မြန်မာငွေဈေး မြင့်တက်

Saturday, February 14, 2009 ·

သန်းထိုက်ဦး | ချင်းမိုင် (မဇ္ဈိမ) ။ ။ အိမ်နီးချင်းနိုင်ငံများ၏ ငွေကြေးနှင့် လဲလှယ်ရာတွင် မြန်မာငွေဈေး မြင့်တက်လာနေဆဲဖြစ်သည်။

ပြီးခဲ့သည့်လ နောက်ဆုံးအပတ်တွင် မြန်မာကျပ်ငွေ တသိန်းသည် ထိုင်း ဘတ် ၃၂၀၀ ပေါက်ဈေးရှိရာမှ၊ ယခုအခါ ဘတ် ၃၅၀၀ အထိ ဖြစ်လာသည်။

"တရုတ်နှစ်သစ်ကူး မတိုင်ခင် ၂၄ ရက်နေ့လောက်က အဲဒီကနေပြီးတော့ ၃၂၅၀ (ဘတ်) ကနေ မကျတဲ့အပြင် အခု ၃၅၀၀ ဖြစ်နေပြီ။ တရုတ် နှစ်သစ်ကူး မတိုင်ခင်ကတည်းက ထင်တာကတော့ တရုတ်နှစ်ကူးပြီးရင် ပြန်ကျမလားပေါ့။ စောင့်နေတာ၊ မကျဘူး" ဟု ထိုင်းနိုင်ငံမှ ငွေလွှဲလုပ်ငန်း လုပ်ကိုင်နေသူ မြန်မာတဦးက မဇ္ဈိမကို ပြောသည်။

သူက ဆက်ပြီး ''ကုန်သည်တွေက ပိုက်ဆံမရှိဘူး။ ပိုက်ဆံမရှိတော့ သူတို့ ပိုက်ဆံကို သူတို့ ထိန်းတာလေ။ ရှင်းရှင်းပြောရရင်တော့ အဲဒါကြောင့် မြန်မာငွေဈေး တက်သွားတာ ဖြစ်မယ်'' ဟု ထင်ကြေးပေးသည်။

အလားတူ အိန္ဒိယ-မြန်မာနယ်စပ်တွင်လည်း နှစ်နိုင်ငံငွေလဲနှုန်းတွင် အိန္ဒိယရူပီးမှာ တရက်ထက်တရက် ကျလာသဖြင့် ကုန်သည်များအနေဖြင့် အရောင်းအ၀ယ် သိပ်မဖြစ်ကြောင်း အမည်မဖော်လိုသူ ကုန်သည်တဦးက ယခုလို ပြောသည်။

"ငွေဈေးတွေက ထိုးကျနေတယ်။ ဒီနေ့ ပေါက်ဈေးက အိန္ဒိယ ၁၀၀ ကို မြန်မာကျပ် ၂၀၉၀ ပဲ ရှိတယ်။ အရင်တပတ်က ၂၁၅၀ ပေါက်တယ်။ တနေ့ထက်တနေ့ (အိန္ဒိယ) ငွေဈေးတွေ ကျလာတယ်။ အရောင်းအ၀ယ်ကတော့ ပုံမှန်အခြေအနေလို့ ပြောလို့ရတယ်။ ငွေလဲနှုန်းနဲ့ကျတော့ အရောင်းအ၀ယ်က သိပ်မဖြစ်တော့ဘူးပေါ့" ဟု သူက ပြောသည်။

ထို့အပြင် တရုတ် ယွမ်ငွေသည်လည်း ပြီးခဲ့သည့်လ ဒုတိယပတ်အတွင်းက ငွေလဲနှုန်းမှာ ကျပ် တထောင်လျှင် ၅ ဒဿမ ၃ ယွမ် ပေါက်ဈေး ရှိခဲ့ရာမှ၊ ယခုအခါ ၆ ဒဿမ ၃၆ ယွမ် ရှိနေသည်။

source by : http://www.mizzimaburmese.com/news/inside-burma/2435-2009-02-13-12-45-10.html

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */