သတင်း လွတ်လပ်တဲ့ အာရှအသံ | မလေးရှာနိုင်ငံ၊ Selangor ပြည်နယ် Sumai Buloh နယ်က အထည်ချုပ် စက်ရုံတခုမှာ တရားဝင် အလုပ်သမားအဖြစ်နဲ့ သွားရောက် အလုပ်လုပ်နေတဲ့ မြန်မာအမျိုးသမီးငယ် ၁၅ ဦး နဲ့ အမျိုးသား ၁ ဦးဟာ အလုပ်ရှင်က မတရား ဖိနှပ်ခိုင်းစေတာကြောင့် မလေး အာဏာပိုင်တွေကို အရေးယူပေးဖို့ သက်ဆိုင်ရာကို တင်ပြမယ်လို့ နောက်ဆုံး သိရပါတယ်။
မြန်မာအလုပ်သမတွေ အနေနဲ့ အလုပ်ရှင်က ဒီလို ဖိနှိပ်ဆက်ဆံနေတာတွေ ပတ်သက်ပြီး အရေးယူ ဖြေရှင်းပေမဲ့သူ မရှိတဲ့အတွက် ကွာလာလမ်ပူမြို့ အခြေစိုက် မြန်မာ အဖွဲ့အစည်းတွေကို ဆက်သွယ် အကူအညီတောင်းပြီး အခုအခါမှာ နစ်နာမှုတွေအတွက် သက်ဆိုင်ရာကို တိုင်ကြားဖို့ ပြင်နေတယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံမှာ အလုပ်အကိုင် ရှားပါးမှုနဲ့ ပြည်ပနိုင်ငံတွေကို အလုပ်အကိုင်ရှာဖွေဖို့ ထွက်ခွာနေကြရာမှာ ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်း မလေးရှားနိုင်ငံဟာ မြန်မာအလုပ်သမား အများဆုံး လာရောက်တဲ့ နိုင်ငံတခုဖြစ်ပါတယ်။
ကမ္ဘာ့စီးပွားရေးပျက်ကပ် ဂယက်ကြောင့် မလေးရှားမှာ တရားဝင် နိုင်ငံခြားသား အလုပ်သမား လျှော့ချတာတွေ ရှိနေတဲ့အပြင် ဒီလို အလုပ်အကိုင်ရှားပါးမှု ပြဿနာကို အခွင့်ကောင်းယူပြီး အလုပ်သမား အခွင့်အရေးတွေကို ချိုးဖောက်နေတဲ့ အလုပ်ရှင်တွေလည်း အများကြီးရှိတယ်လို့ ကိုရဲမင်းထွန်းက ပြောပါတယ်။
ဒီအကြောင်းကို ဦးကျော်မင်းထွန်းက မြန်မာ အလုပ်သမတဦးနဲ့ ဆက်သွယ် မေးမြန်းထားပါတယ်။









0 comments:
Post a Comment