သတင်း မုံပီး မဇ္ဈိမ | နယူးဒေလီ (မဇ္ဈိမ) ။ ။ မြန်မာနိုင်ငံတွင် ရိုဟင်ဂျာလူမျိုးဆိုသည်မှာ မရှိကြောင်း မြန်မာ စစ်အစိုးရက သူ၏ ယနေ့ထုတ် သတင်းစာမှတဆင့် ထုတ်ဖော်ပြောဆိုလိုက်သည်။
"ပြည်ထောင်စု မြန်မာနိုင်ငံတော်ရှိ တိုင်းရင်းသားလူမျိုးစု ၁၀၀ ကျော်တွင် ရိုဟင်ဂျာဟူသည့် လူမျိုး ပါဝင်ခြင်း လုံးဝ မရှိပါ" ဟူ၍ နေပြည်တော်မှ ထုတ်ပြန်ချက်ကို အစိုးရအာဘော်ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားကာ၊ ထိုင်းနိုင်ငံသို့ ပင်လယ်ရေကြောင်းမှ တရားမ၀င် ၀င်ရောက်ခဲ့သော ရိုဟင်ဂျာအချို့မှာ မြန်မာနိုင်ငံမှ ဖြစ်သည်ဆိုသော မီဒီယာများ၏ ဖော်ပြချက်ကို ငြင်းပယ်လိုက်ခြင်းလည်း ဖြစ်သည်။
ကြေညာချက်တွင် "မည်သို့ပင်ဖြစ်စေ ၎င်းကိစ္စနှင့်ပတ်သက်၍ ပြည်ထောင်စု မြန်မာနိုင်ငံအစိုးရ သက်ဆိုင်ရာ ဌာနများအနေဖြင့် လိုအပ်သလို ဆက်လက်ဆောင်ရွက်သွားမည်" ဟု ပါရှိသည်။
အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့၏ ယနေ့ထုတ် ကြေညာချက်တွင် ရိုဟင်ဂျာများကို စနစ်တကျ ဖိနှိပ်အုပ်ချုပ်ခြင်းနှင့် ခွဲခြားဆက်ဆံမှုများ ရပ်တန်းကရပ်ပါရန် မြန်မာစစ်အစိုးရကို တောင်းဆိုထားသည်။
စစ်အစိုးရ၏ လုပ်ရပ်များသည် နိုင်ငံတွင်းနေထိုင်လျက်ရှိသော ရိုဟင်ဂျာများ၏ နိုင်ငံသားအခွင့်အရေး ချိုးဖောက်သည့် မူဝါဒဖြစ်သည်ဟု လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့၏ မြန်မာနှင့် ထိုင်းဆိုင်ရာ သုတေသနမှူး ဘန်ဂျမင်း ဇာဝါစ်ကီက မဇ္ဈိမကို ပြောကြားသည်။
"သူတို့ (ရိုဟင်ဂျာ) ကို တိုင်းပြည်မဲ့ဖြစ်အောင် အစိုးရမူဝါဒက လုပ်နေတာ။ ကိုယ့်နိုင်ငံသားတွေကို နိုင်ငံသား မဟုတ်ပါဘူးဆိုတဲ့ အပြောနဲ့ တိုင်းပြည်မဲ့ဖြစ်အောင် လုပ်နေတာ" ဟု ဇာဝါစ်ကီက ပြောသည်။
"ဒီမူဝါဒကို ပြောင်းဖို့လိုပါတယ်။ ဒါကို နိုင်ငံတကာ အသိုင်းအ၀ိုင်းက လက်မခံသင့်ဘူး။ အရင်ဆုံးအနေနဲ့ ဒေသတွင်း နိုင်ငံတွေက ဒါကို လက်မခံသင့်ဘူး" ဟု သူက ထပ်ပြောသည်။
ဇာဝါစ်ကီနှင့် ရိုဟင်ဂျာ ခေါင်းဆောင်များ အဆိုအရ အစ္စလမ်ဘာသာဝင် ရိုဟင်ဂျာ လူနည်းစုဝင်များသည် မြန်မာနိုင်ငံ အနောက်ဘက်၊ ဘင်္ဂလားဒေ့ရှ်နှင့် နယ်နိမိတ် ထိစပ်လျက်ရှိသော ရခိုင်ပြည်နယ် မြောက်ပိုင်း ဒေသများတွင် နေထိုင်နေကြသည်ဟု ဆိုသည်။
ရိုဟင်ဂျာများသည် မြန်မာနိုင်ငံတွင် ဆယ်စုနှစ်များစွာချီ၍ နေထိုင်ခဲ့ကြသော်လည်း အစိုးရမူဝါဒက သူတို့ကို "ပလပ်ထားရေး" ဟု ဇာဝါစ်ကီက ဆိုသည်။
လှေစီးရိုဟင်ဂျာဒုက္ခသည်များ၏ ပြဿနာ အရင်းအမြစ်ကိုလိုက်ကာ ရှာဖွေဖြေရှင်းဖို့လိုပြီး၊ ထိုင်းနိုင်ငံအပါအ၀င် ဒေသတွင်း နိုင်ငံများအနေဖြင့် ၎င်း၏ ပိုင်နက်နယ်မြေအတွင်း ကယ်ဆယ်ရရှိသော လှေမျောဒုက္ခသည်များ၏ ဘေးရန်ကင်းရေးနှင့် ဂုဏ်သိက္ခာအတွက် စောင့်ရှောက်ပေးရန် လိုအပ်သည်ဟု လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့၏ ကြေညာချက်တွင် ပါရှိသည်။
မြန်မာအစိုးရအနေဖြင့် ရိုဟင်ဂျာများနှင့်ပတ်သက်ပြီး မူဝါဒပြောင်းကာ ဖိနှိပ်အုပ်ချုပ်နေမှု ရပ်တန့်ရန် ဒေသတွင်း နိုင်ငံများက ဖိအားပေးရမည်ဟု ဇာဝါစ်ကီက ပြောသည်။
"သူတို့ (ရိုဟင်ဂျာ) တွေကို လှေပေါ်တင်ပေးလိုက်ပြီး ပြဿနာကို ရှင်းလို့မရဘူး။ သူတို့ ဘာကြောင့် လှေစီး လာရတယ် ဆိုတာ၊ သူတို့ဘာကြောင့် ထွက်ပြေးဖို့လိုတယ်ဆိုတာကို အဖြေရှာဖို့ လိုတယ်" ဟု ဇာဝါစ်ကီက ပြောသည်။
ထိုသို့ ဖြစ်ထွန်းနေခိုက် ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) မှ အရာရှိများနှင့် ယမန်နေ့က တွေ့ဆုံပြီး၊ ထိုင်းပိုင်နက်သို့ မကြာသေးခင်က ရောက်ရှိလာသော လှေမျောဒုက္ခသည်များ၏ ပြဿနာကို ပူးတွဲဖြေရှင်းရန် ဆွေးနွေးခဲ့ကြသည်။
အာဏာပိုင်များက ထိန်းသိမ်းထားသော ရိုဟင်ဂျာများနှင့် တွေ့ဆုံခွင့်ပြုမည်ဟု ထိုင်းက တုံ့ပြန်ခဲ့ကြောင်း UNHCR က မဇ္ဈိမကို ပြောကြားခဲ့သည်။
ထိုင်းကလည်း ဘင်္ဂလားဒေ့ရှ်၊ မြန်မာနှင့် အင်ဒိုနီးရှားတို့မှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံခဲ့ပြီး၊ လှေမျော ဒုက္ခသည်များ အရေး ဖြေရှင်းရန် ဆွေးနွေးခဲ့သည်။
သို့သော်လည်း လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့၏ ကြေညာချက်တွင် နေရပ်ပြန်ရမှာ ကြောက်ရွံ့တုန်လှုပ်နေသော လှေမျောဒုက္ခသည်များ၏ ဘေးအန္တရာယ် ကင်းရှင်းရေးအတွက် အကာအကွယ်ပေးရန်လည်း လိုအပ်သည်ဟု ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ မလေးရှားနှင့် ထိုင်းနိုင်ငံတို့ကို တိုက်တွန်းထားသည်။
ဇာဝါစ်ကီက "ဒါဟာ ကောင်းတဲ့ ခြေလှမ်းတခုပဲ" ဟု ဆိုကာ ထိုင်းနှင့် UNHCR အစည်းအဝေးကို ကြိုဆို လိုက်သော်လည်း ထိုင်းစစ်တပ်က ရိုဟင်ဂျာများအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုများ ရှိခဲ့သည်ဆိုသော စွပ်စွဲချက်နှင့် ပတ်သက်ပြီး၊ ထိုင်းအစိုးရအနေဖြင့် စုံစမ်းစစ်ဆေးမှုများ ချက်ချင်းပင် စတင်သင့်သည်ဟု တောင်းဆိုလိုက်သည်။
မြန်မာနိုင်ငံတွင် ရိုဟင်ဂျာလူမျိုးဆိုတာ မရှိဟု စစ်အစိုးရပြော
Subscribe to:
Post Comments (Atom)
ယနေ့ မြန်မာပြက္ခဒိန်

လာလည်သူ အပေါင်း
သတင်းဋ္ဌာနများ
မိတ်ဆွေ ဘလော့ဂ်များ
သင် ဘယ်ကလာ
ပို့စ် အဟောင်းများ
ဗုဒ္ဓမြတ်စွာ ဘုရား
|
|
ပျော်ပျော်ပါးပါးရေးပါ။
ကမ္ဘာမကြေဘူး သီချင်းလေးပါ
၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ
မြန်မာစာလုံးများ
ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ
![]() |







0 comments:
Post a Comment