သတင်း NEJ ခေတ်ပြိုင် | အားကစားဝန်ကြီးဌာန မြန်မာနိုင်ငံ သိုင်းအဖွဲ့ချုပ်က ကြီးမှူးကျင်းပသော ဒုတိယအကြိမ် မြန်မာသိုင်း ပညာစဉ် ပြပွဲနှင့် တတိယအကြိမ် ဗန်တို (အတိုက်) ပြိုင်ပွဲ၊ ဗန်တို (အထူး) စိန်ခေါ်ပွဲကို မကြာခင်က အမျိုးသားအားကစား ပြိုင်ပွဲရုံ (၁) သုဝဏ္ဏတွင် အခမဲ့ပွဲအဖြစ် ကျင်းပခဲ့သော်လည်း ကြည့်ရှုသူ နည်းပါးသည်ဟု စုံစမ်းသိရသည်။
အဆိုပါပွဲကို အစိုးရ ဦးစီးသည့်အတွက် မကြည့်လိုကြောင်း ရန်ကုန်မြို့ခံများက ပြောသည်။
“ထူးဆန်းတဲ့ပြကွက် (၉၀) ကျော် ပြမယ်လို့ သတင်းစာမှာ တွေ့လိုက်တယ်။ ဒါပေမယ့် မကြည့်ချင်ဘူး။ ပြသတဲ့ လူတွေရဲ့ စွမ်းအားကိုတော့ လေးစားပါတယ်” ဟု သုဝဏ္ဏမြို့နယ်အတွင်း နေထိုင်သူတဦးက ပြောသည်။
အဆိုပါပွဲသည် အခမဲ့ဖြစ်သော်လည်း လာရောက်ကြည့်ရှုသည့် ပြည်သူနည်းပါးကြောင်း အဆိုပါပွဲကို သွားရောက်ကြည့်ရှုခဲ့သူတဦးက ပြောသည်။
“သူတို့ဆီကို လာကြည့်တဲ့လူ မရှိဘူး။ လာကြည့်တဲ့လူတွေက အားကစားဝန်ကြီးဌာနအောက်က ၀န်ထမ်းတွေ မလာမနေရ၊ ပြီးတော့ အားကစားပြိုင်ပွဲရုံနဲ့ နီးတဲ့ မြို့နယ်တွေက စာသင်ကျောင်းတွေကို ပြောထားပြီး ကျောင်းသားတွေကို လာပြီးကြည့်ခိုင်းတယ်။ အရေးကြီး ပုဂ္ဂိုလ်တွေဆိုပြီး ဖိတ်ထားတဲ့အစိုးရ လက်ကိုင်တုတ်တွေ လာတယ်။ တကယ်တမ်း ဒီပညာရပ်ကို သေသေချာချာ စိတ်ဝင်စားလို့ လေ့လာချင်လို့ လာကြည့်သူတချို့ရှိတယ်။ ဒါပေမယ့် အံ့သြဖွယ် ပညာရပ်တခုအနေနဲ့ရော၊ မမြင်ဖူးတာတွေအနေနဲ့ပါ လာကြည့်သူ မရှိဘူး။ ဘာလို့လဲဆိုတော့ အစိုးရကို မနှစ်သက်လို့ပဲ” ဟု ၎င်းက ပြောသည်။
အဆိုပါပွဲကို သုဝဏ္ဏအမျိုးသားအားကစားပြိုင်ပွဲရုံ (၁) နှင့် နီးသည့် သင်္ကန်းကျွန်း၊ တာမွေ၊ သုဝဏ္ဏမြို့နယ်တို့မှ အမက၊ အလက၊ အထက ကျောင်းအသီးသီးမှ ဆရာ၊ ဆရာမများ ဦးဆောင်သော ဖယ်ရီဖြင့် အဓမ္မ လာရောက်ကြည့်ရှုခိုင်းခဲ့သည်ဟု တာမွေမြို့နယ် ဆရာမတဦးက ပြောသည်။
“အမှန်ဆိုရင်တော့ ကလေးတွေကို အခုလို ကျောင်းပိတ်ရက်မှာ ဒီလို သိုင်းသင်ကွက်တွေ၊ ကာယသိန္ဓိစွမ်းရည်တွေကို ပြသရတာထက် ဒေသန္တရဗဟုသုတရှာဖို့ ခရီးထွက်တာကို ကျမတို့နှစ်သက်တယ်လို့ပဲ ပြောပါရစေ” ဟု အဆိုပါ ဆရာမက ပြောသည်။
“လူတွေကို အခမဲ့ ကြည့်နိုင်တယ်လို့ ကြော်ငြာထားရင်လည်း လွတ်လွတ်လပ်လပ် ကြည့်နိုင်အောင် လုပ်ရမယ်လေ။ အခုဟာ ရဲကားက အစီး (၃၀) လောက်ရှိတယ်။ ရဲတွေ၊ စစ်သားတွေကလည်း ခန်းမထဲမှာ အပြည့်။ ပါဝါပြချင်တဲ့ ရဲဘော်တွေက စစ်လား ဆေးလား လာမေးသေးတယ်။ ကျနော်က ပွဲကြည့်စင်ကနေ အောက်ကိုဆင်းပြီး တီဗီရိုက်နေတဲ့ နေရာအနားကို သွားတော့ ရဲတကောင်က ကျနော့်ကို ဘယ်ကလဲ ဆိုပြီးမေးတယ်။ ကျနော့်ကို အပေါ်ကပဲ ကြည့်ပါတဲ့။ ဒါမျိုးတွေကြောင့် နောက်တနေ့ မသွားတော့ဘူး။ စနေနေ့ကပဲ သွားတယ်။ လူတွေ မလာတာ အဲဒါမျိုးတွေကြောင့်ဗျ” ဟု သင်္ကန်းကျွန်းမှ ပျံကျလုပ်သား ကိုလွန်းမောင်က ပြောသည်။
ပြီးခဲ့သည့် ဇန်န၀ါရီ (၁၇) ရက်က ဒုတိယဗိုလ်ချုပ်ကြီးမြင့်ဆွေက လာရောက်သည့်အချိန် နောက်ကျသည့်အတွက် သံချောင်းများ ပေါ်တွင် အသက် (၁၃) နှစ်ခန့်အရွယ် ကလေးများ လှိမ့်ပြသည့်ပြကွက်ကို မတွေ့လိုက်ရသည့်အတွက် ဒုတိယအကြိမ် ပြန်လည်ပြသခဲ့ရကြောင်း ပွဲကြည့်သူတဦးက ပြောသည်။
ပွဲစဉ်များကို စနေနေ့နှင့် တနင်္ဂနွေနေ့တို့တွင် နံနက် (၈) နာရီမှ နေ့လယ် (၁) နာရီထိ ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အစိုးရဗန်တို အခမဲ့ပွဲ ကြည့်သူနည်း
Subscribe to:
Post Comments (Atom)
ယနေ့ မြန်မာပြက္ခဒိန်

လာလည်သူ အပေါင်း
သတင်းဋ္ဌာနများ
မိတ်ဆွေ ဘလော့ဂ်များ
သင် ဘယ်ကလာ
ပို့စ် အဟောင်းများ
ဗုဒ္ဓမြတ်စွာ ဘုရား
|
|
ပျော်ပျော်ပါးပါးရေးပါ။
ကမ္ဘာမကြေဘူး သီချင်းလေးပါ
၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ
မြန်မာစာလုံးများ
ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ
![]() |







0 comments:
Post a Comment