၂၀၀၇ ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲ

Sunday, February 08, 2009 ·

ပလက်နက် | ၂၀၀၇ ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု (အကယ်ဒမီ)ဆုချီးမြှင့်သည့် အခမ်းအနားကို နေပြည်တော်တွင် ကျင်းပပြုလုပ်ခဲ့ရာ မြင့်မာလာ ရုပ်ရှင် ထုတ်လုပ်ရေးမှ ဝတ္ထုဇာတ်ညွှန်းနှင့် ဒါရိုက်တာ မြို့တော်မောင်ယဉ်အောင်၏ “ကိုးဆယ်ဆသာလိမ့်မယ်” ဇာတ်ကားမှာ အကယ်ဒမီ ဆုများစွာဖြင့် အောင်ပွဲခံခဲ့သည်။ “ကိုးဆယ်ဆသာလိမ့်မယ်” ဇာတ်ကားဖြင့် အကောင်းဆုံး ဇာတ်ကားဆု၊ အကောင်းဆုံး ဒါရိုက်တာဆု၊ အကောင်းဆုံး အမျိုးသား သရုပ်ဆောင်ဆု၊ အကောင်းဆုံး အမျိုးသား ဇာတ်ပို့ဆုနှင့် အကောင်းဆုံး တေးဂီတဆု တို့ကို ဆွတ်ခူး ရရှိခဲ့သည်။


(အကယ်ဒမီဆုပေးပွဲအခမ်းအနားကျင်းမြင်ကွင်း)
ယခုနှစ် အကယ်ဒမီ ဆုပေးပွဲတွင် ထူးခြားမှုအဖြစ် အကောင်းဆုံး အမျိုးသမီးသရုပ်ဆောင်ဆုနှင့် အကောင်းဆုံး အမျိုးသမီး ဇာတ်ပို့ဆုတို့ကို ပေးအပ်ချီးမြှင့်ခြင်း မရှိခဲ့ချေ။ အကယ်ဒမီဆု အရေအတွက်အနေဖြင့်လည်း ယမန်နှစ်ကထက် လျော့နည်းခဲ့ပြီး ဇာတ်ညွှန်းဆု၊ တည်းဖြတ်ဆု၊ အသံပိုင်းဆိုင်ရာဆုများလည်း ရွေးချယ်ပေးအပ်ခဲ့ခြင်း မရှိကြောင်း သိရသည်။


(ကျော်ရဲအောင်)(မိုးဒီ)


(အကယ်ဒမီဆုရှင်များ)
၂၀၀၇ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု (အကယ်ဒမီ)ရရှိသူများမှာ အောက်ပါအတိုင်းဖြစ်သည်။

ဇာတ်ကားဆု - ကိုးဆယ်ဆသာလိမ့်မယ် (မြင့်မာလာ ရုပ်ရှင်ထုတ်လုပ်ရေး)

ဒါရိုက်တာဆု - မြိုတော်မောင်ယဉ်အောင် (ကိုးဆယ်ဆသာလိမ့်မယ်)

အမျိုးသားသရုပ်ဆောင်ဆု - ကျော်ရဲအောင် (ကိုးဆယ်ဆသာလိမ့်မယ်)

အမျိုးသားဇာတ်ပို့ဆု - မိုးဒီ (ကိုးဆယ်ဆသာလိမ့်မယ်)

ရုပ်ရှင်ဓါတ်ပုံဆု - ကျောက်ဖြူ (ပဒေသာ) (ငါ့ဓား ငါ့သွေး ငါ့ဧရာဝတီ)

ရုပ်ရှင်တေးဂီတဆု - စိန်မွတ်တား (ကိုးဆယ်ဆသာလိမ့်မယ်)

(အကယ်ဒမီဆုအများဆုံးဖြင့် အောင်ပွဲခံခဲ့သည့် “ကိုးဆယ်ဆသာလိမ့်မယ်“ ဇာတ်ကား ဇာတ်ဝင်ခန်း)


(အကောင်းဆုံး အမျိုးသားသရုပ်ဆောင်ဆုရ ကျော်ရဲအောင်၏ သရုပ်ဆောင်မှု)


(အကောင်းဆုံး အမျိုးသားဇာတ်ပို့ဆုရ မိုးဒီ၏ သရုပ်ဆောင်မှု)

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */