သြစတေးလျတောမီးကြောင့် သေဆုံးသူဦးရေ (၃၀၀)ကျော်အထိ မြင့်တက်လာနိုင်

Thursday, February 12, 2009 ·

ပလက်နက် | အပူချိန်လွန်ကဲရာမှ စတင်လောင်ကျွမ်းနေသော တောမီးကြောင့် ဩစတေးလျနိုင်ငံတွင် သေဆုံးသူဦးရေမှာ (၃၀၀)ကျော်အထိ မြင့်တက်လာနိုင်ကြောင်း သက်ဆိုင်ရာက အတည်ပြု ကြေညာ ထားသည်။ မီးကူးစက် လောင်ကျွမ်းမှုသည် အလွန်လျင်မြန်စွာ ပြန့်နှံ့လျက်ရှိပြီး မီးသတ်သမားများက မီးကိုထိန်းချုပ်ရန် အစွမ်းကုန် ကြိုးစားနေကြရဆဲဖြစ်သည်။ လောလောဆယ် ရရှိသော စာရင်းများအရ သေဆုံးသူ စာရင်းမှာ (၂၀၀)ကျော်အထိ မြင့်တက်လာပြီဟု ဗစ်တိုးရီးယား ရဲဌာနအကြီးအကဲ ခရစ်စတင်း နစ်ဆွန်က ပြောကြားခဲ့သည်။
ဩစတေးလျနိုင်ငံ အရှေ့တောင်ပိုင်းတွင် လောင်ကျွမ်းလျက်ရှိသော တောမီးကို တစ်နာရီ မိုင်(၆၀)နှုန်းဖြင့် တိုက်ခတ်လျက်ရှိသော လေကြောင်းကလည်း အရှိန်ပိုမိုကောင်းမွန်အောင် အားဖြည့်ပေးနေသည့်နှယ်ရှိပြီး အဆိုပါဒေသတွင် မီးပင်လယ်ကြီးသဖွယ် ဖြစ်နေကြောင်း မီးသတ်ဌာနမှ ပြောကြားခဲ့သည်။ သေဆုံးသူ အတော်များများသည် မီးလျံများကြားတွင် ပိတ်မိပြီး လောင်ကျွမ်း သေဆုံးခဲ့သလို အချို့မှာလည်း မီးခိုးများမွှန်ပြီး အသက်ရှူကြပ်ကာ သေဆုံးခဲ့ကြသည်။ အချို့သူများမှာ မော်တော်ကားဖြင့် မောင်းပြေး သော်လည်း မီး၏ ကူးစက်လောင်ကျွမ်းမှု မြန်ဆန်လှသဖြင့် မလွတ်နိုင်ဘဲ ကားအတွင်းမှာပင် သေဆုံးခဲ့ကြကြောင်း သိရသည်။
ယခုအချိန်တွင် စေတနာရှင် လုပ်အားပေးသူများနှင့် မီးသတ်ဝန်ထမ်းများသည် ပြာကျနေသော မီးလောင်မြေများမှ သေဆုံးသူများ၏ ရုပ်ကြွင်းများကို ထပ်မံတွေ့ရှိနေကြဆဲဖြစ်ပြီး နောက်ထပ်လည်း သေဆုံးသူအရေအတွက် များပြားလာမည်ဟု ခန့်မှန်းထားကြသည်။ အမေရိကန်နိုင်ငံ သမ္မတ ဘာရတ်အိုဘားမားနှင့် အခြားသော ကမ္ဘာ့ထိပ်သီး နိုင်ငံအတော်များများက ဩစတေးလျ သက်ဆိုင်ရာ အာဏာပိုင်များထံ အကူအညီများ ပေးပို့သွားမည်ဟု ကတိပြု ကမ်းလှမ်းထားပြီး ဩစတေးလျ ပြည်သူများ၏ သောကကို စာနာပါကြောင်း သတင်းထုတ်ပြန်ခဲ့ကြသည်။
တောမီးလောင်၍ လူအမြောက်အမြား သေဆုံးရမှုအတွက် သြစတေးလျ ဝန်ကြီးချုပ်အား နိုင်ငံတဝှမ်းတွင် ဝေဖန်မှုများ မြင့်တက် လျက်ရှိသည်။ ဗစ်တိုးရီးယားတောမီးမှာ ဆက်လက် အရှိန်ကောင်းနေဆဲဖြစ်ပြီး မီးသတ်ဝန်ထမ်းများကလည်း တောမီးကို ထိန်းချုပ် နိုင်ရန် ခက်ခဲနေဆဲဖြစ်ကြောင်း ၀န်ခံထားကြသည်။ ယခုလောင်ကျွမ်းသည့် တောမီးမှာ သြစတေးလျနိုင်ငံ သမိုင်းတလျောက် အဆိုးရွားဆုံးဖြစ်ကြောင်းလည်း သိရသည်။

source by : http://www.planet.com.mm/news/read.cfm/id/11851

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */