စစ်တွေမြို့ လုံခြုံရေးထူထပ်စွာချထား

Thursday, January 22, 2009 ·

သတင်း မင်းနိုင်သူ ခေတ်ပြိုင် | စစ်တွေမြို့တွင် လုံခြုံရေးထူထပ်စွာချထားပြီး ညနေ (၆) နာရီနောက်ပိုင်း ပြင်ပမှကားများအား မြို့တွင်းသို့ ၀င်ခွင့်မပြုဘဲ နောက်နေ့ နံနက်မှသာ ၀င်ခွင့်ပြုကြောင်း ဒေသခံများက ပြောသည်။

“လုံခြုံရေးတွေချထားတာက ဗိုလ်ချုပ်ကြီးမောင်အေး မလာခင်ကတည်းကပဲ။ အခုထိလည်း ချထားတုန်းပဲ။ လုံထိန်းတွေ၊ တပ်တွေအများကြီးပဲ” ဟု ဒေသခံတဦးက ပြောသည်။

စစ်တွေမြို့ကို ၀င်ရောက်ရာ နေရာများတွင် မှတ်ပုံတင်စစ်ဆေးခြင်း၊ မသင်္ကာသူများကို စစ်မေးခြင်းများပြုလုပ်နေပြီး သံဃာနှင့် ကျောင်းသားအရွယ် လူငယ်များအား ပိုမိုစစ်ဆေးနေကြောင်း သိရသည်။
“ဘုန်းကြီးတို့ကိုလည်း မေးတာပေါ့လေ။ ဘယ်ကကြွလာတာလဲ။ ဘယ်ကျောင်းတိုက်ကလည်း၊ ဘယ်နှရက်ကြာမှာလဲ စသဖြင့်ပေါ့လေ။ စစ်တွေလေဆိပ်မှာ ဒါမျိုးမေးတာ ဒီတခါပဲ ကြုံဖူးသေးတယ်။ တခြားလူတွေလည်း လေဆိပ်မှာတောင် ဒီလိုစစ်မေးမှုတွေလုပ်လာတော့ အရမ်းအံ့အားသင့်နေကြတာပေါ့” ဟု စစ်တွေမြို့သို့ ကြွမြန်းခဲ့သော သံဃာတော်တပါးက မိန့်သည်။

စစ်တွေမြို့ အထင်ကရ နေရာများဖြစ်သည့် ဦးရဲကျော်သူကျောင်း၊ ပြည်လုံးချမ်းသာဘုရား၊ လောကနန္ဒာဘုရား၊ စစ်တွေပွိုင့်၊ ဦးဥတ္တမပန်းခြံ၊ ၀င်္ကဘာကွင်းများတွင်လည်း လုံခြုံရေးယူထားခြင်းကြောင့် ဒေသခံများ သွားလာရာတွင် လွတ်လပ်မှုမရှိဟု ခံစားနေကြရကြောင်း ၎င်းတို့က ဆိုသည်။

စစ်တွေမြို့သည် ၂၀၀၇ စက်တင်ဘာအရေးအခင်းအတွင်း နိုင်ငံရေးလှုပ်ရှားမှုများ မပြတ်ရှိခဲ့သောကြောင့် နအဖအစိုးရ၏ တင်းကျပ်စွာကိုင်တွယ်မှု ခံနေရသော မြို့ဖြစ်သည်။

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */