ရှေ့နေကိုဖိုးဖြူ ဖမ်းဆီးခံရ

Monday, January 19, 2009 ·

သတင်း ဖြိုးကြီး ရိုးမ၃ | နိုင်ငံရေးအမှုများကို လိုက်ပါဆောင်ရွက်ပေးနေသူ ရှေ့နေ ကိုဖိုးဖြူကို နယ်မြေခံ အာဏာပိုင်များက ရုံးချိန်းအပြန်တွင် ဖမ်းဆီးလိုက်သည်။

ယခုလ (၁၅) ရက်နေ့ ရုံးချိန်းအပြီး ရန်ကုန်သို့ပြန်ရန် အောင်လံမြို့မှအထွက် ကားပေါ်တွင် နယ်မြေခံ (မယက)အာဏာပိုင်များနှင့် (SB)အဖွဲ့ဝင်များက ဖမ်းဆီးလိုက်ခြင်းဖြစ်သည်။

“ကိုဖိုးဖြူက ကိုဇော်ဌေးတို့အမှုကို သက်သေထွက်ပြီး ရန်ကုန်ကိုအပြန်မှာ မကွေးကနေ ကားစီးရမှာ မလုံခြုံလို့ အောင်လံကနေ ကားကိုသွားစောင့်ပြီး စီးတာ၊ အဲဒီမှာ ကားပေါ်မှာပဲ ဖမ်းလိုက်တာ၊ မနေ့က နေ့လည် (၁၂) နာရီခွဲလောက်မှာ ကားနဲ့ မကွေးကိုခေါ်သွားတာ တွေ့လိုက်တယ်” ဟု အမည်မဖော်လိုသူတဦးက ပြောသည်။

ရှေ့နေကိုဖိုးဖြူသည် စစ်တပ်လယ်မြေသိမ်းယူသည့် ကိစ္စကို (ILO) သို့ တိုင်ကြားခဲ့သည့် အောင်လံမြို့မှ ကိုဇော်ဌေးနှင့် နက်မောက်မြို့မှ ဦးလှစိုးတို့အမှုကို လိုက်ပါဆောင်ရွက်ပေးနေသူဖြစ်သည်။

“ကိုဖိုးဖြူက ကိုဇော်ဌေးတို့က စစ်တပ်လယ်မြေသိမ်းတဲ့ ကိစ္စကို (ILO) ကို တိုင်တာကို အာဏာပိုင်တွေက စစ်လက်နက်ပစ္စည်း သိုလှောင်တာကို ဓါတ်ပုံရိုက်တယ်ဆိုပြီး မတရားအမှုဆင်ဖမ်းတာကို သက်သေထွက်ဆိုပေးတာ၊ အဲဒါက မတရားသက်သက် အမှုဆင်တာကို ဖော်ထုတ်တော့ အာဏာပိုင်တွေက အခုလိုလုပ်တာ” ဟု ဆက်ပြောသည်။

ကိုဇော်ဌေးနှင့် ကိုခင်စိုးတို့ကို အာဏာပိုင်များက ပြီးခဲ့သည့်နှစ် နိုဝင်ဘာလကုန်ပိုင်းက ဖမ်းဆီးခဲ့ပြီး မကွေး အမှတ် (၁) ရဲစခန်းတွင် ချုပ်နှောင်ထားပြီး နိုင်ငံတော်လုံခြုံရေးထိခိုက်အောင် လုပ်ဆောင်မှု ပုဒ်မ ၃၁(က)၊ ၃၁(ဂ) တို့ဖြင့် တရားစွဲဆိုထားပြီး နောက်ထပ်ရုံးချိန်း ထပ်မံချိန်းဆိုထားသည်ဟု ပြောသည်။

နိုင်ငံရေးနှင့်ပတ်သက်သည့် အမှုများကို လိုက်ပါဆောင်ရွက်ပေးနေသူ ကိုဖိုးဖြူအား ယခုကဲ့သို့ ဖမ်းဆီး လိုက်သည့် အပေါ် “ကိုဖိုးဖြူကို ဒီလိုလုပ်တဲ့အတွက် လူတွေကတော့ အရမ်းကို မကျေမနပ် ဖြစ်နေကြတယ်၊ တကယ်တော်တဲ့သူတယောက်ကို သက်သက်မဲ့ လုပ်လိုက်တာလို့ လူတွေက ပြောနေကြတယ်” ဟု အဆိုပါ အမည်မဖော်လိုသူက ဆက်လက်ပြောဆိုသည်။

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */