ကျောင်းကြို၊ ပို့ ယာဉ်တစီး တိမ်းမှောက်

Thursday, January 22, 2009 ·

သတင်း ဧရာဝတီ | ယနေ့ နံနက်က ဒဂုံ ဆိပ်ကမ်း မြို့နယ်ရှိ ပဲခူးမြစ် လမ်းမပေါ်တွင် ကျောင်းကား တစီး တိမ်းမှောက်ခဲ့ရာ ယာဉ်ပေါ် ပါရှိသည့် ကျောင်းသားများ ဒဏ်ရာရရှိ ခဲ့ကြောင်း ဒဂုံဆိပ်ကမ်းမြို့နယ် ရဲစခန်းမှ တာဝန်ရှိသူ တဦးက အတည်ပြု ပြောကြားသည်။

ယနေ့ နံနက် ၇ နာရီ ၂၅ မိနစ်ခန့်က သန်လျှင် ဂျီတီစီ ကျောင်း ကြို/ပို့ ပြုလုပ်သည့် ဘီအမ် အမျိုးအစား၊ ယာဉ်အမှတ် ၂ခ/၂၄၃၁ သည် တောင်ဒဂုံမှ တဆင့် ယုဇန ဥယျာဉ် မြို့တော်တွင် နေထိုင်သည့် ကျောင်းသားများကို ဝင်ကြိုရန် အသွား ပဲခူးမြစ် လမ်းမပေါ်တွင် မောင်းနှင်လာစဉ် လိုင်းကား တစီးကို ရှောင်ရင်း လမ်းဘေး မြောင်းထဲ ထိုးကျ တိမ်းမှောက် သွားခဲ့သည်ဟု သိရသည်။

ထိုသို့ တိမ်းမှောက်မှု ဖြစ်ပွားခဲ့ရာ ယာဉ်ပေါ် ပါရှိသည့် ကျောင်းသားများ ဒဏ်ရာ အနည်းငယ်စီ ရရှိခဲ့သော်လည်းး ပြင်းထန်စွာ ဒဏ်ရာရသူ မရှိဟု ဒဂုံဆိပ်ကမ်း ရဲစခန်းမှ တာဝန်ရှိသူက ဆိုသည်။

သန်လျင်မြို့တွင် အရှေ့ပိုင်း တက္ကသိုလ်၊ သန်လျင် ဂျီတီစီ၊ သမဝါယမ ကောလိပ်နှင့် ရေကြောင်း တက္ကသိုလ်တို့ ဖွင့်လှစ်ထားရာ ကျောင်းကား အများစုမှာ ဘီအမ် အမျိုးအစား ယာဉ်ဟောင်းများ ဖြစ်သည်။

“ကျောင်းကားတွေက မောင်းတာ တော်တော်ရမ်းတယ်။ ဘီအမ်တွေ ခဏခဏ မှောက်တယ်။ ဘီအမ်တွေက တော်တော်လည်း စုတ်နေပြီ။ လူမပြည့်ရင် ကားက လုံးဝမငြိမ်ဘူး” ဟု သန်လျင်မြို့ခံ တဦးက ပြောပြသည်။

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */