ဘန်ကောက် ရွှေဈေးတက် လူတွေ ရွှေချရောင်းကြ

Wednesday, February 18, 2009 ·

NEJ | ထိုင်းနိုင်ငံ ဘန်ကောက်ရွှေဈေးကွက်မှာ တရုတ်နှစ်ကူး ရွှေဈေးထိုးကျရာကနေ ပြီးခဲ့သည့် ယနေ့ ဗုဒ္ဓဟူးနေ့က စံချိန်တင်လောက်အောင် ရွှေဈေးထိုးတက် သွားသည့်အတွက် ရွှေရောင်းမည့်သူတွေ တန်းစီနေသည်။

ထိုင်းရွှေကုန်သည်ကြီးများအသင်း၏ ပေါက်ဈေးအရ ရွှေချောင်းဝယ်ဈေးမှာ ဘတ်ငွေ (၁၅,၈၅၀) နှင့် ရွှေချောင်း ရောင်ဈေး (၁၅,၉၅၀) ရှိပြီး လက်ဝတ်ရွှေဈေးမှာ တဘတ်သား (၁၅.၁၆ ဂရမ်) ကို ၀ယ်ဈေး (၁၅၆၁၄.၈) (မြန်မာငွေ (၄၂၁,၅၉၉) ခန့်) နှင့် ရောင်းဈေး ဘတ်ငွေ (၁၆,၃၅၀) (မြန်မာငွေ (၄၄,၁၄၅၀) ခန့်) ထိ ခုန်တက်သွားသည်။

ဇန်န၀ါရီ (၂၄) ရက် ထိုင်း ရွှေကုန်သည်ကြီးများအသင်း ထုတ်ပြန်ထားသည့် ရွှေဈေးမှာ ရွှေချောင်းဝယ်ဈေး ဘတ်ငွေ (၁၄,၅၀၀) နှင့် ရောင်းဈေး ဘတ်ငွေ (၁၄,၆၀၀) ရှိပြီး လက်ဝတ်ရတနာရွှေမှာ ၀ယ်ဈေး ဘတ်ငွေ (၁၄၂၉၅.၈၈) နှင့် ရောင်းဈေး (၁၅,၀၀၀) ရှိသည်။ ထို့ကြောင့် တလအတွင်း ရွှေဈေးက (၉) ရာနှုန်းကျော် ခုန်တက်လာသည်။

ကမ္ဘာ့စီးပွားရေး ကျဆင်းလာသည့်အလျောက် ရင်းနှီးမြှုတ်နှံသူတွေက ရွှေချောင်းများကို စုဆောင်းကြသည့်အတွက် ကမ္ဘာ့ရွှေဈေးတက်ရာကနေ ဘန်ကောက်ရွှေဈေးများ ထိုးတက်ခဲ့ခြင်း ဖြစ်သည်။ ကမ္ဘာ့ရွှေဈေးမငြိမ်သေးသည့်အတွက် ဘန်ကောက်ရွှေဈေးကွက် နည်းနည်းထပ်တက်နိုင်သည်ဟု ထိုင်းရွှေကုန်သည်ကြီးများအသင်း ဥက္ကဋ္ဌ ဇစ်ထိက ပြောသည်။

ဟောင်ကောင်ရွှေဈေးကွက်မှာ ရွှေချောင်းဈေးက တအောင်စကို ကန်ဒေါ်လာ (၉၅၉) ထိ ခုန်တက်သွားသည့်အတွက် ဇူလိုင် (၂၂) နောက်ပိုင်း အမြင့်ဆုံးစံချိန် တင်သွားသည်။

source by : http://www.khitpyaing.org/news/February_09/18-2-09d.php

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */