ရိုဟင်ဂျာများ ကုလနှင့် တွေ့ရမည်

Friday, January 30, 2009 ·

သတင်း ဇာနည်ဝင်း ဧရာဝတီ | ထိုင်းနိုင်ငံသို့ နောက်ဆုံး ရောက်လာသည့် လှေစီး ရိုဟင်ဂျာများကို ကုလသမဂ္ဂ အရာရှိများနှင့် တွေ့ဆုံခွင့် ပြုမည်ဟု ထိုင်း နိုင်ငံခြားရေး ဝန်ကြီးက သတင်းထောက် များနှင့် ယနေ့ တွေ့ဆုံရာတွင် ပြောကြားလိုက်သည်။


ယမန်နေ့က ထောင်ဒဏ် ၅ ရက် ချမှတ်ခံရသည့် ရိုဟင်ဂျာများ
(ဓာတ်ပုံ - အေပီ)
လှေဖြင့် ရောက်လာသူများ နေရပ်ရင်းသို့ ပြန်သည့်အခါ အန္တရာယ်ရှိ မရှိ သွားရောက် စစ်ဆေး ကြည့်ရှုလိုသည် ဟူသော ကုလသမဂ္ဂ၏ တောင်းဆိုချက်ကို ထိုင်းအစိုးရက ယခုမှ လိုက်လျောမည်ဟု ပြောကြားလိုက်ခြင်း ဖြစ်သည်။

“ထိုင်း နိုင်ငံခြားရေး ဝန်ကြီး ဌာနက ကျမတို့နဲ့ ပူးပေါင်း ဆောင်ရွက်မှု အပြည့် အဝ ရှိပါတယ်။ ဒါပေမယ့် သွားတွေ့ဖို့ အတွက်တော့ တရားဝင် ခွင့်ပြုချက် မရသေးပါဘူး” ဟု ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ၏ ပြောခွင့်ရ အမျိုးသမီး Kitty McKinsey က ဧရာဝတီသို့ ပြောပြသည်။

နောက်ဆုံး ရောက်လာသည့် ရိုဟင်ဂျာ အုပ်စုတွင် စုစုပေါင်း ၇၈ ဦး ပါဝင်သည်။ ၎င်းတို့အထဲမှ အသက် ၁၉ နှစ် နှင့် အထက် လူကြီး ၆၆ ဦးကို နိုင်ငံတွင်း တရားမဝင် ဝင်ရောက် လာမှုဖြင့် ယမန်နေ့က ဒဏ်ငွေ ဘတ် တထောင် (ဒေါ်လာ ၃ဝ)ကျစီ ပေးဆောင်ရန် စီရင်ချက် ချခဲ့သည်။ ဒဏ်ငွေ ပေးဆောင်နိုင်ခြင်း မရှိသဖြင့် စီရင်ချက်မှာ ထောင်ဒဏ် ၅ ရက်သို့ ပြောင်းလဲ သွားသည်။ ၁၉ နှစ်အောက် လူငယ်များကိုလည်း လူကြီးများနှင့် အတူ နေရပ်ရင်းသို့ ပြန်ပို့မည်ဟု ဆိုသည်။

အမည် မဖော်လိုသူ မြန်မာ စစ်အစိုးရ အရာရှိတဦးက “လွတ်လပ်ရေး မရခင်တုန်းကရော၊ ရပြီးတော့ရော မြန်မာ့သမိုင်းမှာ ရိုဟင်ဂျာ ဆိုတဲ့ တိုင်းရင်းသား မရှိခဲ့ဖူးဘူး” ဟု အေအက်ဖ်ပီ သတင်းဌာနသို့ ယနေ့ ပြောကြားလိုက်သည်။

“ရိုဟင်ဂျာ လို့ ဆိုနေတဲ့ သူတွေက ဘင်္ဂလားဒေ့ရှ် နိုင်ငံသားတွေပဲ။ မြန်မာပြည်က လာတဲ့ ရိုဟင်ဂျာလို့ အသံကောင်း ဟစ်ပြီး အနောက်နိုင်ငံတွေဆီက စာနာမှုကို ရဖို့ ကြိုးစားနေကြတာပဲ” ဟု ၎င်းက ဆက်လက် ပြောလိုက်သည်။

မြန်မာနိုင်ငံက ဖြေရှင်းရမည့် ပြဿနာများမဟုတ်ဘဲ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရှင်းရမည့် ပြဿနာဟု အဆိုပါ အရာရှိက ပြောသည်။

UNHCR၏ အင်တာနက်စာမျက်နှာတွင် ဖော်ပြထားချက်များအရ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ရှိ ဒုက္ခသည်စခန်း ၂ ခုတွင် ရိုဟင်ဂျာ စုစုပေါင်း ၂၈ဝဝဝ ရှိနေသည်။ စခန်း အပြင်ဘက်တွင် ဒုက္ခသည်အဖြစ် အသိအမှတ် ပြုခြင်း မခံရသေးသည့် ရိုဟင်ဂျာပေါင်း နှစ်သိန်းခန့် နေထိုင်ကြသည် ဟုလည်း သိရသည်။

အဆိုပါ ရိုဟင်ဂျာများသည် ဘင်္ဂလားဒေ့ရှ် နိုင်ငံသားများနှင့် အတူ လှေစီးပြီး မလေးရှား၊ အင်ဒိုနီးရှား၊ ထိုင်း စသည့်နိုင်ငံများသို့ စွန့်စား သွားရောက်ကြခြင်း ဖြစ်သည်။

သတင်းအချို့တွင် ရိုဟင်ဂျာများကို ဒုက္ခသည်များအဖြစ် ဖော်ပြထားသည်။ သို့သော်လည်း ထိုင်းနှင့် အင်ဒိုနီးရှား နိုင်ငံတို့ကမူ ၎င်းတို့ကို နိုင်ငံရေး ခိုလှုံခွင့် တောင်းခံသူများအဖြစ် သတ်မှတ်ခြင်း မရှိဘဲ အလုပ်အကိုင် ရရှိရေးအတွက် ရွှေ့ပြောင်း သွားလာနေသူများ ဖြစ်သည် ဟု ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ထုတ်ဖော်ပြောကြားခဲ့သည်။

ထိုင်း နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ပြီးခဲ့သည့် တနင်္လာနေ့က ပြောကြားချက်အရ ထိုင်းနိုင်ငံသို့ ပြီးခဲ့သည့် နှစ်များအတွင်း ရိုဟင်ဂျာ နှစ်သောင်းခန့် ရောက်ရှိခဲ့ပြီး၊ အချို့မှာ ထိုင်းနိုင်ငံတွင် သောင်တင်လျက်ရှိသည်။

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */