ရန်ကုန်တွင် ဘိန်းဖြူများ ဖမ်းမိ

Friday, January 30, 2009 ·

သတင်း ကိုစိုး ဧရာဝတီ | ရန်ကုန်မြို့ အေးရှားဝေါလ် ဆိပ်ကမ်းကနေ ပြည်ပထွက်ခွာ သဘောင်္ တစင်းပေါ်တွင် ဇန်န၀ါရီ ၂၅ ရက်နေ့က အနည်းဆုံး ဘိန်းဖြူ ၂၉ ကီလိုဂရမ်ကို မူးယစ် ဗဟိုက ဖမ်းဆီးခဲ့ကြောင်း ရဲအဖွဲ့နှင့် အကောက်ခွန် အသိုင်းအ၀န်း မှ သိရသည်။

အဆိုပါ ဘိန်းဖြူများ ဖမ်းဆီးရမိသည့် သတင်းအား မြန်မာနိုင်ငံ မှုခင်းတပ်ဖွဲ့ ရဲမှူး သိန်းဝင်းကို ဧရာဝတီက ဆက်သွယ်မေးမြန်းရာတွင် မှန်ကန်ကြောင်းပြောဆိုပြီး ယခုဖမ်းဆီးမှုမှာ မူးယစ် ဗဟိုက တိုက်ရိုက် ဖမ်းဆီး ခြင်းဖြစ်သည်ဟု ဆိုသည်။

“အဲဒါက မူးယစ်ဗဟိုက တိုက်ရိုက်လုပ်တာ၊ သူတို့ကို မေးမှရမယ်၊ ကျနော်တို့ဖမ်းတာမဟုတ်တော့ ကျနော်တို့ ဆီမှာ အပြည့်အစုံမရှိဘူး၊ မူးယစ်ဗဟို အထက်က ဖမ်းတာ”ဟု ၎င်းက ပြောသည်။

မြန်မာနိုင်ငံ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့ (မူးယစ်ဗဟို)သို့ ဧရာဝတီက တယ်လီဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ် မရရှိပေ။

ယခုဖမ်းဆီးရမိသည့် ဘိန်းဖြူများ တင်ဆောင်ထားသော သဘောင်္မှာ စင်္ကာပူအလံတပ်ထားသည့် ကိုတာ တီဂက် (Kota Tegap)အမည်ရှိ သဘောင်္ဖြစ်ပြီး ဘိန်းဖြူများ သိုဝှက်ထားသော ကွန်တိန်နာ ကုန်သေတ္တာသည် မြန်မာစစ် အစိုးရ၏ မြန်မာ့သစ်လုပ်ငန်းပိုင်သေတ္တာဖြစ်ကြောင်း ယနေ့နံနက်ပိုင်းတွင် အာအက်ဖ်အေ သတင်းဌာနကလည်း ထုတ်ပြန်ခဲ့သည်။

ယင်းသဘောင်္သည် ရန်ကုန် အလုံမြို့နယ်ရှိ အေးရှားဝေါလ် ဆိပ်ကမ်းတွင် ကုန်တင်ပြီးပြန်ထွက်လာသည်ဟု သိရ သည်။

အေးရှားဝေါလ် ကုမ္ပဏီသည် ဘိန်းဘုရင် လော်စစ်ဟန်၏ သားဖြစ်သူ စတီဗင်လော ခေါ် ဦးထွန်းမြင့်နိုင်၏ ကုမ္ပဏီဖြစ်ပြီး ယင်းကုမ္ပဏီကို အမေရိကန် အစိုးရက ဘဏ္ဍာရေးအရ ပိတ်ဆို့အရေးယူမှု ပြုလုပ်ထားသည်။

ဘိန်းဖြူများ သိုဝှက်ထားသည့် အဆိုပါ ကုန်သေတ္တာကို သံကြိုးများဖြင့်တုပ်နှောင်၍ သော့အထပ်ထပ်ခပ် ထား ကြောင်း၊ ဆိပ်ကမ်းအခွန်ဌာနမှ စစ်ဆေးခြင်းမရှိဘဲ သယ်ဆောင်ခွင့်ပြုထားခြင်းဖြစ်ကြောင်း၊ အစိုးရ ကုန်သေတ္တာ ထုတ်ပိုးရေးဌာနမှ ၀န်ထမ်းများကိုလည်း ထိန်းသိမ်းထားကြောင်း ရန်ကုန် ဆိပ်ကမ်း အခွန် ကြီးကြပ်ရေး ၀န်ထမ်း သတင်းရပ်ကွက်မှ သိရသည်။

ရန်ကုန်မြို့ အလုံမြို့နယ်ရှိ အေးရှားဝေါလ် ဆိပ်ကမ်းမှ ယခုဖမ်းဆီးရမိသည့် ဘိန်းဖြူမှာ ၂၉ ကီလိုဂရမ် ကျော်သာ ဖြစ်သည်ဟု သိရကြောင်း ရန်ကုန် ဆိပ်ကမ်း တာဝန်ကျ ရဲတပ်ဖွဲ့ဝင် တဦးက ပြောပြသည်။

“အဲဒါတွေက မူးယစ်ဗဟိုက စစ်နေတယ်၊ တရားခံတွေလည်း မူးယစ် ဗဟိုမှာပဲ၊ အတိကျကတော့ အမှုစစ်တွေမှ သိမယ်”ဟု ၎င်းက ပြောသည်။

ထို့အပြင် အေးရှားဝေါလ် ဆိပ်ကမ်း ဖမ်းဆီးမှုနှင့်တရက်တည်း လှိုင်သာယာမြို့နယ်ရှိ FMI City အိမ်ရာ ၀င်း အတွင်း၌ မူးယစ်ဗဟိုက ဘိန်းဖြူများ ဖမ်းဆီးရမိသွားကြောင်း လှိုင်သာယာ ရဲစခန်းမှ တာဝန်ကျ တပ်ဖွဲ့ဝင် တဦးကလည်း ပြောသည်။

“မူးယစ်က လာဖမ်းတာ၊ ဘယ်လောက်မိသလဲတော့ အသေအချာ မသိဘူး၊ မူးယစ်ကနေ ကွင်းဆက်နဲ့ လိုက်ပြီး ဖမ်းသွားတာ၊ တနင်္ဂနွေနေ့က ဖြစ်မယ် ၅ ရက် ၆ ရက်လောက်ရှိပြီ ၊ FMI ၀င်းထဲက ဖမ်းသွားတာ၊ ညပိုင်းကြီး ၀င်ဖမ်းသွားတာ”ဟု အထက်ပါ လှိုင်သာယာ ရဲ တပ်ဖွဲ့ဝင်က ဆိုသည်။

ထိုသို့ ဖမ်းဆီးရမိသည့် ဘိန်းဖြူုအမှုတွင် ပါဝင်ပတ်သက်သူများနှင့် သတင်း အသေးစိတ်ကို ဧရာဝတီ က ဆက်လက် စုံးစမ်းနေဆဲဖြစ်ပြီး ထူးခြားပါက ထပ်မံဖော်ပြသွားမည်။

တချိန်တည်းတွင် စင်္ကာပူနိုင်ငံ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ဗဟိုအဖွဲ့ကလည်း ပြီးခဲ့သည့် နှစ်အတွင်း ဘိန်းဖြူ ၄၄.၂ ကီလို ဂရမ် ဖမ်းဆီးရမိခဲ့ပြီး ၂၀၀၇ ခုနှစ်အတွင်းကလည်း ဘိန်းဖြူ ၁၇.၂ ကီလို ဂရမ်နှင့် အထက် ဖမ်းဆီး ရမိကြောင်း စင်္ကပူ နိုင်ငံထုတ် စထရိတ်တိုင်းမ်စ် သတင်းစာတွင် ဖော်ပြထားသည်။

၂၀၀၈ ခုနှစ် ကမ္ဘာ့မူးယစ်ဆေးဝါးနှင့်ပတ်သက်သည့် အစီရင်ခံစာအရ အရှေ့တောင်အာရှ ဘိန်းစိုက်ပျိုး ထုတ်လုပ်မှုသည် ပြီးခဲ့သည့် နှစ်အတွင်း ၂၂ ရာခိုင်နှုန်းတိုးလာခဲ့ရာ မြန်မာနိုင်ငံက ဘိန်းဖြူ ၂၉ ရာခိုင်နှုန်း ထွက်ရှိကြောင်း သိရသည်။

မြန်မာစစ်အစိုးရကလည်း ၂၀၀၇ ခုနှစ် ဇန်န၀ါရီမှ ၂၀၀၈ ခု ဇွန်လ အတွင်း ဘိန်းဖြူ ၁၀၃.၈ ကီလိုဂရမ် နှင့် ၁၆၉၀ ကီလို ဂရမ် ဖမ်းဆီးရမိ ကြောင်း တရားဝင် ထုတ်ပြန်ထားသည်။

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */