ကားလေလံကော်မတီ မသမာမှုများလုပ်ဟုဆို

Wednesday, January 28, 2009 ·

သတင်း မင်းနိုင်သူ ခေတ်ပြိုင် | နအဖက သိမ်းဆည်းကားများအား လေလံပစ်မှုများ ဆက်တိုက်ပြုလုပ်နေရာ အနောက် မြောက်တိုင်း စစ်ဌာနချုပ်တွင် ဇန်န၀ါရီ (၂၀) ရက်၌ ပြုလုပ်ခဲ့သော လေလံပွဲတွင် လေလံ ကော်မတီက မသမာမှုများ ပြုလုပ်ခဲ့ကြောင်း မုံရွာမြို့ခံ ကားဝယ်ရောင်းသမားများက ပြောသည်။

“သူတို့က တခါတည်းလက်ဝါးရိုက်ထားပြီးသားပါ။ လေလံအများဆုံးအောင်သွားတာက ရန်ကုန်က။ မန္တလေးတောင်မှ သုံးစီးပဲရသွားတယ်။ တခါတည်း လက်ဝါးရိုက်ထားတယ်ဆိုတာက ဒီလိုလေ။ ဥပမာ သိန်းနှစ်ထောင်တန် ကားတစီးကို သိန်းတထောင်ပေးဆွဲလို့ လေလံအောင်သွားပြီဆိုပါစို့။ လေလံအောင်တဲ့ လူက အာမခံငွေသိန်းနှစ်ဆယ်သွင်းရမယ်ဆို သွင်းပြီး လေလံအပျက်ခံတယ်။ နောက်ငွေကို ဆက်မသွင်းဘူး။ အဲဒီလို လေလံပျက်တယ်ဆိုရင် လေလံကော်မတီက ကားကို သူ့တို့စိတ်တိုင်းကျ စီမံခွင့်ရှိတယ်တဲ့။ နောက်တော့ အဲဒီကားကို သိန်းငါးရာလောက်နဲ့ ကြိုညှိထားတဲ့လူကိုပဲ ပြန်ရောင်းတယ်။ သိန်းတထောင် ပေးသွားတဲ့ သူနောက်မှာ သိန်းရှစ်ရာပေးသူ ရှိလည်းမရဘူး။ လေလံပျက်ကားကို လေလံကော်မတီကပဲ စီမံခွင့်ရှိတယ်တဲ့။ အဲတော့ သိန်းငါးရာသမားက လေလံကော်မတီကို သိန်းနှစ်ရာလောက် လာဘ်ထိုးလိုက်ရင် သိန်းတထောင် ပေးရမယ့်ကားကို သိန်းခုနှစ်ရာနဲ့ပဲ ရသွားပြီ။ တကယ်တော့ သိန်းတထောင်ပေးပြီး ဆွဲသူကလည်း သူတို့လူပဲ။ သိန်းရှစ်ရာသမားကို မကပ်နိုင်အောင် ကြိုကန်ထားတဲသဘောပေါ့။ ဒီကြောတွေကို အခုမှသိတဲ့ မုံရွာ ၀ယ်ရောင်းတွေ တစီးမှ မရလိုက်ပါဘူးဗျာ” ဟု မြို့ခံ ကားဝယ်ရောင်းတဦးက ဆိုသည်။

လေလံဆွဲလိုသူများအနေဖြင့် မော်တော်ယာဉ်များထားရှိရာ နမခစစ်ဌာချုပ်အတွင်း ၀င်ကြေးငါးထောင်ပေးကာ ကြည့်ရှုကြရပြီး လေလံတင်ကားများအတွက် အာမခံငွေနှစ်ဆယ်ရာခိုင်နှုန်း တင်ခိုင်းခဲ့ကြောင်း သိရသည်။ လေလံအောင်ကားများအား နေ့ချင်းပြီး ငွေပြေချေခိုင်းခဲ့သည်။ နမခလေလံပွဲတွင် ကား (၁၉) စီး လေလံ တင်ခဲ့ရာ အားလုံးလေလံအောင်ခဲ့ပြီး ကျန်ကားစီးရေ သုံးလေးရာကိုလည်း မကြာမီအတွင်း လေလံပစ်သွားမည် ဟု ကြားသိရကြောင်း မုံရွာကားဝယ်ရောင်းများက ပြောသည်။

နအဖက တပ်မတော်ထောက်လှမ်းရေးများကို ဖြိုခွဲဖမ်းဆီးပြီးချိန်တွင် ထောက်လှမ်းရေးများ တာဝန်ယူ တင်သွင်းခွင့် ပြုခဲ့သော ကားများအား သိမ်းဆည်းခဲ့ကာ ယခုပြန်လည်လေလံတင်ရောင်းချနေခြင်း ဖြစ်သည်။ နိုင်ငံတ၀န်းမှ သံဃာတော်များစီးနင်းနေသော ကားများကိုလည်း သိမ်းဆည်းခဲ့ပြီး လေလံ တင်ကာလ မစတင်မီက ဘုန်းကြီးကျောင်းများမှ သိမ်းဆည်းခံ ကားအမျိုးအစားအရေအတွက်စာရင်းကို ရယကများမှတဆင့် တောင်းခံ ခဲ့သော်လည်း လက်တွေ့တွင် ပြန်လည်ပေးအပ်ခြင်းမပြုကြောင်း ရန်ကုန်သံဃာတော်တပါးက မိန့်ကြားသည်။

ယင်းကဲ့သို့ ကားလေလံပစ်နေခြင်းကြောင့် ပြည်တွင်းကားဈေးကွက်ပျက်နေပြီး ၀ယ်လက်မရှိကြောင်း ဟံသာဝတီ ကားပွဲစားတဦးက ဆိုသည်။

“ကားဈေးကျလို့ အ၀ယ်လိုက်လားဆိုရင် အ၀ယ်မလိုက်ဘူး။ မြန်မာနိုင်ငံရဲ့ ဈေးကွက်က တမျိုးလေ။ တက်ပြီဆိုရင် ၀ယ်တယ်။ ကျပြီဆိုရင် မလိုချင်ကြတော့ဘူး။ အဲလိုဖြစ်နေတာ။ ဆန်ဈေးကြည့်လေ။ တက်ရင် အလုအယက်ဝယ်ကြတာ။ ကျနေလို့ကတော့ ကျတုန်းဝယ်ထားဦးမယ်ဆိုတဲ့ သူမရှိဘူး။ ကားလည်းအဲလိုပဲ။ နောက်စီးပွားရေးကျနေကြတာရယ်။၂၀၁၀ မှာ အပြောင်းအလဲတွေ ရှိနိုင်တာရယ်ဆိုတော့ ပိုဆိုးတာပေါ့။ ပွဲစားတွေ အကုန်ငုတ်တုတ်မေ့နေကြတာရယ်” ဟု ၎င်းကဆိုသည်။

နအဖကမူ လူထုအကြား ငွေရှားပါးနေချိန်တွင် ဆိုင်ကယ်လိုင်စင်ချထားခြင်း၊ ကားလေလံပစ်ခြင်းတို့ဖြင့် ဘဏ္ဍာငွေရှာကြံ လျက်ရှိရာ မကြာမီတွင် လားရှိုးမြို့၌ သိမ်းဆည်းကားစီးရေ (၂၀၀) နီးပါးကို လေလံတင်ဦး မည်ဖြစ်ကြောင်း သိရသည်။

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */