အိုဘားမားမိန့်ခွန်း ဆင်ဆာထိ

Tuesday, January 27, 2009 ·

သတင်း အေးချမ်းမြေ့ ဧရာဝတီ | ရန်ကုန် အခြေစိုက် သတင်းဂျာနယ်များတွင် အမေရိကန် သမ္မတသစ် အိုဘားမား၏ မိန့်ခွန်း အပြည့်အစုံကို ဖော်ပြခွင့် မရှိကြောင်း သတင်းဂျာနယ် အသိုင်းအဝန်းမှ ကြားသိရသည်။


မြဝတီမြို့ ဈေးထဲရှိ စာအုပ်ဆိုင် တဆိုင်တွင် မြန်မာဂျာနယ်များကို ဤသို့ရောင်းချနေသည်
(ဓာတ်ပုံ - journals (AFP/Getty Images)
“တခြားသတင်းတွေ ဖော်ပြလို့ရတယ် အိုဘားမားရဲ့ မိန့်ခွန်းကိုတော့ ကောက်နုတ်ချက်ပဲ ခွင့်ပြုတယ်။ တပုဒ်လုံး မပေးဘူး” ဟု သတင်းဂျာနယ် တစောင်မှ အယ်ဒီတာ တဦးကပြောသည်။

ရန်ကုန်အခြေစိုက် ဂျာနယ်တစောင်သည် မျက်နှာဖုံးတွင် အိုဘားမား၏ မိန့်ခွန်းကို အပြည့်ရေးပြီး စာပေစိစစ် ရေးသို့ တင်ရာ ခွင့်မပြုသဖြင့် ဂျာနယ်မျက်နှာဖုံးတွင် ရောင်စုံ များချယ်၍ တခါမှ မထွက်ဘူးသည့် ပုံစံဖြင့် ထွက်လာ သည်ကိုတွေ့ရကြောင်း ရန်ကုန် စာပေအသိုင်းအဝန်းမှ ကြားသိရသည်။

“ဘာလို့လဲလို့မေးကြည့်တော့ အိုဘားမားမိန့်ခွန်းထဲမှာ အစိုးရက သူတို့မကြိုက်တဲ့ အချက်တချို့ ပါနေလို့ လို့ ပြောတယ်။ နောက်တခု ကျနော်တို့ကြားတာကတော့ ခွင့်ပြုလိုက်ရင် အိုဘားမားကို မြန်မာမီဒီယာတွေက ပွင့်ပွင့်လင်းလင်း ကြိုဆိုခွင့်ရသွားပြီဆိုတဲ့ ပုံစံမျိုးဖြစ်မှာစိုးလို့ ဆိုပြီးကြားတယ်။ ဗိုလ်မှူးတင့်ဆွေတို့ကိုယ်တိုင်က အိုဘားမားကို စောင့်ကြည့်နေတုန်း။ ဘယ်ခြေလှမ်းမှန်းမသိသေးလို့ ခွင့်မပြုသေးတာလို့ပြောတယ်” ဟု နာမည်ကြီး မီဒီယာတခုမှ အယ်ဒီတာ တဦးကပြောသည်။

တခြားသော သတင်းဂျာနယ်များသည်လည်း အိုဘားမား၏ မိန့်ခွန်းထဲမှ ကောက်နုတ်ချက်တချို့ကိုသာ ခွင့်ပြုပြီး အပြည့်အဝခွင့်မပြုကြောင်း အိုဘားမားမိန့်ခွန်းကို ဂျာနယ်တွင် ထည့်သွင်းဖော်ပြခွင့်ရရန် ကြိုးစားခဲ့သည့် ဂျာနယ် အယ်ဒီတာများထံမှ ကြားသိရသည်။

အမေရိကန်သမ္မတ အိုဘားမား ကျမ်းသစ္စာကျိန်ဆိုသည့်နေ့က မြန်မာပြည်သူ အများအပြားသည် ညဥ့်နက်သည်ထိ အိပ်ရေးပျက်ခံကာ ရုပ်သံမှတဆင့် စောင့်ကြည့်ကြကြောင်း ကြားသိရသည်။

မြန်မာပြည်သူ အများစုမှာ အိုဘားမားကို သဘောကျကြပြီး ၎င်း၏ “အဂတိလိုက်စားမှုတွေ၊ လိမ်ညာမှုတွေနဲ့ အာဏာကို ဖက်တွယ်နေကြသူတွေ၊ အတိုက်အခံအသံတွေကို တိတ်အောင် ပြုပြီး အာဏာကို ဖက်တွယ်ထားတဲ့သူတွေ၊ ခင်ဗျားတို့ဟာ သမိုင်းရဲ့ မှားယွင်းနေတဲ့ဘက်မှာ ရှိနေကြတယ်ဆိုတာ သိရမယ်” ဟူသည့် မိန့်ခွန်းသည် မြန်မာစစ်အာဏာရှင်များကို ပြောနေခြင်းဖြစ်သည်ဟု ထင်မြင်ယူဆသူများရှိသည်။

“အိုဘားမားရဲ့ မိန့်ခွန်းက နအဖကို တိုက်ရိုက်ပြောနေသလိုပဲ ဆိုတော့ မြန်မာပြည်သူတွေကို မဖတ်စေချင်တာ ဖြစ်မယ်” ဟု ဂျာနယ်များတွင် အိုဘားမား၏ မိန့်ခွန်းထည့်သွင်းခွင့် မပြုခြင်းနှင့်ပတ်သက်၍ ရန်ကုန်အခြေစိုက် ကုမ္ပဏီဝန်ထမ်း လူငယ်တဦးက သုံးသပ်သည်။

အိုဘားမား၏ မိန့်ခွန်းကို နားထောင်လိုက်ရသည့် မြန်မာပြည်သူ များအနေနှင့် ပြည်သူလူထုက တင်မြှောက်သည့် ခေါင်းဆောင်တယောက် ရလိုစိတ် ထက်သန်လာပြီး သမ္မတသစ် မိန့်ခွန်းမှာလည်း မြန်မာပြည်သူများကို တိုက်ရိုက် ရည်ရွယ်ပြောဆိုနေကြောင်း ခံစားကြရသည်ဟု ၎င်းက ဆက်လက်ပြောပြသည်။

စစ်အစိုးရပိုင် ယနေ့ထုတ် မြန်မာ့အလင်းသတင်းစာတွင်မူ သမ္မတဟောင်း ဘုရှ်၏ “အမျိုးသမီးများ ကိုယ်ဝန် ဖျက်ချမှု ရန်ပုံ ငွေထည့်ဝင်ခြင်း ပိတ်ပင်ထားမှု” ကို သမ္မတသစ် အိုဘားမားက ပြန်လည်ရုပ်သိမ်းသည့် သတင်းနှင့် “ဂွမ်တာနာမို အကျဉ်း စခန်းပိတ်သည်ဟူသော အိုဘားမား၏ ဆုံးဖြတ်ချက်ကို ကုလအထွေထွေ အတွင်းရေး မှူးချုပ် မစ္စတာ ဘန်ကီမွန်းက ကြိုဆိုသည်” ဟူသည့်သတင်းများသာ ဖော်ပြထားကြောင်း တွေ့ရှိရ သည်။

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */