ကုလသမဂ္ဂ အမြဲတမ်းကိုယ်စားလှယ် ဦးကျော်တင့်ဆွေကို ပြန်ခေါ်ပြီ

Thursday, January 22, 2009 ·

သတင်း NEJ ခေတ်ပြိုင် | အမေရိကန်နိုင်ငံ နယူးယော့ခ်မြို့တွင် တာဝန်ထမ်းဆောင်နေသည့် မြန်မာနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ အမြဲတမ်းကိုယ်စားလှယ် ဦးကျော်တင့်ဆွေအား အသက် (၆၀) ပြည့်ပြီးနောက် (၂) ကြိမ်တိုင် သက်တမ်းတိုး တာဝန်ပေးထားခဲ့သည့်အတွက် စစ်အစိုးရက ပြန်ခေါ်ထားသည်ဟု သံတမန်အသိုင်းအ၀န်းက ပြောသည်။

နယူးယော့ခ်အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အမြဲတမ်းကိုယ်စားလှယ် ရာထူးမှာ စစ်အစိုးရ သိက္ခာကို ကာကွယ်ပေးရသူဖြစ်သည့်အတွက် စစ်အစိုးရအတွက် အရေးပါသည့် သံတမန်စစ်မျက်နှာတခုဖြစ်ပြီး ဦးကျော်တင့်ဆွေ နေရာကို မည်သူနှင့် အစားထိုးမလဲဆိုသည်ကို သံတမန်အသိုင်းအ၀န်းက စိတ်ဝင်တစား ဖြစ်နေကြသည်။

ဦးကျော်တင့်ဆွေ၏ နေရာကို နေပြည်တော် နိုင်ငံခြားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်များဖြစ်သည့်အပြင် ၀ါရင့်သံတမန်များဖြစ်သည့် ဦးဖေသန်းဦးနှင့် ဦးဥာဏ်လင်းတို့အနက် တဦးဦးကို လျာထားသည်ဆိုသည့် သတင်းထွက်နေသော်လည်း အတည်ပြုနိုင်ခြင်း မရှိသေးပေ။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အမြဲတမ်းကိုယ်စားလှယ်အဖြစ် (၈) နှစ်ကြာ တာဝန်ယူခဲ့သည့် ဦးကျော်တင့်ဆွေ သည် မြန်မာစစ်အစိုးရ ခေါင်းဆောင်ပိုင်းက ယုံကြည်စွာအားထားရသည့် သံတမန်တဦးအဖြစ် ထင်ရှားသည်။

မကြာခင်က အင်တာနက်တွင် ဖြန့်ဝေခဲ့သည့် ဦးကျော်တင့်ဆွေ ရေးသားသည်ဆိုသည့် အစီရင်ခံစာ တပိုင်း တစမှာ စစ်အစိုးရဘက်က အတိုက်အခံနှင့် မီဒီယာများအား လှည့်စားရန် လုပ်ကြံဖြန့်ဖြူးသည့် အချက် ဖြစ်နိုင် သည်ဟု သံတမန်အသိုင်းအ၀န်းတွင် ပြောဆိုနေသည်။ သို့သော် ထိုစာတမ်းနောက်ဆုံးပိုင်းပါ လက်မှတ်မှာမူ ဦးကျော်တင့်ဆွေလက်မှတ်နှင့် ဆင်တူသည်ဟု အချို့သံတမန်များက ပြောသည်။

ဦးကျော်တင့်ဆွေကို ၂၀၀၁ ခုနှစ် ဧပြီလမှစပြီး မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အမြဲတမ်းကိုယ်စားလှယ် ခန့်အပ်ခဲ့ခြင်းဖြစ်သည်။ ကုလသမဂ္ဂ အထွေထွေညီလာခံ မြန်မာကိုယ်စားလှယ်အဖွဲ့ဝင်လည်း ဖြစ်သည်။ ၁၉၆၈ ခုနှစ်မှစပြီး နိုင်ငံခြားရေးဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်ခဲ့သည်။

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */