နိုင်ငံရေးအကျဉ်းသူတဦး ကိုယ်ဝန်ပျက်ကျ

Friday, January 23, 2009 ·

သတင်း အေးလဲ့ ဧရာဝတီ | မန္တလေး ထောင်တွင် ကိုယ်ဝန် ပျက်ကျသွားသော နိုင်ငံရေး အကျဉ်းသူ တဦး၏ အသက် အန္တရာယ် စိုးရိမ်ရသည်ဟု ၎င်း၏ ခင်ပွန်းဖြစ်သူက ပြောလိုက်သည်။

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် (ဗကသ) အဖွဲ့ဝင် ကိုထွန်းထွန်းက ၎င်း၏ ဇနီးဖြစ်သူသည် နှလုံးရောဂါလည်း ခံစားနေရပြီး၊ ထောင်တွင်းဆေးရုံသို့ရောက်ရှိနေသည် ဟု ဆိုသည်။

ထွက်ပြေးတိမ်းရှောင်နေသူ အသက် ၂၄နှစ်ရှိ ကိုထွန်းထွန်းက “သူဟာ ဘာအပြစ်မှ မရှိတဲ့ အမျိုးသမီး တဦးဖြစ်ပါတယ်။ ကျနော်တို့ ရင်သွေးကို ပေးဆပ်လိုက်ရတယ်ဗျ၊ စိတ် ထိခိုက်ရပါတယ်၊ ကျနော်တို့ဆီမှာ ဆုံးရှုံး စရာဆိုလို့ နောက်ထပ် ဘာမှ မရှိတော့ဘူး၊ ကျနော့်ကိုယ် ကျနော် ဖြေမဆည်နိုင် ဖြစ်နေတယ်၊ ကျနော့်ဇနီး၊ ကျနော့် ကလေးကိုလည်း ပေးလိုက်ရတယ်။ ကျနော် ကိုယ်တိုင်လည်း ပြေးနေရတယ်” ဟုပြောသည်။

၎င်းတို့ အိမ်ထောင်သက်တမ်း ၁နှစ်ခွဲသာ ရှိသေးပြီး ရင်သွေးယူရန် ဆန္ဒပြင်းပြခဲ့ကြကြောင်းလည်း ကိုထွန်းထွန်း က ပြောသည်။

မကေသီအောင် သည် အသက် ၂၃နှစ် သာ ရှိသေးကြောင်း၊ မည်သည့် နိုင်ငံရေး လှုပ်ရှားမှုတွင်မှ ပါဝင်ခြင်း မရှိကြောင်း ကိုထွန်းထွန်း က ပြောပြသည်။

“ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းတုန်းက ကျနော့်ကို လာဖမ်းတယ်ဗျာ။ ကျနော့်ကို မတွေ့တာနဲ ကျနော့်အမျိုးသမီး မကေသီအောင်ကို ဖမ်းသွားတယ်” ဟု ကိုထွန်းထွန်းက ဧရာဝတီသို့ ပြောပြသည်။

အာဏာပိုင်တို့က မကေသီအောင်ကို ပြီးခဲ့သည့်နှစ် နိုဝင်ဘာ ၂၇ရက်နေ့တွင် မန္တလေးထောင် အတွင်း၌ပင် တရားစီရင်ပြီး ထောင်ဒဏ် ၂၆နှစ် ချမှတ်ခဲ့သည်။

စစ်ကြောရေးတွင် နှိပ်စက်ညှဉ်းပမ်းမှု၊ ကိုယ်ဝန်ဆောင် နေစဉ် စိတ်ဖိစီးမှု၊ ထောင်အတွင်း အစာ အာဟာရ ကောင်းစွာ မရသည့်အပြင် ကိုယ်ဝန်ဆောင် အားတိုးဆေး မသုံးစွဲရခြင်း တို့ကြောင့် ကိုယ်ဝန်လွယ်ပြီး ၆ လအကြာ ဒီဇင်ဘာ ၂၉ရက်နေ့တွင် ပျက်ကျခဲ့ကြောင်း သိရသည်။

မကေသီအောင်နှင့် အမှုတွဲ စုစုပေါင်း ၁၀ဦးခန့် ရှိပြီး နှစ်ရှည် ထောင်ဒဏ်များ ချမှတ်ခံခဲ့ရသည်။ ၎င်းတို့ထဲမှ လူငယ်တဦးဖြစ်သူ ကိုဗိုလ်မင်းယုကိုသည် ထောင်ဒဏ် နှစ် ၁၀၀ကျော် ချမှတ်ခံရသည်။

ထိုင်းနိုင်ငံအခြေစိုက် မြန်မာနိုင်ငံ ရှေ့နေများ ကောင်စီက မကေသီအောင်သည် မတရား အသင်း အက်ဥပဒေ ပုဒ်မ ၁၇(၁)၊ ပုဒ်မ ၁၇(၂)၊ လူဝင်မှု ကြီးကြပ်ရေး ဥပဒေပုဒ်မ ၁၃(၁) စသည့် ပုဒ်မများဖြင့် တရားစွဲခံရပြီး စုစုပေါင်း ထောင်ဒဏ် ၂၆နှစ် ချမှတ်ခံရခြင်းဖြစ်သည်ဟု ယနေ့ ကြေညာချက်ထုတ်ပြန်ခဲ့သည်။

မကေသီအောင်အပေါ် စွဲဆိုခဲ့သည့် ဥပဒေ ပုဒ်မများကို အသေးစိတ် ပြန်လည် စစ်ဆေး သုံးသပ်ထားသော အဆိုပါ ကြေညာချက်တွင် စစ်ကြောရေး တာဝန်ရှိသူများ၊ အကျဉ်းထောင်တွင် တာဝန်ရှိသူများအား စုံစမ်း ဆေးရန် စစ်အစိုးရကို တောင်းဆိုထားသည်။

ထို့အပြင်သန္ဓေသား ပျက်ကျခြင်း အတွက် လူသေမှု၊ ကိုယ်ဝန်ဆောင် မိခင် သဘောမတူဘဲ ကိုယ်ဝန် ပျက်စေမှု တို့ဖြင့် အကျဉ်းထောင်မှ တာဝန်ရှိသူများကို တရားစွဲဆိုရန်လည်း တောင်းဆိုထားသည်။

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */