မြန်မာ့အရေး အိုဘားမား ဆက်ကူညီရန် မျှော်လင့်

Wednesday, January 21, 2009 ·

သတင်း ကိုစိုး ဧရာဝတီ | အမေရိကန် နိုင်ငံ၏ ၄၄ ယောက်မြောက် သမ္မတ တာဝန်ကို ကျမ်းသစ္စာ ကျိန်ဆို၍ မကြာမီ ထမ်းဆောင် တော့မည့် ပထမဆုံး လူမည်းသမ္မတ မစ္စတာ ဘရက် အိုဘားမား အပေါ် အတိုက်အခံများနှင့် မြန်မာ့အရေး လေ့လာသူများက မြန်မာပြည် အပြောင်းအလဲ အတွက် ကူညီ ဆောင်ရွက်ရန် မျှော်လင့်ကြ သော်လည်း ထူးခြားသည့် အပြောင်းအလဲ မဖြစ်နိုင်ကြောင်း ပြောဆိုကြသည်။


သမ္မတ အိုဘားမား စနေနေ့က ပင်ဆယ်လ် ဒေးရီးယား ပြည်နယ်ရှိ ၎င်း၏မြို့ ဖီလာဒဲဖီးယား ဘူတာရုံတွင် မိန့်ခွန်း ပြောကြားနေစဉ် (ဓာတ်ပုံ - ရိုက်တာ)
မစ္စတာ အိုဘားမား၏ လက်တွေ့ လုပ်ဆောင် ချက်များကို မတွေ့ရသေး သော်လည်း အမေရိကန် နိုင်ငံ၏ အခြေခံ မူဝါဒ အပြောင်းအလဲ များများ စားစား မရှိနိုင်သောကြောင့် မြန်မာ့အရေး အတွက် ဆက်လက် ထောက်ခံနေမည်ဟု မျှော်လင့်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက ပြောဆိုသည်။

“မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး လှုပ်ရှားမှုအတွက် အမေရိကန်က ဆက်လက် ထောက်ခံမှု ပေးနေမယ် လို့တော့ ကျနော်တို့ ယုံကြည်ပါတယ်၊ ဒီအတိုင်းပဲ ဆက်လက် ထောက်ခံ နေမယ် လို့လည်း မျှော်လင့်ပါတယ်” ဟု ဦးဥာဏ်ဝင်း က ဧရာဝတီသို့ ပြောသည်။

ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဦးအေးသာအောင်ကမူ မစ္စတာ အိုဘားမားသည် မြန်မာနိုင်ငံ ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ထူးထူးခြားခြား အထောက်အကူ ဖြစ်လာရန် မျှော်လင့်မထားဟု ဆိုသည်။

“မြန်မာနိုင်ငံ ဒီမိုကရေစီတည်ဆောက်ဖို့အတွက်၊ အသွင်ကူးပြောင်းဖို့ အတွက်၊ အပြောင်းအလဲ ဖြစ်ဖို့အတွက်က တော့ အဓိက မောင်းနှင်အားသည် ပြည်တွင်းမှာရှိတဲ့ ပြည်သူတွေနဲ့ နိုင်ငံရေး အင်အားစုတွေ၊ တိုင်းရင်းသား အင်အားစုတွေပဲ အဓိက ဖြစ်ပါတယ်”ဟု ဦးအေးသာအောင်က ပြောဆိုသည်။

သို့သော် မြန်မာ့ဒီမိုကရေစီရေးအတွက် အမေရိကန် အပါအ၀င် နိုင်ငံတကာ အသိုင်းအ၀န်း၏ ထောက်ပံ့ကူညီမှု သည်လည်း အရေးပါသည်ဟု ၎င်းက ဆိုသည်။

ယခုတက်လာမည့် အိုဘားမား အစိုးရအဖွဲ့အနေနှင့် မြန်မာ စစ်အစိုးရ အပြောင်းအလဲ ဖြစ်ရန် ဆောင်ရွက်နိုင် မည်ဟု မျှော်လင့်၍မရကြောင်း သတင်းစာ ဆရာဟောင်း လူထု စိန်ဝင်း ကလည်း ပြောသည်။

