သတင်း မျိုးကြီး မဇ္ဈိမ | ရွှေလီ (မဇ္ဈိမ) ။ ။ ရှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင် မုံးပေါ်ကျေးရွာမှ အမျိုးသမီး တဦးသည် ရင်ချင်းဆက်အမွှာ ယောက်ျားလေး ၂ ဦးကို ယခုလ ၁၉ ရက်နေ့က မွေးဖွားခဲ့သည်။
အသက် ၂၀ ကျော်အရွယ် ကချင်အမျိုးသမီး မဘောက်မိုင်သည် မုံးပေါ်ကျေးရွာ၌ပင် ရင်ချင်းဆက် အမွှာလေးကို ရွာဆေးရုံတွင် မွေးဖွားခဲ့ခြင်းဖြစ်ပြီး မူဆယ်ဆေးရုံသို့ ပို့ဆောင်ခဲ့ရသည်။ ထိုမှတဖန် ယနေ့မွန်းလွဲတွင် လားရှိုးဆေးရုံသို့ မိခင်ရော၊ ကလေးပါ လွှဲပြောင်းလိုက်သည်။
''မွေးတာက မုံးပေါ်ရွာက ဆေးရုံလေးမှာ မွေးတယ်။ ရင်ချင်းဆက်အမွှာ ယောက်ျားလေး ၂ ဦး ဒီနေ့ မူဆယ် ဆေးရုံကို ရောက်လာတယ်။ ဒီမှာတော့ ပစ္စည်းတွေဘာတွေ မပြည့်စုံတော့ တခြားဆေးရုံ ပြန်သွားမယ် ထင်တယ်။ အမေရော ကလေး ၂ ယောက်စလုံး ကျန်းကျန်းမာမာပဲလို့ သိရတယ်'' ဟု ဒေသခံတဦးက မဇ္ဈိမကို ပြောသည်။
မူဆယ်ဆေးရုံ ၀န်ထမ်းတဦးကလည်း ရင်ချင်းဆက်အမွှာ မွေးဖွားသည်မှာ ဟုတ်မှန်ကြောင်း အတည်ပြု ပြောဆိုသည်။
မြန်မာနိုင်ငံတွင် ယခုလို ရင်ချင်းဆက်အမွှာ မွေးဖွားမှုကို တတိယအကြိမ်မြောက် ကြားသိရခြင်းဖြစ်သည်။ ယခင်က မနန်းစိုး-မနန်းစံ၊ အေးအေးငြိမ်း-အိအိငြိမ်း အမည်ရသည့် ရင်ချင်းဆက် သမီးအမွှာလေးများကို မွေးဖွားခဲ့သေးသည်။
ရင်ချင်းဆက်အမွှာ မွေးဖွား
Subscribe to:
Post Comments (Atom)
ယနေ့ မြန်မာပြက္ခဒိန်

လာလည်သူ အပေါင်း
သတင်းဋ္ဌာနများ
မိတ်ဆွေ ဘလော့ဂ်များ
သင် ဘယ်ကလာ
ပို့စ် အဟောင်းများ
ဗုဒ္ဓမြတ်စွာ ဘုရား
|
|
ပျော်ပျော်ပါးပါးရေးပါ။
ကမ္ဘာမကြေဘူး သီချင်းလေးပါ
၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ
မြန်မာစာလုံးများ
ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ
![]() |







0 comments:
Post a Comment