ပဲဝယ်ယူရေးဆိုင်ရာ ကုမ္ပဏီများဖွဲ့ခိုင်း

Friday, January 23, 2009 ·

သတင်း မင်းနိုင်သူ ခေတ်ပြိုင် | စီးပွားကူးသန်းဝန်ကြီးဌာနက ပဲနှမ်းကုန်စည်ဒိုင်များမှ အလုပ်အမှုဆောင် များအား ပဲဝယ်ယူရေးဆိုင်ရာ ကုမ္ပဏီများ ဖွဲ့စည်းခိုင်းနေကြောင်း ကုန်သည်ပွဲစားများက ပြောသည်။

စီးပွားကူးသန်းဦးဆောင်မှုဖြင့် UMFCCI ရုံးချုပ်၌ ပဲနှမ်းကုန်စည်ဒိုင်များမှ အမှုဆောင်အဖွဲ့ဝင်များအား ယခုလ (၈) ရက်တွင် ခေါ်ယူကာ ယင်းကိစ္စ အကောင်အထည်ဖော်ရန် ညွှန်ကြားခဲ့ခြင်းဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

“ဘယ်နေ့ဘယ်ရက်မှာ အပြီးသတ်ဖွဲ့ပါလို့တော့ မပြောဘူး။ အမြန်ဆုံးဆောင်ရွက်ပါလို့တော့ ညွှန်ကြားထား တယ်။ အများပိုင်တော့ မဟုတ်တော့ဘူး။ အများနဲ့မဆိုင်တဲ့ ကုမ္ပဏီပဲဖွဲ့တော့မှာ။ လူကြီးတွေက အများပိုင်ကို မသွားနဲ့ဦးဆိုပြီး ပြောင်းညွှန်ကြားလာပြန်တယ်။ ဒီကစိတ်ဝင်စားတဲ့ ကုန်သည်ပွဲစားနဲ့ ရန်ကုန်ကုမ္ပဏီတွေ ပူးပေါင်းပြီးဖွဲ့ရမှာ။ ဒီကလူတွေက ၀ယ်ယူပေါ့။ ရန်ကုန်ကုမ္ပဏီက တင်ပို့ရေး တာဝန်ယူလုပ်ပေါ့။ အဲလိုတော့ ပြောထားတယ်။ အသေးစိတ်ညွှန်ကြားမှုတွေတော့ မရှိသေးဘူး” ဟု မန္တလေးကုန်စည်ဒိုင်အမှုဆောင်တဦးက ပြောသည်။

ဘုရင့်နောင်ပဲဈေးကွက်အတွင်း နိုဝင်ဘာလ၌ ပဲဈေးကွက်ပျက်ကာ ကုန်သည်များ ထွက်ပြေးတိမ်းရှောင်ခဲ့ကြ သည်။ ယင်းဖြစ်ရပ်ကြောင့် ပြည်တွင်း ပဲဈေးကွက်၌ ကမောက်ကမ ဖြစ်ပွားခဲ့ပြီး ယခုအခါ အစိုးရက ပဲဈေးကွက် ကို ထိန်းချုပ်လိုက်ပြီဖြစ်သည်။

လာမည့်ကာလအတွင်း အိန္ဒိယ-မြန်မာ ပဲရောင်းဝယ်မှုကို အစိုးရချင်း တိုက်ရိုက်ချိတ်ဆက်ရောင်းဝယ်သွားတော့ မည်ဖြစ်သည်။ အိန္ဒိယအဖွဲ့ နေပြည်တော်သို့ ၂၀၀၈ ခုနှစ် နိုဝင်ဘာ (၂၃) ရက်တွင် ရောက်ရှိလာပြီး ပဲတန်ချိန် (၁) သန်း ၀ယ်ယူမည်ဆိုသော်လည်း အပြီးသတ်ညှိနှိုင်းမှု မရခဲ့ပေ။

အများပိုင်ကုမ္ပဏီဖွဲ့ရမည်ဟူသော သတင်းများ ပေါ်ထွက်ခဲ့သော်လည်း အစိုးရက မူဝါဒပြောင်းသွားပြန်ကာ အစုရှယ်ယာဝင် (၅၀) ဦးထက် မပိုရသော ကုမ္ပဏီများအသွင် ဖွဲ့စည်းခိုင်းခဲ့ခြင်းဖြစ်သည်။

“(၅၀) ထက်ပိုရင် မြန်မာနိုင်ငံရဲ့ ကုမ္ပဏီစုဖွဲ့မှုဆိုင်ရာ ဥပဒေအရ အများပိုင်ကုမ္ပဏီအဖြစ် သတ်မှတ်တော့ အခုတော့ (၅၀) ထက်မပိုစေနဲ့လို့ ပြောထားတယ်။ ဒီမှာကတော့ သိပ်စိတ်မ၀င်စားကြပါဘူး။ စောစောပိုင်းက အများပိုင်ကုမ္ပဏီဖွဲ့ဖို့ဆိုပြီး အမှုဆောင် အဖွဲ့က ဝေတဲ့အဆိုပြုလွာမှာ ပါဝင်လိုတဲ့ ပွဲစားက (၂၀၀) လောက်ပဲ ရှိတယ်။ ကုန်စည်ဒိုင်အသင်းသား (၇၀၀) ရှိတဲ့အထဲက (၂၀၀) လောက်ပဲဆိုတော့ ထောက်ခံမှုတ၀က်တောင် မရဘူးဆိုရမှာပေါ့” ဟု မုံရွာပွဲစားက ပြောသည်။

စီးပွားကူးသန်းဒု-၀န်ကြီးနှင့် ပုဂ္ဂလိကကုမ္ပဏီတဖွဲ့ အညာဒေသရှိ ကုန်စည်ဒိုင်များသို့ လှည့်လည်ကာ ကုမ္ပဏီဖွဲ့ရေး ဆွေးနွေး သွားခဲ့ကြရာ မုံရွာကုန်စည်ဒိုင်သို့ ယခုလ (၁၈) ရက်တွင် ရောက်ရှိခဲ့ကြောင်း သိရသည်။

“ဒီကိစ္စက မလွယ်ပါဘူး။ အစိုးရက ကုမ္ပဏီဖွဲ့၊ ရန်ကုန် ကုမ္ပဏီတွေနဲ့ ပေါင်းလုပ်ဆိုတော့ ရန်ကုန်ကုမ္ပဏီတွေက ဘယ်လောက် ယုံရမှာမို့တုန်း။ ပြီးတော့ သူတို့က ကုမ္ပဏီပါ သူတို့နဲ့ တပါတည်းခေါ်လာပြီး ပွဲစားလုပ်တယ် ဆိုတော့ သူတို့နဲ့ ပတ်သက်နေတဲ့ ကုမ္ပဏီတွေပဲဖြစ်မှာပေါ့။ သူတို့ကုမ္ပဏီဆိုရင်တော့ ဒီက..နယ်က လူတွေ သူတို့ လုပ်သမျှ ခံပေရော့ဖြစ်မှာပဲ။ ရေနံမှော်တွေကိုပဲကြည့် ဘယ်တုန်းကများ ဒေသခံက ကောင်းကောင်း လုပ်စား ရလို့တုန်း။ သူတို့နဲ့ ပတ်သက်တဲ့ ကုမ္ပဏီကပဲ ခေါင်းပုံဖြတ် အမြတ်ကြီးထုတ်၊ လုပ်ချင်သလို လုပ်သွားတာ။ အခုလည်း ဒီလိုဖြစ်မယ့် သဘောတွေ တွေ့နေရတယ်” ဟု မုံရွာပဲကုန်သည်က သုံးသပ် ပြောဆိုသည်။

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */