အိုင်အယ်အိုနှင့် စစ်အစိုးရ နားလည်မှုစာချွန်သက်တမ်းတနှစ်တိုး

Saturday, February 28, 2009 ·

NEJ | အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) အမှုဆောင် ညွှန်ကြားရေးမှူး Mr.Kari Tapiola နှင့် နအဖ အလုပ်သမားဝန်ကြီး ဦးအောင်ကြည်တို့ ဖေဖော်ဝါရီ (၂၅) ရက်တွင် တွေ့ဆုံခဲ့ကြပြီး (၂၆) ရက်တွင် နောက်ထပ်တနှစ်တာ အဓမ္မခိုင်းစေမှု တိုင်ကြားချက်များ ဆောင်ရွက်ရန် နောက်ဆက်တွဲ နားလည်မှု ရယူခဲ့ကြသည်ဟု နေ့စဉ်ထုတ်သတင်းစာများက ဖော်ပြခဲ့သည်။

အဆိုပါ နောက်ဆက်တွဲ နားလည်မှု စာချွန်လွှာသည် တိုင်ကြားသူများ၊ အဓမ္မစေခိုင်းခံရသူများ ၊ တိုင်ကြားချက် တင်ပြခြင်း နှင့် ဆက်နွယ်နေသော အခြားပုဂ္ဂိုလ်များကို နှောင့်ယှက်ခြင်း တရားစွဲဆိုခြင်း သို့မဟုတ် တနည်းနည်းဖြင့် လက်စားချေခြင်း၊ လက်တုံ့ပြန် အရေးယူခြင်းများမှ အကာအကွယ်ရရှိနိုင်ရန် အာမခံချက် ပေးထားကြောင်း ရန်ကုန် (ILO) ရုံးခွဲ အင်တာနက် စာမျက်နှာတွင် ဖော်ပြထားသည်။

အဓမ္မခိုင်းစေမှု ပပျောက်ရေးနှင့် စပ်လျဉ်းသည့် တိုင်ကြားပုံနည်းစနစ်ကို ထည့်သွင်း ဖော်ပြထားရာ ပမာဏ တိုင်ကြားမှုကို ရပ်ကွက်၊ မြို့နယ် သို့မဟုတ် ခရိုင်အဆင့် ဒေသဆိုင်ရာ အာဏာပိုင်များမှ တဆင့်ပြု လုပ်နိုင်ပြီး အခြေအနေမပေးပါက အိုင်အယ်လ်အို ဆက်သွယ် ညှိနှိုင်းရေး အရာရှိနှင့် ဆက်သွယ်တိုင်ကြားနိုင်ကြောင်း ဖော်ပြထားသည်။

အိုင်အယ်လ်အို ဆက်သွယ်ညှိနှိုင်းရေးအရာရှိအား ဖုန်း၊ ဖက်စ်၊ အီးမေလ်၊ စာတိုက်တို့မှ ဆက်သွယ်နိုင်သကဲ့သို့ လူကိုယ်တိုင် ဆက်သွယ်တိုင်ကြားမှုလည်း ပြုလုပ်နိုင်သည်။

အဓမ္မစေခိုင်းမှုများနှင့် စပ်လျဉ်းကာ အဓမ္မစေခိုင်းခံရသူများ (သို့) ဆွေမျိုးသားချင်းများအပြင် အခြား သက်ဆိုင်ရာ ပုဂ္ဂိုလ်များမှလည်း တိုင်ကြားနိုင်သည်။

အဓမ္မခိုင်းစေမှုတွင် တပ်သားအဖြစ် အဓမ္မစုဆောင်းခြင်းသည်လည်း အကျုံးဝင်သည်။ ရန်ကုန် (ILO) ရုံးခွဲ၏ ဆောင်ရွက်ပေးချက်ကြောင့် ကလေးစစ်သား (၂) ဦး ပြန်လည်လွတ်မြောက်လာမှုကို ခေတ်ပြိုင်က ပြီးခဲ့သည့်နှစ် နိုဝင်ဘာလအတွင်းက ဖော်ပြခဲ့ပြီး ဖြစ်သည်။

ရန်ကုန် အိုင်အယ်အိုမှ ထုတ်ပြန်ထားသည့် အဓမ္မခိုင်းစေမှု ပပျောက်ရေးနှင့် စပ်လျဉ်းသည့် တိုင်ကြားပုံနည်းစနစ် အပြည့်အစုံကို ဖတ်ရှုရန်

source by : http://www.khitpyaing.org/news/February_09/27-2-09d.php

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */