ကမ္ဘာ့ရွှေဈေး အတက်အကျကြမ်း ဘန်ကောက်ရွှေဆိုင်များ ပိတ်

Tuesday, January 27, 2009 ·

သတင်း NEJ ခေတ်ပြိုင် | ကမ္ဘာ့ရွှေဈေးမှာ တရက်တည်း အတက်အကျ မြန်လွန်းနေသည့်အတွက် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ တရုတ်တန်းရှိ နာမည်ကြီး ရောင်ဝရတ်ရွှေဈေးတန်းမှ ရွှေဆိုင်များ တရုတ် နှစ်သစ်ကူးရက် အတွင်းမှာပင် ပိတ်လိုက်ရကြောင်း ရွှေကုန်သည်ကြီးများအသင်း ဥက္ကဋ္ဌက ပြောသည်။

အရောင်းအ၀ယ်ကောင်းသည့် တရုတ်နှစ်သစ်ကူးရက်အတွင်း ရွှေဆိုင်များပိတ်ရခြင်းမှာ ပထမဆုံး အကြိမ်ဖြစ်သည်။

“ကမ္ဘာ့ရွှေဈေးက တနေ့တည်း အမျိုးအမျိုးဖြစ်နေတော့ ရွှေဆိုင်တွေက ဈေးအမျိုးမျိုး လိုက်ပြောင်းပေး နေရတာနဲ့ တနင်္လာနဲ့ အင်္ဂါကို ရွှေဆိုင်တွေပိတ်ဖို့ ဆုံးဖြတ်လိုက်တာ ဖြစ်တယ်” ဟု ရွှေကုန်သည်ကြီးများအသင်း ဥက္ကဋ္ဌ ကျစ်တီက ပြောသည်။ တရုတ်တန်း ရောင်ဝရတ်ရွှေဈေးတန်းမှာ ရွှေဈေး တကြိမ်ပြောင်းလျှင် ဘတ်ငွေ (၄၀၀) ၀န်းကျင် အတက်အကျ ဖြစ်နေသည့်အတွက် ဈေးသတ်မှတ်ရန် ခက်ခဲပြီး ပိတ်ရသည်ဟုလည်း ဆက်ပြောသည်။

ကမ္ဘာ့ရွှေဈေးမငြိမ်သည့်အတွက် တရုတ်နှစ်သစ်ကူးအတွင်း အာရှရွှေဆိုင်များလည်း ပိတ်ပြီး ဗုဒ္ဓဟူးနေ့မှ ရွှေဆိုင်များ ပြန်ဖွင့်မည်ဖြစ်သည်။

ဇန်န၀ါရီ (၂၄) ရက် ထိုင်း ရွှေကုန်သည်ကြီးများအသင်း ထုတ်ပြန်ထားသည့် ရွှေဈေးမှာ ရွှေချောင်းဝယ်ဈေး တဘတ်သား ဘတ်ငွေ (၁၄,၅၀၀) နှင့် ရောင်းဈေး ဘတ်ငွေ (၁၄,၆၀၀) ရှိပြီး လက်ဝတ်ရတနာရွှေမှာ ၀ယ်ဈေး ဘတ်ငွေ (၁၄၂၉၅.၈၈) နှင့် ရောင်းဈေး (၁၅,၀၀၀) ရှိသည်။

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */