ရွှေပေါက်ကံစက်မှုဇုန်တွင် မီးလောင်မှုဖြစ်ပွား

Sunday, January 25, 2009 ·

သတင်း မဇ္ဈိမ | ရန်ကုန် (မဇ္ဈိမ)။ ။ ရွှေပေါက်ကံစက်မှုဇုန်တွင် သောကြာနေ့ည ၁၀ နာရီခန့်တွင် မီးလောင်မှု ဖြစ်ပွါးခဲ့ရာ စက်ရုံနှစ်ခု လောင်ကျွမ်းသွားခဲ့သည်။

ရန်ကုန်တိုင်း၊ ရွှေပေါက်ကံမြို့သစ်၊ ရွှေပေါက်ကံစက်မှုဇုန် ကနောင်မင်းသားလမ်းနှင့် ဗိုလ်တေဇလမ်းကြားရှိ အမှတ်(၃၃၂) ကနောင်မင်းသားလမ်း မြန်မာပြည်သား မြန်မာ့အစားအစာ စက်ရုံ၊ အမှတ်(၃၆၉) ဗိုလ်တေဇလမ်း "ရွှေ"ငါးမုန့်စက်ရုံနှင့် အဆောက်အဦးတခု ကို မီလောင်ကျွမ်းသွားခြင်းဖြစ်ကာ ၁၁ နာရီခန့်တွင် မီးညွန့်မှာ ငြိမ်သက်သွားခဲ့သည်။

"မီးသတ်ကားတွေကတော့ နိုင်ပါတယ်။ အားလုံး စုံပြီးရောက်လာခဲ့တာ။ အစီးနှစ်ဆယ်လောက် ရှိမယ်ထင်တယ်" ဟု အနီးတွင် နေထိုင်သူ အမျိုးသမီးကြီးတဦးက ဆိုသည်။ အနီးဆုံးဖြစ်သော မြောက်ဥက္ကလာ မီးသတ် ကားများမှာ မီးလောင်နေစဉ် မိနစ် နှစ်ဆယ်ခန့်တွင် ရောက်ရှိလာခဲ့ကြောင်း မီး စတင်လောင်ချိန်တွင် ရှိနေသူ အမျိုးသားတဦးက ပြောသည်။ မရမ်းကုန်း မီးသတ်က ဟုဆိုသော မီးသတ်ကားလေးစီးမှာ ရေမပါသောကြောင့် လမ်းထိပ်တွင်သာ ရပ်နေခဲ့ကြောင်းလည်း သိရသည်။

မီးလောင်ကျွမ်းမှုကြောင့် မြန်မာပြည်သား မြန်မာ့အစားအစာ လုပ်ငန်းရုံမှာ အားလုံးနီးပါး ပျက်စီးသွားခဲ့ပြီး ရွှေ ငါးမုန့်သည်လည်း အများအပြား ပျက်စီးလောင်ကျွမ်းသွားခဲ့သည်။

ရန်ကုန်တွင် မကြာခဏမီးလောင်မှုဖြစ်ပွားခဲ့ပြီး မကြာသေးခင်က ယုဇနပလာဇာ တွင် လျှပ်စစ် ၀ါယာရှော့မှ တဆင့် မီးလောင်မှု ဖြစ်ပွားခဲ့သေးသည်။

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */