လေထန်ကုန်း တပတ်ပိတ်

Friday, January 23, 2009 ·

သတင်း NEJ ခေတ်ပြိုင် | ရန်ကုန်မီဒီယာလောကနှင့် စာပေလောကသားများ အမြဲတမ်းထိုင်လေ့ရှိသည့် ရန်ကုန်မြို့ ကျောက်တံတား မြို့နယ် (၃၃) လမ်း (အထက်) ရှိ လေထန်ကုန်း လက်ဖက်ရည်ဆိုင်အား မြို့နယ် ကြံ့ဖွံ့အာဏာပိုင်များက ၂၀၀၉ ခု ဇန်န၀ါရီ (၂၂) ရက်နေ့မှစ၍ တပတ် ပိတ်ခိုင်းလိုက်ကြောင်း ရန်ကုန် စာပေလောကသားများက ပြောသည်။

“ကျနော်တို့က နေ့တိုင်း ထိုင်နေတာဗျ။ လေထန်ကုန်းဆိုတာ စာရေးဆရာ၊ ကဗျာဆရာ၊ သတင်းသမားတွေ အမြဲတမ်း စုစုဝေးဝေး ထိုင်လေ့ရှိတာ အခုမှမဟုတ်ဘူး။ လွန်ခဲ့တဲ့ အနှစ် (၂၀) လောက်ကပဲလို့ ပြောလို့ရတယ်။ အဲဒီဆိုင်ရှိနေလို့ စာရေးဆရာတွေ၊ ကဗျာ ဆရာတွေ၊ သတင်းသမားတွေအတွက် အဆင်ပြေနေတာ။ စာမူအပ်တာ၊ စာမူပေးခဲ့တာ၊ မဂ္ဂဇင်း၊ ဂျာနယ်တွေနဲ့ ဆက်သွယ်ရေး နေရာတခုပါဗျာ။ ပိုက်ဆံမပါပေမယ့် ဧည့်သည်တယောက်ကို အဲဒီမှာ ဧည့်ခံနိုင်တယ်။ ပိုင်ရှင်တွေက စာပေနယ်က လူတွေကို ကိုယ်ချင်းစာစိတ် အပြည့်ရှိ တယ်” ဟု နေ့စဉ် ထိုင်နေကျ ကဗျာဆရာတဦးက ပြောသည်။

လေထန်ကုန်းပိုင်ရှင်အား ခေတ်ပြိုင်မှ ဆက်သွယ်မေးမြန်းရာ အာဏာပိုင်များက တားဆီး၍မဟုတ်ဘဲ ဆိုင်နေရာ ပြန်ပြင်နေသည့် အတွက်ဖြစ်ကြောင်း ဇန်န၀ါရီ (၂၇) ရက်တွင် ပြန်ဖွင့်မည်ဖြစ်ကြောင်း ရှင်းပြသည်။ လေထန်ကုန်း လက်ဖက်ရည်ဆိုင် ဓမ္မာရုံပေါ်တွင် ဈေးရောင်းသည့်အကြောင်း ကြေးမုံသတင်းစာတွင် ပါသည့် အတွက် ဆိုင်ခဏ ပိတ်ထားခြင်းဖြစ်သည်ဟုလည်း ဆက်ပြောသည်။

အဆိုပါလေထန်ကုန်း ပိုင်ရှင်မှာ (၃၃) လမ်းတွင် ကြံ့ဖွံ့အသင်းဝင်အဖြစ် တာဝန်ထမ်းဆောင်နေသူဖြစ်ပြီး အသင်းဝင် တဦး ဖြစ်သော်လည်း စိတ်ထားမှာ ကြံ့ဖွံ့နှင့် တသားတည်းမကျသူဖြစ်ကြောင်း စုံစမ်းသိရသည်။

“အဲဒီလမ်းက တိုင်တဲ့သူရှိတဲ့ သဘောဗျ။ ဒီဆိုင်မှာ စာရေးဆရာတွေ ထိုင်လာလို့ သေတဲ့သူတွေတောင် သေကုန်ပြီ။ လေထန်ကုန်း ဆိုတဲ့နာမည်ဟာ ၀တ္ထုဆောင်းပါးတိုင်းမှာ ပါနေကျ နာမည်ဖြစ်တယ်။ သူတို့က အရင်တော့ တိုက် (၂) တိုက်ကြားမှာ ဖွင့်တယ်။ အဲဒီကနေ (၃၃) လမ်းရဲ့ ဓမ္မာရုံမှာ ဆိုင်ဖွင့်တယ်။ အခု ပိတ်လိုက်တာက ဓမ္မာရုံမှာဖြစ်တယ်။ အရင်ရောင်းတဲ့ လမ်းကြားလေးနှင့် တတိုက်ပဲ ခြားတာလေ။ ဘာကြောင့် ပိတ်တယ်ဆိုတာ မပြောလည်း သိတယ်ဗျာ။ အစိုးရ နောက်လိုက်ခွေးတွေ၊ ကြံ့ဖွံ့တွေက ဒီဆိုင်မှာ စာရေး ဆရာတွေ၊ မီဒီယာသမားတွေ ထိုင်တာကို အမြင်စောင်းတာဗျ။ ဘာပဲဖြစ်ဖြစ် ဒီဟာက လက်ဖက်ရည်ဆိုင်ပဲ။ ဆိုင်ဖွင့်လို့ ထိုင်တာပဲဆိုပြီး ဆိုင်ကို ပိတ်ခိုင်းတာဖြစ်မယ်။ ကျနော်တို့က လေထန်ကုန်းပိုင်ရှင်တွေအတွက် စိတ်မကောင်းဘူး။ စီးပွားရေးကို ထိခိုက်တာပဲ။ အခုတပတ်လောက်တော့ ပိတ်ရမယ်လို့ ကြားတယ်” ဟု ရန်ကုန်မီဒီယာသမားတဦးက ပြောသည်။

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */