ဖနိဒါ | ချင်းမိုင် (မဇ္ဈိမ) ။ ။ လေဘေးဒုက္ခသည်များအရေး သတင်းလိုက်ယူသဖြင့် ထောင်ဒဏ် ၂ နှစ်ကျခံ နေရသည့် Ecovision ဂျာနယ်မှ သတင်းထောက် မအိမ့်ခိုင်ဦးအား တိုကျိုအခြေစိုက် APF သတင်းဌာနက ဂျပန်သတင်းထောက် ကန်ဂျိ နာဂအိ အမှတ်တရ သတင်းလွတ်လပ်ခွင့်ဆုကို မကြာမီ ချီးမြှင့်သွားမည်။
၂၀၀၇ ခုနှစ်လူထုဆန္ဒပြပွဲတွင် သတင်းယူနေစဉ် စစ်သားများ၏ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရသူ ကန်ဂျိ နာဂအိ ( ၅၀ နှစ်) အမှတ်တရဆုကို အသက် ၂၄ နှစ်အရွယ်ရှိ မြန်မာအမျိုးသမီး သတင်းထောက် မအိမ့်ခိုင်ဦးအား ပထမဆုံးအကြိမ် ပေးအပ်ရန် Alicia Patterson Foundation ခေါ် APF သတင်းဌာနက ရွေးချယ်လိုက်ခြင်း ဖြစ်သည်။
''သတင်းအတွက် စွန့်လွှတ်စွန့်စားပြီး လုပ်ဆောင်တဲ့ သတင်းသမားကို မြန်မာသတင်းသမဂ္ဂက အကြံရခဲ့တယ်။ APF ကနေ ပံ့ပိုးကူညီဖို့၊ သူ့ကို မမေ့ပျောက်စေဖို့ လေးစားဂုဏ်ပြုတဲ့အနေနဲ့ ဒီဆုပေးဖို့ သဘောတူခဲ့တယ်" ဟု မြန်မာသတင်းသမဂ္ဂ BMA မှ အတွင်းရေးမှူး ဦးစံမိုးဝေက မဇ္ဈိမကို ပြောသည်။
BMA က APF နှင့် ကန်ဂျိ နာဂအိ၏ မိသားစုအား အဆိုပြုကာ မြန်မာနိုင်ငံအတွင်းရှိ သတင်းသမားများအား သတင်းလွတ်လပ်ခွင့်အတွက် အကျိုးရှိစေရန် ရည်ရွယ်၍ ဆုချီးမြှင့်ရန် အကြံပြု တင်ပြခဲ့ခြင်း ဖြစ်သည်။
ဦးစံမိုးဝေက "ဒီဆုပေးတာက ဂျပန်သတင်းထောက် မြန်မာပြည်မှာ သေဆုံးခဲ့တယ်ဆိုတာကို သတိရစေဖို့နဲ့ မြန်မာပြည်မှာရှိတဲ့ သတင်းသမားတွေ ဘယ်လောက် ခက်ခက်ခဲခဲနဲ့ သတင်းလုပ်နေရတယ်ဆိုတာကို ပြချင်လို့ ဖြစ်ပါတယ်" ဟု ပြောသည်။
မအိမ့်ခိုင်ဦးသည် ၂ဝဝ၈ ခုနှစ် မေလဆန်းက တိုက်ခတ်သည့် နာဂစ်မုန်တိုင်းအပြီး ဇွန်လ ၁ဝ ရက်နေ့တွင် တောင်ဒဂုံမြို့နယ်ရှိ လေဘေးဒုက္ခသည် ဦးရေ ၃ဝ ခန့်က ရန်ကုန်ရှိ နိုင်ငံတကာမှ အစိုးရ မဟုတ်သောအဖွဲ့ NGO များထံ သွားရောက်၍ အကူအညီတောင်းရာတွင် သတင်းလိုက်ယူရင်း တာမွေမြို့နယ် နတ်မောက်လမ်းရှိ (UNDP) ရုံးရှေ့တွင် အဖော်ဖြစ်သူ ကိုကျော်ကျော်သန့်နှင့်အတူ အဖမ်းခံခဲ့ရသည်။
သူတို့ကို တာမွေမြို့နယ် တရားရုံးက လူထုကို ဆူပူစေရန် လှုံ့ဆော်မှု ပုဒ်မ ၅ဝ၅ (ခ)ဖြင့် ပြီးခဲ့သည့်နှစ် နိုဝင်ဘာလ ၁၄ ရက်နေ့တွင် ထောင်ဒဏ် ၂ နှစ် ချမှတ်ခဲ့သည်။
ဆုကို ထိုင်းနိုင်ငံတွင် ကျင်းပမည့် BMA ညီလာခံ၌ ယခုလ ၂၁ ရက်နေ့တွင် ချီးမြှင့်သွားမည် ဖြစ်သည်။
source by : http://www.mizzimaburmese.com/news/inside-burma/2446-2009-02-16-11-58-37.html
မအိမ့်ခိုင်ဦးကို သတင်းလွတ်လပ်ခွင့်ဆု ချီးမြှင့်
Subscribe to:
Post Comments (Atom)
ယနေ့ မြန်မာပြက္ခဒိန်
လာလည်သူ အပေါင်း
သတင်းဋ္ဌာနများ
မိတ်ဆွေ ဘလော့ဂ်များ
သင် ဘယ်ကလာ
ပို့စ် အဟောင်းများ
ဗုဒ္ဓမြတ်စွာ ဘုရား
|
0 comments:
Post a Comment