မန္တလေးတိုင်း အန်အယ်ဒီ အတွင်းရေးမှူး ထောင်က ပြန်လွတ်လာ

Friday, January 23, 2009 ·

သတင်း ဖနိဒါ မဇ္ဈိမ | ချင်းမိုင် (မဇ္ဈိမ)။ ။ မန္တလေးတိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူး ဦးကံထွန်း သည် အိုးဘိုထောင်မှ နေအိမ်သို့ ယခုလဆန်းပိုင်းတွင် ပြန်ရောက်လာကြောင်း နီးစပ်သူ အသိုင်းအ၀ိုင်းက ပြောဆိုသည်။

မန္တလေးမြို့ အိုးဘိုထောင်တွင် ထောင်ဒဏ် ၁၂ နှစ် ကျခံနေရသူ ၆၇ နှစ်အရွယ် ဦးကံထွန်းသည် ထောင်တွင်း၌ ညာဘက် ကိုယ်ခန္ဒာတခြမ်း လေဖြတ်သွားသဖြင့် ဆေးရုံတက်ခဲ့ရာမှ နေအိမ်သို့ ပြန်ရောက်လာခြင်းဖြစ်သည်။

"ပထမ ဒီဇင်ဘာလထဲမှာ ဆေးရုံတက်ခွင့်ပေးဖို့ ဆေးကုသခွင့် အသနားခံစာတင်တော့ ဆေးကုသခွင့် ပေးတယ်။ ၁၀ ရက်လောက် ဆေးရုံတက်ပြီးတော့ ထောင်ထဲ ပြန်ခေါ်သွားတယ်။ ထောင်ထဲ ၃၊ ၄ ရက်နေပြီး အိမ်ကို ပြန်ပို့တယ်" ဟု ဦးကံထွန်း၏ ရှေ့နေ ဦးမြင့်သွင်က မဇ္ဈိမကို ပြောသည်။

" အိမ်ရောက်တယ်ဆိုတာကတော့ လုံးဝကျိန်းသေတယ်" ဟု သူက ဆက်ပြောသည်။

မည်သည့်အတွက်ကြောင့် ယခုလို ပြန်လွှတ်ပေးသည်ကို အတိအကျ မသိရှိရသေးသော်လည်း ကျန်းမာရေးအရ လွှတ်ပေးခြင်းဖြစ်နိုင်သည်ဟု ရှေ့နေ ဦးမြင့်သွင်က ပြောသည်။

သူက "ညာဘက် ကိုယ်ခန္ဓာတခြမ်း သေသွားတော့ စကားပြောလို့ မရ၊ နေတာထိုင်တာ အပေါ့အလေးတွေက မိသားစုရှိမှ ရတော့မယ့် အခြေအနေ ရောက်သွားပါပြီ။ တယောက်ထဲနေလို့ မရတော့လို့ လွှတ်လိုက်တာ ဖြစ်မှာပါ" ဟု ပြောသည်။

မန္တလေးတိုင်း အန်အယ်ဒီအဖွဲ့ဝင် လူကြီးများဖြစ်သည့် ဦးကံထွန်း အပါအ၀င် တိုင်းစည်းအဖွဲ့ဝင် ဒေါ်ဝင်းမြမြ (ထောင်ဒဏ် ၁၂ နှစ်)၊ မန္တလေးတိုင်း (မတ္တရာအမတ်) ဒု-ဥက္ကဋ္ဌ ဦးသန်းလွင် (၈ နှစ်)၊ ကိုတင်ကိုကို (မိတ္ထီလာမြို့နယ်စည်း အဖွဲ့ဝင်) (၂ နှစ်)၊ ကိုမင်းသူ (မိုးကုတ်) (၁၃ နှစ်) နှင့် ကိုဝင်းရွှေ (ကျောက်ပန်းတောင်း) (၁၁ နှစ်) တို့ကို ပြစ်ဒဏ်များ ချမှတ်ခဲ့သည်။

သူတို့ကို ၂၀၀၇ ခုနှစ် စက်တင်ဘာလအတွင်းက ရွှေဝါရောင်လှုပ်ရှားမှု ဖြစ်နေချိန်တွင် ဖမ်းဆီးခဲ့ပြီး၊ မန္တလေး အိုးဘိုထောင်တွင်းရှိ အောင်မြေသာစံမြို့နယ် တရားရုံးတွင် ပြီးခဲ့သည့် အောက်တိုဘာ ၂၄ ရက်နေ့က ပြစ်ဒဏ်များ ချမှတ်ခဲ့ခြင်းဖြစ်သည်။

အစိုးရကို အကြည်ညိုပျက်စေရန် ပြောဆိုမှု၊ ဘာသာ သာသနာအား အကြည်ညိုပျက်စေရန် လုပ်ဆောင်မှု၊ လူစုလူဝေးတွင် ပါဝင်ကာ ရုန်းရင်းဆန်ခတ်ဖြစ်စေမှုတို့ဖြင့် စွဲချက်တင်ခဲ့သည်။

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */