နာဂစ်ထိသည့် မြို့နယ်များ စပါးအထွက် (၃၅) ရာနှုန်းထိ ကျဆင်း

Wednesday, January 28, 2009 ·

သတင်း NEJ ခေတ်ပြိုင် | ၂၀၀၈ ခုနှစ် စပါးအထွက်နှုန်းမှာ နာဂစ်ဒဏ်ထိသည့် ဧရာဝတီတိုင်း (၇) မြို့နယ်တွင် ၂၀၀၇ ခုနှစ်ကထက် (၃၂) ရာနှုန်းကျဆင်းသွားပြီး ရန်ကုန်တိုင်း (၃) မြို့နယ်မှာ ၂၀၀၇ ခုနှစ်ကထက် (၃၅) ရာနှုန်း ကျဆင်း သွားကြောင်း မကြာခင်က ထုတ်ပြန်သည့် FAO အဖွဲ့အစီရင်ခံစာတွင် ဖော်ပြထားသည်။

FAO အဖွဲ့၏ ကွင်းဆင်းတိုင်းတာချက်များအရ နာဂစ်ဒဏ်ထိသည့် ဧရာဝတီတိုင်း (၇) မြို့နယ်နှင့် ရန်ကုန်တိုင်း (၃) မြို့နယ်ရှိ စပါးစိုက်ဧက စုစုပေါင်း၏ (၆၀) ရာနှုန်းမှ (၈၀) ရာနှုန်းထိ စပါးစိုက်နိုင်ခဲ့သော်လည်း (၅၀) ရာနှုန်းမှ (၆၀) ရာနှုန်းသာ စပါးအောင်သည်။ နာဂစ်ဒဏ် ဆိုးဆိုးရွားရွား ထိခဲ့သည့် လပွတ္တာမြို့နယ်၏ စပါးအထွက်မှာ ၂၀၀၇-၀၈ ခုနှစ် အထွက်နှုန်း၏ ထက်ဝက်သာရှိမည်ဟု မှန်းထားသည်။ နာဂစ်ဒဏ်ထိသည့် ရန်ကုန်တိုင်း ကျောက်တန်းမြို့နယ် စပါးအထွက်မှာလည်း ၂၀၀၇-၀၈ ခုနှစ်ထွက်နှုန်း၏ (၅၆) ရာနှုန်းသာရှိမည်ဟု မှန်းသည်။
၂၀၀၈-၀၉ ခုနှစ် မြန်မာတနိုင်ငံလုံး စုစုပေါင်း စပါးအထွက်နှုန်းမှာ မိုးစပါးတန်ချိန်သန်းပေါင်း (၂၄.၈၇၂) နှင့် နွေစပါး တန်ချိန်သန်းပေါင်း (၅.၆၅၄) ရှိသည်ဟု အစီရင်ခံတွင် ဖော်ပြထားသည်။ တိုင်းအလိုက်ဖော်ပြရလျှင် မိုးစပါးအထွက်က ဧရာဝတီတိုင်းတွင် (၁၃) ရာနှုန်းကျဆင်းပြီး ရန်ကုန်တိုင်းမှာ (၉) ရာနှုန်းကျဆင်းသည်။
မြန်မာနိုင်ငံတွင် နွေစပါးအထွက်နှုန်းက (၁၈) ရာနှုန်းမှ (၂၀) ရာနှုန်းသာရှိပြီး ကျန်အများစုမှာ မိုးစပါးဖြစ်သည်။ ၂၀၀၇-၀၈ ခုနှစ်ကိုကြည့်လျှင် စုစုပေါင်းတပြည်လုံး စပါးစိုက်ဧက၏ (၂၅) ရာနှုန်းမှာ ဧရာဝတီတိုင်းဖြစ်သကဲ့သို့ စပါးအထွက်စုစုပေါင်း၏ (၂၆) ရာနှုန်းမှာလည်း ဧရာဝတီတိုင်း ဖြစ်သည်။

စပါးတဧက စိုက်စရိတ်ကုန်ကျငွေမှာ မန္တလေးတိုင်းတွင် မိုးစပါးအတွက် (၂၄၀,၀၀၀) ကျပ်ကုန်ကျပြီး စစ်ကိုင်းတိုင်းတွင် မိုးစပါးအတွက် တဧက (၁၃၀,၀၀၀) ကျပ်၊ နွေစပါးအတွက် တဧက (၁၉၀,၀၀၀) ကျပ် အသီးသီးကုန်ကျသည်ဟု အစီရင်ခံစာက ဖော်ပြသည်။
နိုင်ငံတကာမှာ ဆန်ဈေးတက်နေသော်လည်း မြန်မာနိုင်ငံမှာ စပါးဈေးကျနေပြီး အခြား မြေသြဇာ စသည့် စပါးစိုက် သွင်းအားစုများ ဈေးကြီးနေသည့်အတွက် လယ်သမားများ အရှုံးပေါ်ပြီး လယ်ယာကဏ္ဍမှာ ထိခိုက်နိုင်သည်ဟု FAO က မှန်းထားသည်။

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */