မဇ္ဈိမ သတင်းထောက် ပြန်လွတ်လာပြီ

Saturday, February 14, 2009 ·

နန်းဒေ၀ီ | နယူးဒေလီ (မဇ္ဈိမ) ။ ။ ကာလကတ္တားမြို့ အကျဉ်းထောင်တခုတွင် တနှစ်နှင့် ၄ လကြာ ထိန်းသိမ်းခံရပြီးနောက် မဇ္ဈိမ သတင်းထောက်တဦးကို အိန္ဒိယက ယခုလ ၁၁ ရက်နေ့တွင် ပြန်လွှတ်ပေးခဲ့သည်။

နိုင်ငံခြားသား အက်ဥပဒေ ချိုးဖောက်မှုဖြင့် ၂၀၀၇ ခုနှစ် စက်တင်ဘာလအတွင်းက ဖမ်းဆီးခံခဲ့ရသော ဦးကျော်မိုးကို ဒွန်ဒွန် အကျဉ်းထောင်တွင် ထိန်းသိမ်း ထားခဲ့ပြီးနောက် ဘင်္ဂလားဒေ့ရှ်နယ်ခြားဘက်သို့ ပြန်လွှတ်ပေးခဲ့ခြင်းဖြစ်သည်။

ဦးကျော်မိုးက ''လွတ်မြောက်လာတယ်ဆိုတော့ ပျော်တာပေါ့။ မိသားစုတွေလည်း ၀မ်းမြောက်တာပေါ့။ ကျနော့်အတွက်တော့ ဒီလောက်လည်း မဟုတ်ပါဘူး။ ဒီလိုပဲ နိုင်ငံရေး လုပ်တယ်ဆိုတော့၊ နိုင်ငံခြားမှာနေတော့ အတွေ့အကြုံတော့ ရှိမှာပဲ။ သွားခါတလှည့်၊ ခလုတ်တိုက်လိုက် ဒီလိုပဲ ဖြစ်မှာပဲ'' ဟု ပြောသည်။

''ကျန်းကျန်းမာမာပါပဲ။ ဒါပေမဲ့ အတွင်းဝေဒနာတွေ ခံစားရတယ်။ ဘယ်ဘက် ရင်ခေါင်းအောင့်တာ ၅ နှစ်လောက်ရှိပြီ။ အထဲမှာ အပ်နဲ့ ထိုးသလို ခံစားရတယ်။ ထောင်ကနေ ပြောလိုက်တာက CT scan လုပ်ရမယ် ပြောတယ်။ အဆုတ်ကဖြစ်တယ်လို့ ပြောတယ်။ အရင်ကတော့ အဆုတ်ရောဂါဖြစ်တာ ပျောက်သွားပြီ'' ဟု သူကဆက်ပြောသည်။

တနှစ်ခွဲခန့်ကြာ မိသားစုနှင့် ခွဲခွာနေခဲ့ရသူ ဦးကျော်မိုးသည် ယမန်နေ့က ဇနီးသည်၊ ကလေး ၃ ဦးနှင့် ပြန်လည်ဆုံစည်းလိုက်ရသည်။

"ထီပေါက်သလိုပါပဲ" ဟု ဦးကျော်မိုး၏ ဇနီးက မဇ္ဈိမကို တယ်လီဖုန်းမှတဆင့် ပြောဆိုခဲ့သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြို့တော် ဒါကာတွင် အခြေစိုက်သော ဦးကျော်မိုး (ကလောင်အမည် ငြိမ်းချမ်း)သည် မဇ္ဈိမက ကာလကတ္တားတွင် ပြုလုပ်သော စာနယ်ဇင်းသင်တန်း တက်ရောက်အပြီး အပြန်တွင် အိန္ဒိယ-ဘင်္ဂလားဒေ့ရှ် နယ်စပ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးခဲ့သည်။

သူ့ကို ဘင်္ဂလားဒေ့ရှ်ရှိ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး - UNHCR က ဒုက္ခသည်အဖြစ် အသိအမှတ်ပြုထားသော်လည်း နယ်ခြားကို တရားမ၀င် ဖြတ်ကျော်မှုဖြင့် တရားစွဲဆိုခံခဲ့ရသည်။

နိုင်ငံခြားသား အက်ဥပဒေအရ ၂၀၀၈ ခုနှစ် မေလ ၂၆ ရက်နေ့တွင် တရားရုံးက ရက်ပေါင်း ၂၅၀ ထောင်ဒဏ် ချမှတ်ခဲ့သည်။

အိန္ဒိယက ၁၉၉၈ ခုနှစ်တွင် အန်ဒမန်နှင့် နီကိုဘာကျွန်းစုတွင် ဖမ်းဆီးထားသော မြန်မာ့လွတ်မြောက်ရေး တိုက်ပွဲဝင် ၃၄ ဦးအတွက် ခုခံရှေ့နေလိုက်ပေးနေသော အဖွဲ့အစည်းဖြစ်သည့် သွေးစည်းရေးကော်မတီကပင် သူ၏ အမှုကိုပါ ကူညီဆောင်ရွက်ပေးခဲ့ပြီး လွတ်မြောက်ရေးအတွက် လျှောက်လဲပေးခဲ့သည်။

မဇ္ဈိမသတင်းဌာန၊ အိန္ဒိယရောက် မြန်မာတက်ကြွလှုပ်ရှားသူများနှင့် UNHCR က ဦးကျော်မိုး လွတ်မြောက်ရေးအတွက် ကြိုးစားခဲ့သော်လည်း အိန္ဒိယအာဏာပိုင်များက အာမခံနှင့် လွှတ်ပေးရန်ပင် ငြင်းဆန်ခဲ့သည်။

ထောင်ဒဏ် ရက်စေ့သွားပြီးသောအခါ အနောက်ဘင်္ဂလားအစိုးရက ဦးကျော်မိုးကို မြန်မာပြည်သို့ ပြန်မပို့ဘဲ ဘင်္ဂလားဒေ့ရှ်ဘက်သို့ ပြန်လွှတ်ပေးခဲ့သည်။ အကယ်၍ မြန်မာပြည်ပြန်ပို့လျှင် အန္တရာယ်ရှိရာ၊ လွှဲပြောင်းခြင်း မပြုပါရန် UNHCR ၊ မဇ္ဈိမနှင့် တက်ကြွလှုပ်ရှားသူများက တောင်းဆိုခဲ့ကြသည်။

source by : http://www.mizzimaburmese.com/news/regional/2436-2009-02-13-12-47-10.html

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */