အမေရိကန်သမ္မတ ကျမ်းသစ္စာကျိန်ဆိုပွဲ လူဖြူအစွန်းရောက်အန္တရာယ်ရှိဟု FBI သုံးသပ်

Wednesday, January 21, 2009 ·

သတင်း NEJ ခေတ်ပြိုင် | ယနေ့ အမေရိကန်နိုင်ငံ ၀ါရှင်တန်ဒီစီမြို့တော်၌ ကျင်းပမည့် အိုဘားမား၏ သမ္မတသစ် ကျမ်းသစ္စာ ကျိန်ဆိုပွဲတွင် နာမည်ရ နိုင်ငံတကာအကြမ်းဖက်သမားများ တိုက်ခိုက်မည့် သတင်း မရရှိသော်လည်း ၀ါရှင်တန်မြို့တော် နယ်နိမိတ်အတွင်း လမ်းပန်းဆက်သွယ်ရေးများကို နှောင့်ယှက်နိုင်သည့် သံသယလုပ်ရပ်များရှိနေသည်ဟု လုံခြုံရေးကြိုတင် သုံးသပ်ချက်အစီရင်ခံစာတရပ်တွင် ဖော်ပြထားသည်။

သမ္မတသစ် အိုဘားမား၏ ကျမ်းသစ္စာကျန်ဆိုပွဲကို ဆန့်ကျင်သည့် ဆန္ဒပြသူများ၊ အဖွဲ့အစည်းများ၊ ကမ္ဘာ့နိုင်ငံရေးနှင့် အခြား ပြဿနာများအပေါ် ကန့်ကွက်ဆန္ဒပြသူတို့ကြောင့် လမ်းများ ပိတ်ဆို့နိုင်သည်ဟု မှန်းထားကြောင်း ခေတ်ပြိုင်က ဖတ်ရှုခွင့်ရသည့် အမေရိကန် လုံခြုံရေးအဖွဲ့ (၁၅) ဖွဲ့ စုပေါင်းသုံးသပ်ထားသည့် လုံခြုံရေး အစီရင်ခံစာတွင် ဖော်ပြထားသည်။
အိုဘားမား၏ သမ္မတသစ် ကျမ်းသစ္စာကျိန်ဆိုပွဲကို လူ (၁) သန်းခွဲမှ (၂) သန်းထိ တက်ရောက်နိုင်သည်ဟု အမေရိကန် လုံခြုံရေးအဖွဲ့များက မှန်းထားသည်။ FBI နှင့် အခြား လုံခြုံရေးအဖွဲ့များ၏ မှန်းဆချက်အရ အိုဘားမား၏ ကျမ်းသစ္စာကျန်ဆိုပွဲကို နိုင်ငံတကာနှင့် ပြည်တွင်း အကြမ်းဖက်မှုအန္တရာယ်ရှိနေကြောင်း ခိုင်လုံသည့် အထောက်အထားမရှိဟု ဆိုသည်။

သို့သော် အမေရိကန်သမိုင်းတွင် ပထမဆုံးအကြိမ် လူမဲသမ္မတ ဖြစ်လာသည့် အခမ်းအနားကြီး ဖြစ်သည့်အတွက် လူဖြူုသည်သာ အမြင့်မြတ်ဆုံးအယူအဆ လက်ကိုင်ထားသည့် တယူသန် ပုဂ္ဂလိက အစွန်းရောက်သမားများ၏ အန္တရာယ်ဖြစ်နိုင်ခြေ များနေသည်ဟု FBI နှင့် အခြား လုံခြုံရေးအဖွဲ့များက သုံးသပ်သည်။

အိုဘားမား၏ သမ္မတသစ် ကျမ်းသစ္စာကျိန်ဆိုပွဲကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ အနှောင့်အယှက်ပေးနိုင်မည့် ဖြစ်နိုင်ခြေရှိသည့် အန္တရာယ်အလားအလာများတွင်-