“ကျနော်တို့က နဂိုကတည်းက ဘယ်သူ့မှ အားမကိုးနဲ့ ကိုယ်လုပ်မှကိုယ်ရမယ်ဆိုတာပဲ၊ အခုလည်း အဲဒီအတိုင်း ထပ်ပြီး ဆော်သြချင်တယ်၊ အိုဘားမားကိုလည်း အားကိုးမနေပါနဲ့ ဘန်ကီမွန်းလည်း အားကိုးမနေပါနဲ့ ကိုယ့်အား ကိုယ်ကိုးပါလို့”ဟုလည်း ၎င်းက ဆက်လက် ပြောဆိုသည်။

အမေရိကန်အစိုးရ၏ စီးပွားရေးပိတ်ဆို့ ဒဏ်ခတ်မှုသည် မြန်မာပြည်အပြောင်းအလဲအတွက် ထိရောက်မှုမရှိ ကြောင်း၊ အစိတ်အပိုင်း တခုသာလျှင် သက်ရောက်မှုရှိကြောင်းနှင့် စစ်အစိုးရအပြောင်းအလဲ ဖြစ်ရန် မစွမ်းဆောင် နိုင်ကြောင်းလည်း လူထု စိန်ဝင်းက ပြောသည်။

ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း(AAPP) တွဲဖက်အတွင်းရေးမှူး ဦးဘိုကြည်ကမူ မစ္စတာ အိုဘားမားအနေနှင့် အမေရိကန်က မြန်မာစစ်အစိုးရအပေါ် စီးပွာေးရး ပိတ်ဆို့ ဒဏ်ခတ် မှုကို ဆက်လက် ထိန်းသိမ်းသွားရန်လိုကြောင်း၊ မြန်မာ့အရေးနှင့် ပတ်သက်၍ ပြီးခဲ့သည့် အမေရိကန် သမ္မတ များကဲ့သို့ ရပ်တည်သွားမည်ဟု ယုံကြည်ရကြောင်း ပြောဆိုသည်။

အမေရိကန်အနေနှင့် လတ်တလောတွင် စီးပွားရေးပြဿနာ၊ အစ္စရေးနှင့် ဟားမတ်စ် တိုက်ခိုက် နေမှု ပြဿနာများ ရှိနေကြောင်းနှင့် မြန်မာ့အရေးသည် အမေရိကန်အတွက် ပထမဦးစားပေးမဟုတ်ကြောင်းလည်း ၎င်းကဆိုသည်။

ဦးဘိုကြည်က ဆက်လက်ပြီး တရုတ်နိုင်ငံခေါင်းဆောင်များနှင့် အာဆီယံ ခေါင်းဆောင်များသည် မြန်မာ့ အရေး နှင့် ပတ်သက်ပြီး အဖြေထွက်ရှိသည်အထိ ကြိုးစားဆောင်ရွက်သင့်သည်ဟုလည်း ပြောသည်။

“မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး လုံခြုံရေးကောင်စီမှာလည်း အင်အားကြီး ၅ နိုင်ငံနဲ့ တခြား ၁၅ နိုင်ငံ အပါအ၀င် အများလက်ခံတဲ့ အဆင့်တခုရအောင် အသေအချာ ကြိုးစားတာမျိုးကို ဖြစ်စေချင်တယ်”ဟု ဦးဘိုကြည်က ဆို သည်။

ထို့အပြင် ယခုအမေရိကန်အစိုးရသစ်အနေနှင့် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါ အ၀င် နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးရန်၊ အတိုက်အခံအဖွဲ့ခေါင်းဆောင်များ၊ တိုင်းရင်းသား ခေါင်း ဆောင်များနှင့် တွေ့ဆုံဆွေးနွေးရေးပြုလုပ်၍ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြန်လည်သုံးသပ်ရန်များကို ဖိအား ပေး ဆောင်ရွက် ခြင်းတို့အား တွေ့မြင်လိုကြောင်းလည်း ၎င်းက ဆိုသည်။

အာဖရိကန်နွယ်ဖွား မစ္စတာ အိုဘားမားသည် ၂၀၀၈ ခု နိုဝင်ဘာ လဆန်းပိုင်းက ကျင်းပသည့် အမေရိကန်နိုင်ငံ သမ္မတ ရွေးကောက်ပွဲတွင် ဒီမိုကရက် ပါတီင်္ ဘက်မှ ၅၂ ရာခိုင်နှုန်းဖြင့် မဲအနိုင်ရရှိခဲ့ပြီး သမ္မတ ဖြစ်လာခဲ့သူ ဖြစ် သည်။

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */