ကုလ လူ့အခွင့်အရေး ကိုယ်စားလှယ် အင်းစိန်ထောင်တွင်း စစ်ဆေး

Monday, February 16, 2009 ·

မဇ္ဈိမ | နယူးဒေလီ (မဇ္ဈိမ) ။ ။ ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူးသံတမန် တောမတ်စ် အိုဂျီ ကွင်တားနားသည် တင်္နလာနေ့ မွန်းလွဲပိုင်းတွင် အင်းစိန်ထောင်တွင်း သွားရောက်လည်ပတ်ခဲ့သည်။

နိုင်ငံရေးအကျဉ်းသားများနှင့် တွေ့ဆုံခွင့်ကို စစ်အစိုးရထံ တောင်းဆိုထားခဲ့သည့် ကွင်တားနားသည် နာမည်ဆိုးဖြင့် ကျော်ကြားသော ရန်ကုန်မြို့ရှိ အင်းစိန်ထောင်သို့ မွန်းလွဲ ၃ နာရီခွဲတွင် ၀င်ရောက်သွားခဲ့သည်။

ရွှေသံစဉ်တီးဝိုင်းမှ ကိုဝင်းမော်နှင့် အီကိုဗီးရှင်းဂျာနယ်သတင်းထောက် မအိမ့်ခိုင်ဦးတို့အပါအ၀င် ယုံကြည် ချက်ကြောင့် အကျဉ်းကျခံနေရသူ ၄၀၀ ကျော်ရှိသည့် အင်းစိန်ထောင်အတွင်း မည်သည့် နိုင်ငံရေး အကျဉ်းသားများ နှင့် တွေ့ခွင့်ရမည်ကို မသိရှိနိုင်သေးပါ။

တင်္နဂနွေနေ့က ကုလလူ့အခွင့်အရေး ကျွမ်းကျင်သူသည် ကရင်ပြည်နယ် ဘားအံအကျဉ်းထောင်သို့ တင်္နဂနွေနေ့က လာရောက်ကြည့်ရှု့ခဲ့သည်ဟု အကျဉ်းဦးစီးက ပြောကြားသည်။ မြန်မာပြည်မြောက်ပိုင်းရှိ မြစ်ကြီးနားအကျဉ်းထောင်သတင်းရပ်ကွက်များကလည်း ကွင်တားနားလာရောက်လိမ့်စစ်ဆေးလိမ့်မည်ဟု ပြောကြားသည်။

မြန်မာနိုင်ငံတွင် နိုင်ငံရေးအကျဉ်းသား ၂၀၀၀ ကျော် နိုင်ငံတ၀ှမ်းအကျဉ်းထောင်များတွင် လက်ရှိရှိနေသည်။ စစ်အစိုးရက သြဂုတ်လ ၂၀၀၈ ခုနှစ်ကတည်းက သူတို့ကို ဆန့်ကျင်သည့် နိုင်ငံရေးလှုပ်ရှားသူများကို နှစ်ရှည်ထောင်ဒဏ်များချမှတ်ပြီး နာမည်ထင်ရှားသူများမှာ ဝေးလံခေါင်ဖျားသော အရပ်ဒေသများရှိ ထောင်များသို့ ပြောင်းရွှေ့ခြင်းခံရသည်။

ကွင်တားနားည် မြန်မာနိုင်ငံကို ဒုတိယအကြိမ်လာရောက် လည်ပတ်ခြင်းဖြစ်ပြီး ဖေဖော်ဝါရီ ၁၉ ရက်အထိ နေမှာဖြစ်သည်။ ကုလသမဂ္ဂရုံ့းအဆိုအရ သူသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အပါအ၀င် နိုင်ငံရေး ပါတီများ နှင့်လည်း တွေ့ဆုံရန် မေတ္တာရပ်ခံထားသော်လည်း တင်္နလာနေ့အထိ အကြောင်းပြန်ကြားချက် မရသေးဘဲ ဖြစ်နေသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပြောရေ့းဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက " အခုချိန်ထိတော့ တွေ့ဆုံဆွေးနွေးဖို့ အကြောင်းကြားတာ မရှိသေးဘူး" ဟု ပြောသည်။

source by : http://www.mizzimaburmese.com/news/inside-burma/2444-2009-02-16-11-14-21.html

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */