အကိုက်အခဲပျောက်ဆေးကြောင့် အစာအိမ်သွေးကြော ထိခိုက်သူများလာ

Saturday, February 07, 2009 ·

ပလက်နက် | Oxyped ဟုခေါ်သော အကိုက်အခဲပျောက်ဆေးတစ်မျိုးကို ဆရာဝန်ညွှန်ကြားချက် မပါဘဲ အလွယ်တကူ သောက်သုံးနေကြခြင်းကြောင့် အစာအိမ်သွေးကြောများထိခိုက်သော အရေးပေါ်လူနာ အများအပြား ရှိလာကြောင်း အထွေထွေ ရောဂါကု ဆရာဝန်များထံမှ သိရသည်။
ယင်းဆေးကို မြို့နယ်၊ ရပ်ကွက်များရှိ ဆေးဆိုင်ငယ်များ၊ ကွမ်းယာဆိုင်များတွင် လွယ်ကူစွာဝယ်ယူကြပြီး တချို့ရောင်းချသူများသည် အကိုက်အခဲပျောက်ဆေး ဆိုပါက ယင်းဆေးကိုပင် ရောင်းချကြသဖြင့် အစာအိမ် ရောဂါရှိသူ လူနာများမှာ အစာအိမ် ထိခိုက်ခြင်းများ ဖြစ်ခြင်း ဖြစ်သည်ဟုသိရသည်။ Oxyped ဆေးသည် သာမန် အကိုက်အခဲ ပျောက်ဆေးတွင် ပါဝင်သော ပါရာစီတမောလ် ထက်ပြင်းထန်သည့် Diclofenic ပါဝင်၍ အကိုက်အခဲ ပျောက်သော်လည်း အစာအိမ်ရောဂါအခံရှိသူများနှင့် မတည့်ခြင်း ဖြစ်ကြောင်း အထွေထွေ ရောဂါကု ဆရာဝန်တစ်ဦးကပြောသည်။

“အကိုက်အခဲပျောက်ဆေးဆိုတာနဲ့ ဆေးရောင်းတဲ့သူတွေက လွယ်လွယ်ကူကူ Oxyped ပဲပေးတယ်။ နားမလည်တဲ့ လူတချို့ကလည်း ဒီဆေးကို ပဲလှော်စားသလိုကိုစားတာ၊ အကိုက်အခဲပျောက်ဆေးတိုင်းက လူကို အန္တရာယ်ဖြစ်စေတဲ့ အတွက် ဆေးအာနိသင် သေသေချာချာ မသိဘဲ ရမ်းသောက်လို့မရဘူး။ အကောင်းဆုံး ကတော့ ဆေးဆိုင်တွေမှာ ဆေးစပ်ခိုင်းပြီး မသောက်ဖို့ပါပဲ။တချို့ဆို ဆေးတစ်ခွက်ထဲမှာ အကိုက်အခဲ ပျောက်ဆေးချည်းပဲ သုံးမျိုးပါနေတာတွေ့ရတယ်။ ရောဂါကတော့ ဆေးတစ်ခွက်တည်းနဲ့ ပျောက်သွားမှာပဲ။ ဘာမှမဖြစ်ရင်ပေါ့လေ။ ဖြစ်ရင်တော့လည်း မလွယ်ဘူး” ဟု ဒေါပုံမြို့နယ် အတွင်းတွင် ဖွင့်ထားသော ဆေးခန်းမှ အထွေထွေ ရောဂါကု ဆရာဝန်တစ်ဦးက ရှင်းပြသည်။ တချို့ဆေးဆိုင်များသည် တားမြစ်ထားသော ROMELLA ကဲ့သို့ ချောင်းဆိုးပျောက် ဆေးရည် အနာကျက် မြန်သည်ဟူသော အယူအဆမှားဖြင့် လိမ်းကြသော တီဘီ ဆေးတောင့်များ ရောင်းချနေခြင်းရှိကြောင်း ဆေးဆိုင်များမှ စုံစမ်းသိရသည်။ တချို့ ဆေးဆိုင်ကြီး များတွင်မူ Oxyped၊ ချောင်းဆိုးပျောက်ဆေးများ၊ တီဘီဆေးတောင့်များ မရောင်းပါဟူသော စာများ ရေးသား ချိတ်ဆွဲထားကြောင်းသိရသည်။

source by : http://www.planet.com.mm/news/read.cfm/id/11803

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */