သတင်း ဧရာဝတီ | မြန်မာ နိုင်ငံတွင်း နေထိုင်သည့် နိုင်ငံခြားသား များနှင့် နိုင်ငံခြားသား ဧည့်သည် များအား ရည်ရွယ်ပြီး GSM လက်ကိုင်ဖုန်း အတွင်း ကြိုတင် ငွေပေး ကတ်စနစ်ဖြင့် တခါသုံး ဆင်းကတ် (SIM) အသုံးပြုနိုင်ရန်အတွက် စင်ထရယ် မားကက်တင်း ကုမ္ပဏီက ရောင်းချဖြန့်ဖြူးသွားမည် ဖြစ်ကြောင်း ကုမ္ပဏီနှင့် နီးစပ်သူတဦးက ပြောသည်။
![]() |
ဦးတေဇ၏ ထူးကုမ္ပဏီပိုင် ဟိုတယ်ကြီးများဖြစ်သည့် ပုဂံ၊ အင်းလေး၊ ပုသိမ် နှင့်ငွေဆောင်ကမ်းခြေရှိ Treasure Hotels and Guest နှင့် ပုဂံ၊ နေပြည်တော်၊ ပြင်ဦးလွင်၊ ငပလီကမ်းခြေနှင့် ငွေဆောင်ကမ်းခြေရှိ Aureum Hotels တို့၌ ၎င်းတခါသုံး ဆင်းကတ်ကို ဒီဇင်ဘာ၁၂ရက်နေ့တွင် စတင်မိတ်ဆက် ရောင်းချသွား မည်ဖြစ်ပြီး အဆိုပါ ဟိုတယ်ကြီးများတွင် GSM လက်ကိုင်ဖုန်းများကို အသင့်ထားရှိမည်ဖြစ်ကြောင်းလည်း ဆို သည်။
တပြိုင်တည်းတွင် ၎င်း တခါသုံး ဆင်းကတ်ကို မန္တလေးတိုင်း ပြင်ဦးလွင်မြို့နယ်ရှိ ရတနာပုံ အိုင်တီစီ ၌ ဒီဇင်ဘာလ ၁၂ရက်နေ့ မှ ၁၆ ရက်နေ့ အတွင်း “ခုနစ် ကြိမ်မြောက် မြန်မာအိုင်စီတီပွဲ”ကျင်းပမည့်နေ့တွင် အစမ်း ရောင်းချသွားမည် ဖြစ်ကြောင်းသိရသည်။
ယင်း ဆင်းကတ်များကို ဝယ်ယူသုံးစွဲလိုသူများအနေဖြင့် FEC ၁၀ တန် နှင့် FEC ၂၀ တန် ဟူ၍ နှစ်မျိုးရှိပြီး ထိုဆင်းကတ်ကို GSM ဖုန်းထဲ ထည့်ပြီးပါက FEC ၁၀ တန်ကို နှစ်ပတ်အတွင်း အသုံးပြုနိုင်ပြီး FEC ၂၀ တန်ကို ၁ လ အတွင်း အသုံးပြုရမည် ဖြစ်ကြောင်း၊ ထိုသတ်မှတ်ထားသည့်အချိန်ကျော်လွန်သွားပါက ၎င်း ဆင်းကတ်မှာ အသုံးဝင်တော့မည် မဟုတ်ကြောင်းလည်း သိရသည်။
အဆိုပါကုမ္ပဏီနှင့် နီးစပ်သူက “ဒီ ဆင်းကတ်ကို သုံးဖို့ GSM မိုဘိုင်းဖုန်းထဲကို ထည့်ထားပြီးတာနဲ့ သတ်မှတ် ချိန်မှာပဲ သုံးရမယ်၊ သတ်မှတ်ထားတဲ့ အချိန်ကျော်သွားရင် သုံးသုံးမသုံးသုံး ဆင်းကတ်က သူ့အလိုလိုပိတ် သွားမှာဖြစ်တယ်၊ နောက်ထပ်နံပါတ်အသစ်တခု ထပ်ဝယ်ရမှာဖြစ်တယ် ” ဟုလည်းပြော သည်။
၎င်းဆင်းကတ်သည် တရုတ်ပြည်မှဆင်းကတ်များဖြစ်လိမ့်မည်ဟုလည်း ၎င်းက ဆိုသည်။
ဆင်းကတ်သုံးစွဲသူသည် မြန်မာပြည်တွင်း တမိနစ် ဖုန်းခေါ်ဆိုခ ၃၅၀ ကျပ် ခန့်နှင့် ဖုန်းအဝင်ခမှာ ၆၀ ကျပ် ခန့်ကုန်ကျမည် ဖြစ်ပြီး ပြည်ပ တမိနစ် ခေါ်ဆိုခ ကျပ် ၂၈၀၀ ခန့်နှင့် အဝင်ခမှာ ကျပ် ၆၀ ခန့်ဖြစ်သည်။
SMS စာပို့ စနစ်ကိုလည်း အဝင်၊ အထွက် တကြိမ်လျင် ကျပ် ၆၀ နှုန်းထားဖြင့် ကောက်ခံမည်ဖြစ်ကြောင်း လည်း သိရသည်။
ပုံမှန်အားဖြင့် မြန်မာနိုင်ငံရှိ တယ်လီဖုန်းဆက်သွယ်ရေးစနစ်များကို မြန်မာ့ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဌာနက ထိန်းချူပ်ထားပြီး လက်ရှိအသုံးပြုနေသောစနစ်မှာ GSM မိုဘိုင်း ဆင်းကတ်ကို ၎င်းဌာနမှ ငှားရမ်းပေးခြင်းဖြစ်သည်။ ဌာနမှ ငှားရမ်းခ ပေါက်ဈေးမှာ ကျပ် ၁၅သိန်း ခန့်ရှိပြီး အပြင်ပေါက်ဈေးမှာ ၁၇ သိန်း၊ ၁၈ သိန်းခန့် ရှိကြောင်း သိရသည်။









0 comments:
Post a Comment