-အရပ်လုပ်ဖောက်ခွဲရေးပစ္စည်းများသုံးပြီး တိုက်ခိုက်မည့်အန္တရာယ်၊
-ဖောက်ခွဲရေးပစ္စည်းများသုံး လက်နက်ကိုင်တိုက်ပြီး ဓားစာခံလုပ်မည့် အန္တရာယ်၊
-တဦးချင်း အသေခံ ဗုံးဖောက်ခွဲမည့် အန္တရာယ်ဟု သုံးမျိုးခွဲ စဉ်းစားထားကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

အဓိက လေဆိပ် (၃) ခုဖြစ်သည့် ရော်နယ်ရီဂင် လေဆိပ်၊ ၀ါရှင်တန် ဒါးလက်စ် နိုင်ငံတကာ လေဆိပ်နှင့် ဘော်လ်တီမိုး-၀ါရှင်တန် နိုင်ငံတကာ လေဆိပ်များအနက် ၀ါရှင်တန်မြို့တွင်းကျသည့် ရော်နယ်ရီဂင် လေဆိပ်အတွက် မြို့ပြလေကြောင်းဦးစီးဌာနက အထူးလုံခြုံရေးချထားသော်လည်း သမ္မတသစ် ကျမ်းသစ္စာကျိန်ဆိုပွဲကို လေကြောင်းမှ အကြမ်းဖက်မည့် ခြိမ်းခြောက်မှုမျိုး သို့မဟုတ် အဆိုပါ လေဆိပ်များကို အခြေခံပြီး တိုက်မည့် ခြိမ်းခြောက်မှုမျိုး မသိရသေးဟု သုံးသပ်သည်။

ဝါရှင်တန်ဒီစီမြို့တော် လေကြောင်းရန်ကာကွယ်ရေးဇုန် သက်မှတ်ချက်
FBI ဗုံးကျွမ်းကျင်သူများအသုံးပြုသည့် ထရပ်ကား
အိုဘားမား၏ သမ္မတသစ် ကျမ်းသစ္စာကျိန်ဆိုပွဲကို နိုင်ငံတော် အထူးလုံခြုံရေးပွဲအဖြစ် အမေရိကန် ပြည်တွင်းလုံခြုံရေးဝန်ကြီးဌာနက သတ်မှတ်ထားသည်။ လုံခြုံရေးရာ လုပ်ငန်းစဉ်များ စီမံခြင်း၊ ညွှန်ကြားခြင်း၊ အကောင်အထည် ဖော်ခြင်း စသည့် ကိစ္စများအတွက် U.S Secret Service အမေရိကန်သမ္မတ လုံခြုံရေးအထူးတပ်ဖွဲ့က ဦးဆောင် တာဝန်ယူထားသည်။ ကျမ်းသစ္စာကျိန်ဆိုပွဲတွင် သမ္မတ အိုဘားမားကို တိုက်ခိုက်လာသည်ဖြစ်စေ၊ ပွဲတော်အတွင်း အကြမ်းဖက်မှု ပေါ်ပေါက်လျှင်ဖြစ်စေ ထိန်းသိမ်းကာကွယ်ရေး၊ ရာဇ၀တ်မှု စစ်ဆေးရေးကိစ္စများအတွက် FBI ခေါ် ပြည်တွင်းထောက်လှမ်းရေးနှင့် ရာဇ၀တ်မှုခင်း စုံစမ်းဖော်ထုတ်ရေးအဖွဲ့က တာဝန်ယူသည်။

FBI နှင့် အမေရိကန်သမ္မတ လုံခြုံရေးအထူးတပ်ဖွဲ့အပြင် အမေရိကန် တပ်မတော်လက်အောက်ခံ (၅) ဖွဲ့၊ ကက်ပီတိုဟီး ရဲအဖွဲ့နှင့် ၀ါရှင်တန်ဒီစီ မြို့တော်ရဲအဖွဲ့များကလည်း ကျမ်းသစ္စာကျိန်ဆိုပွဲလုံခြုံရေးတွင် အရေးပါသည့် တာဝန်များ ယူထားကြသည်။

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */