိုင်များ ဝင်ရောက်ရှာဖွေရာ မြန်မာရွှေ့ပြောင်းအလုပ်သမား ၅၀ ကျော် အဖမ်းအဆီး ခံခဲ့ရကြောင်း ပြောပြသည်။

ထိုင်းဝန်ကြီးချုပ် အဖိဆစ်ဝေ့ချာချီဝ၏ “ထိုင်းနိုင်ငံမှာ တရားမဝင် ရွှေ့ပြောင်းနေထိုင်သူအားလုံးကို နှိမ်နင်း တော့မယ်” ဟု ဇန်နဝါရီ ၂၂ ရက်နေ့က ပြောဆိုခဲ့ပြီး နောက်ပိုင်းတွင် ရွှေ့ပြောင်းနေထိုင်သူများကို နှိမ်နင်းမှု ပိုမိုဆိုးရွားလာခဲ့သည်ဟု အများက ပြောဆိုနေကြသည်။

ယခုအခါ ထိုင်းနိုင်ငံတွင် ရွှေ့ပြောင်းနေထိုင်သူ ၂ သန်းမှ ၄ သန်းအထိ ရှိနေပြီး အများစုမှာ အလုပ်သမား မှတ်ပုံတင်အသစ်ရရှိရေးအတွက် စောင့်ဆိုင်းလျှက်ရှိသည်။ သို့ရာတွင် ထိုင်းအလုပ်သမား ဝန်ကြီးဌာနက ရွှေ့ပြောင်းလာသည့် လူသစ်များကို ယခုနှစ်ဆန်းပိုင်းတွင် တရားဝင်မှတ်ပုံတင် လုပ်ပေးရန် အစီအစဉ်မရှိပေ။

ယခင်အပတ်ကလည်း ထိုင်းအာဏာပိုင်များ၏ ဆက်တိုက်နှိမ်နင်းမှုများကြောင့် မဟာချိုင်ဒေသရှိ တရားဝင် မှတ်ပုံတင် မရှိသော မြန်မာရွှေ့ပြောင်း အလုပ်သမား ၃၀၀ ခန့်ကို ၎င်းတို့ဝင်ရောက်အလုပ်လုပ်နေသည့် စက်ရုံများကို ဖိအားပေးကာ နှုတ်ထွက်ခိုင်းခဲ့ကြောင်း ကြားသိရသည်။

ထိုင်းနိုင်ငံ၏ စီးပွားရေးအခြေအနေ တိုးတက်မှု ရပ်ဆိုင်းနေသည့် ယခုကာလတွင် မြန်မာ ရွှေ့ပြောင်း အလုပ်သမားများအနေနှင့် အလုပ်ရရန် ခက်ခဲသည့် ပြဿနာများနှင့် ရင်ဆိုင်နေကြရသည်။ အများစုမှာ အလုပ်ရှိသော်လည်း အချိန်ပိုအလုပ်များ မရှိဘဲဖြစ်နေကြကြောင်း သိရသည်။

ထိုင်းအာဏာပိုင်များအနေနှင့် ရွှေ့ပြောင်းအလုပ်သမားများနေရာတွင် ထိုင်းအလုပ်သမား များကို အစားထိုးချင်ပုံရသော်လည်း ထိုင်းအလုပ်သမားများမှာ အလုပ်ကြမ်းများ မလုပ်နိုင်ဟု ကရက်နိုင်းက ပြောသည်။

source by : http://www.irrawaddy.org/bur/index.php?option=com_content&view=article&id=686:2009-02-05-12-02-21&catid=1:news&Itemid=2

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */