ပါရမီတက္ကစီ ဗိုလ်မှူးချုပ်တွေသာ ရောင်းမည်

Friday, January 23, 2009 ·

သတင်း NEJ ခေတ်ပြိုင် | စစ်တပ်ပိုင် မြန်မာ့စီးပွားရေး ဦးပိုင်အောက်ရှိ ပါရမီကုမ္ပဏီအတွက် တက္ကစီကား အသစ် အစီး (၉၀) ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ရောက်လာရာ ရောင်းချပေးမည့်သူများမှာ အငြိမ်းစား စစ်အရာရှိများသာ ဖြစ်သည့်အတွက် အမှန်တကယ်သုံးလိုသူများ မကျေမနပ်ဖြစ်နေသည်ဟု စုံစမ်းသိရသည်။

အဆိုပါ တက္ကစီကား အစီး (၉၀) ကို အငြိမ်းစား ဗိုလ်မှူးကြီးများနှင့် ဗိုလ်မှူးချုပ်များသာ ရောင်းချပေးမည် ဆိုသည့်အတွက် တက္ကစီဝယ်လိုသူများ မကျေနပ်ခြင်းဖြစ်သည်ဟု မြန်မာ့စီးပွားရေး ဦးပိုင် အရာရှိတဦးက ပြောသည်။

သို့သော် ပါရမီတက္ကစီများမှလွဲ၍ ရန်ကုန်မှ အရပ်သား တက္ကစီသမားများမှာမူ လုပ်ကိုင်ရ အဆင်မပြေကြောင်း တက္ကစီပိုင်ရှင်တဦးက ပြောသည်။

“တက္ကစီပဲဖြစ်ဖြစ်၊ ကိုယ်ပိုင်ကားတွေပဲဖြစ်ဖြစ်၊ ဘတ်စ်ကားတွေပဲဖြစ်ဖြစ် ယာဉ်နှစ်ထပ်ရပ်လို့် ပထမအကြိမ် ပုလိပ်ဖမ်းပြီးလို့ရှိရင် ကျပ် (၂၁,၅၀၀)၊ ဒုတိယအကြိမ် (၅၁,၅၀၀)၊ တတိယအကြိမ်မိလို့ရှိရင် ယာဉ်ကို (၁) လသိမ်းတယ်။ အဲဒီတော့ တက္ကစီနဲ့ ဘယ်လို ထမင်းစားလို့ရတော့မလဲ။ ဗိုလ်ချုပ်လမ်းတို့ ဘာတို့ဟာ လူတင်ဖို့ဟာ အခုညဘက်ပဲဆွဲနေတယ်။ မမြင်မကမ်းနဲ့” ဟု ပြောသည်။

လောလောဆယ် ရန်ကုန် တက္ကစီများကို ငွေ (၂) သိန်း အကုန်ခံပြီး မီတာများ တပ်ထားသော်လည်း ခရီးသည် များမှာ မီတာဖြင့်စီးပါက ဈေးပိုပေးရသည်ဟု ယူဆသည့်အတွက် ပုတ်ပြတ်ဈေးဖြင့်သာ ပေးကြသည်။

တက္ကစီပိုင်ရှင်များအနေဖြင့် တနှစ်ကို ၀င်ငွေခွန်နှင့် ပြေးဆွဲခွန်အဖြစ် အမြတ်တော်ကြေး ကျပ် (၃) သိန်း အစိုးရကို ပေးနေရသည်ဟုလည်း စုံစမ်းသိရသည်။

ရန်ကုန်တွင် တက္ကစီစီးရေ (၁၅,၈၉၅) စီးရှိပြီး စီအန်ဂျီပြောင်းပြီးယာဉ်မှာ (၁၂,၂၃၉) စီးရှိကာ မီတာတပ်ဆင်ပြီး ယာဉ်မှာ (၉,၈၀၂) စီးရှိကြောင်း၊ စီအန်ဂျီပြောင်းထားသော်လည်း မီတာမတပ်ရသေးသော ယာဉ်မှာ (၂,၄၃၇) စီးရှိပြီး ဓာတ်ဆီ၊ ဒီဇယ် City Taxi ယာဉ် (၁,၂၁၉) စီး၊ စုစုပေါင်း မီတာမတပ်ရသေးသော City Taxi မှာ (၃,၆၅၆) စီး ရှိနေသေးကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန၏ စာရင်းများအရ သိရသည်။

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */