ရန်ကုန် UNODC ရုံးကို ကုလမှ စာရင်းစစ် မူးယစ်နှင့် အိပ်ခ်ျအိုင်ဗွီ စီမံကိန်းများ ကျေနပ်မှုမရှိ

Thursday, January 22, 2009 ·

သတင်း NEJ ခေတ်ပြိုင် | ရန်ကုန်မြို့ရှိ UNODC ခေါ် ကုလသမဂ္ဂ မူးယစ်ဆေးနှင့် ရာဇ၀တ်မှုရုံးခွဲကို ကုလသမဂ္ဂ စာရင်းစစ်အဖွဲ့က ၀င်ရောက်စစ်ဆေးရာ အိပ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်စ်ရောဂါ စမ်းသပ် ဒေသရွေးချယ်ရာ၌ တစ်ခါသုံးဆေးထိုးအပ်သုံး မြို့နယ်များ ကျန်နေခြင်း၊ အန်ဂျီအိုများအားပေးသည့် စီမံကိန်းငွေကို စောင့်ကြည့်စစ်ဆေးမှုမရှိခြင်း စသည့် ချို့ယွင်းချက်များတွေ့ရကြောင်း ကုလသမဂ္ဂ အစီရင်ခံစာတရပ်၌ ဖော်ပြထားသည်။

ခေတ်ပြိုင်က ဖတ်ရှုခွင့်ရသည့် အဆိုပါ ကုလသမဂ္ဂစာရင်းစစ်အဖွဲ့အစီရင်ခံစာကို ၂၀၀၈ ခု သြဂုတ် (၂၉) ရက်နေ့စွဲဖြင့် ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ကုလစာရင်းစစ် ညွှန်ကြားရေးမှူး Dagfinn Knusten က လက်ထောက် အထွေထွေအတွင်းရေးမှူးချုပ် Mr Antonio Maria Costa ထံ တင်ပြသည့် အစီရင်ခံစာဖြစ်သည်။

မြန်မာနိုင်ငံ၌ ၂၀၀၀ ပြည့်နှစ် အချက်အလက်များအရ ဆေးထိုးအပ်သုံး ဆေးသမားများ၌ အိပ်ခ်ျအိုင်ဗွီ/ အေအိုင်ဒီအက်စ် ရောဂါစွဲနေသူ အရေအတွက်မှာ မန္တလေး (၈၈) ရာနှုန်း၊ လားရှိုး (၈၈) ရာနှုန်း၊ မြစ်ကြီးနား (၇၇) ရာနှုန်းနှင့် ရန်ကုန်တွင် (၃၉) ရာနှုန်းရှိသည်။ သို့သော် ရန်ကုန် UNODC ရုံးက လားရှိုးတခုတည်းကွက်ပြီး စမ်းသပ်မြို့နယ် လုပ်ကိုင်ခဲ့ပြီး အခြား အိပ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်စ်ရောဂါ သံသယရှိသည့် မြို့နယ်များကို စမ်းသပ်စီမံကိန်းထဲ မပါဝင်သည့်အချက်ကို ကုလသမဂ္ဂ စာရင်းစစ်အဖွဲ့က ထောက်ပြထားသည်။


UNAIDS ခေါ် ကုလသမဂ္ဂအေအိုင်ဒီအက်စ်အဖွဲ့၏ ၂၀၀၆ ခု ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတွင် အိပ်ခ်ျအိုင်ဗွီ ရောဂါပိုးစွဲကပ်နေသူပေါင်း (၃၆၀,၀၀၀) ခန့်ရှိပြီး ၂၀၀၅ ခုနှစ်ကုန်တွင် မြန်မာတနိုင်ငံလုံး အိပ်ခ်ျအိုင်ဗွီ/ အေအိုင်ဒီအက်စ် ရောဂါရှိနေသည့် အရွယ်ရောက်သူပေါင်း (၁.၃) ရာနှုန်းရှိသည်။

အထက်ဖော်ပြပါပုံများအရ မြန်မာနိုင်ငံတွင်း စမ်းသပ်မြို့နယ် (၁၆) မြို့နယ်တွင် မူးယစ်ဆေးစွဲသူပေါင်း (၉) သန်းနီးပါးရှိပြီး ဆေးထိုးအပ်သုံး ဆေးစွဲသူဦးရေမှာ အဆိုပါ လူဦးရေစုစုပေါင်း၏ (၁) ရာနှုန်းနီးပါးရှိသည်။ ထို့ကြောင့် ရန်ကုန် UNODC ရုံးအနေဖြင့် ၎င်း၏ အိပ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်စ် စီမံကိန်းများကို ပြန်လည် သုံးသပ်ပြီး လားရှိုးနှင့် မူဆယ်သာမက ဆေးထိုးအပ်သုံး ဆေးစွဲသူများရှိသည့် အခြားဒေသများပါ စီမံကိန်းထဲ အကျုံးဝင်အောင် လုပ်သင့်သည်ဟု ကုလသမဂ္ဂ စာရင်းစစ်အဖွဲ့က အကြံပြုထားသည်။

ရန်ကုန် UNODC ရုံးသည် ၎င်း၏ စီမံကိန်းများအား ကူညီနေသည့် အစိုးရမဟုတ်သည့် အန်ဂျီအိုများအား ထုတ်ပေးငွေမှာ ၂၀၀၇ ခု UNODC အတွက် ချပေးငွေစုစုပေါင်း၏ (၆၀) ရာနှုန်းနီးပါးရှိသည်ဟု ကုလသမဂ္ဂ စာရင်းစစ်အဖွဲ့ အစီရင်ခံစာတွင် ဖော်ပြထားသည်။ သို့သော် အဆိုပါ အန်ဂျီအိုများက ငွေကို မည်သို့ သုံးစွဲကြောင်း ရန်ကုန် UNODC စီမံကိန်းဝန်ထမ်းများက ကြီးကြပ်စိစစ်မှုမရှိဟုပါ အစီရင်ခံစာတွင် ဖော်ပြထားသည်။

ရန်ကုန် UNODC စီမံကိန်းများကို ကူညီနေသည့် အန်ဂျီအို (၃) ခုဖြစ်သည့် CARE, Marie Stopes နှင့် Myanmar Business Coalition ရုံးများသို့ ကုလစာရင်းစစ်အဖွဲ့က သွားရောက် စစ်ဆေးရာ CARE အဖွဲ့ဆိုလျှင် UNODC ချပေးငွေ စုစုပေါင်း၏ (၆၃) ရာနှုန်းကို လစာနှင့် အထွေထွေ အုပ်ချုပ်မှုစရိတ်အဖြစ် ပြထားသည်ကို တွေ့ရကြောင်း ကုလစာရင်းစစ်အဖွဲ့က ထောက်ပြသည်။

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */