ဒီချုပ်အတွင်း နှစ်ခြမ်းကွဲနိုင်ဟု စစ်အစိုးရပြော

Friday, January 30, 2009 ·

သတင်း ဆလိုင်းပီပီ မဇ္ဈိမ | နယူးဒေလီ (မဇ္ဈိမ)။ ။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်သည် နှစ်ခြမ်းကွဲထွက်ဖွယ်ရှိပြီး အုပ်စု တစုသည် ၂ဝ၁ဝ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်လိမ့်မည်ဟူ၍ နအဖ တပ်မှူးများ အစည်းအဝေး မှတ်တမ်းတရပ်က ဆိုသည်။

ဒီချုပ်အတွင်း အကွဲအပြဲ ဖြစ်ပေါ်လာပြီး ဂိုဏ်းကွဲတခုသည် နောက်ထပ် နိုင်ငံရေးပါတီတရပ်အဖြစ် အမည်ပြောင်း၍ ရွေးကောက်ပွဲဝင်ဖွယ်ရှိသည်ဟု မြောက်ပိုင်းတိုင်း တိုင်းမှူး ဗိုလ်ချုပ်စိုးဝင်းက အစည်းအဝေး တရပ်တွင် တက်ရောက်လာသော စစ်တပ်အရာရှိကြီးများကို ပြောကြားလိုက်ခြင်း ဖြစ်သည်။

ဗိုလ်ချုပ်စိုးဝင်းက စစ်အစိုးရ၏ ဒီမိုကရေစီစနစ်သို့သွားရာ လမ်းပြမြေပုံနှင့် စပ်လျဉ်း၍မူ ရှေ့သို့ ဤလမ်းကြောင်း အတိုင်း ဆက်သွားမည်ဖြစ်ကြောင်း အကောင်းပြောသွားသည်။

သို့သော်လည်း ဒီချုပ်၏ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းကမူ ဒီချုပ်ကွဲမည်ဆိုသည့် သတင်းနှင့်ပတ်သက်၍ ဖြစ်နိုင်ခြေ မရှိကြောင်း ငြင်းဆိုသလို၊ စစ်အစိုးရက သူ့စိတ်ထဲဖြစ်ချင်သည်များကို ပြောနေခြင်းသာဖြစ်သည်ဟု ပြောဆိုလိုက်သည်။

"သူတို့က ဒီချုပ်ကို ကွဲစေချင်နေတာ" ဟု ဦးဉာဏ်ဝင်းက ပြောပြီး၊ ဒီချုပ်ကွဲမည်ဆိုသည့်သတင်းမှာ လုံးဝဖြစ်နိုင်ခြေ မရှိကြောင်းဖြင့်လည်း ငြင်းဆိုသည်။

ထို့ပြင် ဒီချုပ်အနေဖြင့် ၂ဝ၁ဝ ရွေးကောက်ပွဲကိစ္စကို သူတို့၏ အစည်းအဝေး အစီအစဉ်များတွင် ထည့်သွင်း၍ပင် မထားကြောင်းနှင့် စဉ်းစားရန်လည်း မလိုသေးကြောင်း ဦးဉာဏ်ဝင်းက ဆက်ပြောသည်။

"ရွေးကောက်ပွဲကိစ္စ ထည့်သွင်းဆွေးနွေးဖို့လိုတယ်လို့ ကျနော်တို့ မမြင်ပါဘူး" ဟု သူက ထပ်ပြောသည်။

မည်သို့ပင်ဆိုစေ လာမည့်ရွေးကောက်ပွဲနှင့် စပ်လျဉ်း၍ အဖွဲ့ချုပ်၏ ရပ်တည်ချက်ကို ဆွေးနွေးနိုင်ရန် ပြည်လုံးကျွတ် အစည်းအဝေးတရပ် ခေါ်ယူပေးရန် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များထံ မကွေးတိုင်း ဒီချုပ်အဖွဲ့ဝင်များက ယခုလ ၂ ရက်နေ့တွင် စာတစောင်ပေးပို့၍ တောင်းဆိုထားသည်ဟု ရေနံချောင်းမြို့နယ် ဒီချုပ် ဒု-ဥက္ကဋ္ဌ ဒေါ်ခင်စောဌေးက ပြောသည်။

"တပြည်လုံးက အဖွဲ့ချုပ်အဖွဲ့ဝင်တွေ တက်ရောက်နိုင်တဲ့ အစည်းအဝေးတရပ် ခေါ်ယူပေးဖို့၊ အဲဒီ အစည်းအဝေး မှာ ၂ဝ၁ဝ ကို ဘယ်လို ရင်ဆိုင်ကျော်လွှားကြမလဲဆိုတာ ဆွေးနွေးဖို့ ကျမတို့ ပါတီဗဟိုကို စာရေးတိုက်တွန်း ထားပါတယ်" ဟု ဒေါ်ခင်စောဌေးက မဇ္ဈိမကို ပြောသည်။

ပါတီဝင်များအနေဖြင့် ရွေးကောက်ပွဲနှင့်စပ်လျဉ်းသည့် အဖွဲ့ချုပ်၏ ရပ်တည်ချက်သဘောထားကို ရှင်းလင်းစွာ သိလိုသည် ဟုလည်း သူမက ပြောသည်။

ပါတီခေါင်းဆောင်များဖြစ်ကြသော ဦးတင်ဦးနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ အကျဉ်းချခံနေရစဉ်တွင် ယခင် ကလည်း အဖွဲ့ချုပ်အနေဖြင့် နိုင်ငံရေးရပ်တည်ချက် သဘောထားကို ရုတ်တရက် ပြောင်းပစ်ခဲ့သည့် မှတ်တမ်းရှိ ခဲ့ဖူးကြောင်း ဒေါ်ခင်စောဌေးက ပြောသည်။

"အရင်တုန်းကလည်း ဒီလိုပဲ။ ၁၉၉ဝ ရွေးကောက်ပွဲကို မဝင်ဘူးပြောတယ်၊ နောက်တော့ ဝင်ပြိုင်တယ်။ နောက်တခါ အမျိုးသားညီလာခံကို မတက်ဘူးပြောတယ်၊ နောက်တော့ သွားတက်တယ်" ဟု သူက ပြောသည်။

မည်သို့ပင်ဖြစ်စေ၊ ဤသို့ ပြည်လုံးကျွတ်အစည်းအဝေးတရပ် ခေါ်ယူပေးရန် တောင်းဆိုခြင်းသည် ပါတီတွင်း အကွဲအပြဲ ဖြစ်နေသည့် သဘောမဟုတ်ကြောင်းနှင့် ပါတီဝင်များသည် တခုတည်းသော မူဝါဒပေါ်တွင်သာ စွဲမြဲစွာ ရပ်တည် လုပ်ကိုင် နေကြကြောင်း ဒေါ်ခင်စောဌေးက ဆိုသည်။

ကမ္ဘာ့နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သည့် ဒီချုပ်ပါတီသည် ၁၉၉ဝ ခုနှစ်က ကျင်းပခဲ့သော မြန်မာ နိုင်ငံ၏ နောက်ဆုံးရွေးကောက်ပွဲတွင် အပြတ်အသတ် အနိုင်ရရှိခဲ့သည်။ သို့သော် စစ်အစိုးရက အာဏာ လွှဲပြောင်း ပေးရန် ငြင်းဆန်နေသလို၊ ပါတီခေါင်းဆောင် အများအပြားကိုလည်း ထိန်းသိမ်းခဲ့သည်။

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */