စားအုန်းဆီ ခွဲတမ်းဈေးမြင့်၊ ဆီကိုယ်စားလှယ်များ အရှုံးပေါ်

Monday, December 08, 2008 ·

သတင်း NEJ ခေတ်ပြိုင် | မြန်မာ့စီးပွားရေး ဦးပိုင်မှ ဆီိကိုယ်စားလှယ်များကို ဖြန့်ဖြူးပေးနေသည့် စားအုန်းဆီ ဖြန့်ဈေးသည် ပြင်ပပေါက်ဈေးထက် များစွာမြင့်မားနေခြင်းကြောင့် ဆီကိုယ်စားလှယ်များ နေ့စဉ် အရှုံးပေါ် နေကြောင်း ဘုရင့်နောင် ကုန်စည်ဒိုင် အသိုင်းအဝန်းမှ စုံစမ်းသိရှိရသည်။

ဆီကိုယ်စားလှယ်ကြီးတဦးက “ဒီနေ့ (၄-၁၂-ဝ၈) ဦးပိုင်ရဲ့ စားအုန်းဆီ ဖြန့်ဈေးဟာ တပိဿာ (၁,၉၈၈) ကျပ် ပေးရတယ်။ အပြင်ပေါက်ဈေးက တပိဿာ (၁,၇၈ဝ) ကျပ်ပဲ ရှိတော့ တပိဿာကို ကျပ် (၂ဝဝ) ကျော် ရှုံးနေတယ်။ ကိုယ်စားလှယ် တယောက်စီကို (၁၁၆) ပိဿာဝင် ဆီ (၃) ပုံးလောက် ခွဲတမ်းနဲ့ ဝယ်ရတာကြောင့် တရက်ကို ကျပ် (၇) သောင်း၊ တပတ်ကို ကျပ် (၅) သိန်းလောက် အရှုံးပေါ်နေတယ်” ဟု ပြောသည်။

ရန်ကုန်မြို့၌ စစ်တပ်ပိုင် ဦးပိုင်ထံမှ ဆီခွဲတမ်း ဝယ်ယူခွင့်ရသည့် ကိုယ်စားလှယ် (၃,ဝဝဝ) ခန့်ရှိပြီး ယခုကဲ့သို့ နေ့စဉ် အရှုံးပေါ်နေသော်လည်း နောက်ပိုင်း အမြတ်အစွန်း ရလာသည့်အခါ ခွဲတမ်းမရမည်ကို စိုးရိမ်သည့် အတွက် မည်သည့်ကိုယ်စားလှယ်မှ ခွဲတမ်းကို စွန့်လွှတ်ခြင်း မရှိသေးကြောင်း စုံစမ်းသိရသည်။

မြန်မာနိုင်ငံ၏ စားအုန်းဆီ တင်သွင်းမှုကို စစ်အစိုးရ မြန်မာ့စီးပွားရေး ဦးပိုင်မှ လက်ဝါးကြီး အုပ်ချုပ်ကိုင် ထားသည်။ ပြည်တွင်းကို လိုသလောက် တင်သွင်းလာပြီး ရန်ကုန်တွင် ဆီကိုယ်စားလှယ် (၃,ဝဝဝ) ခန့် ထားရှိကာ ခွဲတမ်းစနစ်ဖြင့် ဖြန့်ဖြူးရောင်းချပေးနေခြင်း ဖြစ်သည်။

စားအုန်းဆီ ကိုယ်စားလှယ် ခွဲတမ်းရရှိသူများသည် ဦးပိုင်က တဖက်သတ် သတ်မှတ်သည့် ဈေးနှုန်းဖြင့် ဝယ်ရပြီး ခွဲတမ်းရသည့် ဆီ (၃) ပုံးအနက် (၁) ပုံးကို ဦးပိုင်က သတ်မှတ်သည့် ဈေးနှုန်းဖြင့် အများပြည်သူကို နေ့စဉ် လက်လီပြန်ရောင်းချပေးရကာ ကျန် ဆီ (၂) ပုံးကို ပြင်ပပေါက်ဈေးအတိုင်း မိမိစိတ်ကြိုက် ရောင်းချခွင့်ရသည်။

မြန်မာ့စီးပွားရေးဦးပိုင်သည် မြန်မာနိုင်ငံတွင်း စားအုန်းဆီ တင်သွင်းမှုကို လိုသလို ချုပ်ကိုင် တင်သွင်း နေခြင်းကြောင့် အဝင်နည်းသည့်ကာလများ၌ နိုင်ငံအတွင်း စားအုန်းဆီဈေးနှုန်းများ အလွန်အမင်း မြင့်တက်ပြီး အမြတ်အစွန်းလည်း အလွန်ရခဲ့ကြခြင်းဖြစ်သည်။

လောလောဆယ် မလေးရှားနိုင်ငံမှ စားအုန်းဆီ ဈေးနှုန်းသည် ဇူလိုင်လက တတန် ဒေါ်လာ (၉၈ဝ) ကျော် ရှိရာမှ ယခုဒီဇင်ဘာ လဆန်း၌ တတန် ဒေါ်လာ (၄ဝဝ) ကျော်သာ ရှိသည်။ ထို့ကြောင့် မလေးရှား စားအုန်းဆီသည် ရန်ကုန်ဆိပ်ကမ်းအရောက် တပိဿာ (၁,၁၅၈) ကျပ် ဈေးနှုန်းသာရှိကြောင်း ဘုရင့်နောင် ကုန်စည်ဒိုင်တွင် အတိအလင်း ရေးသား ကြေညာထားသည်။

မြန်မာ့စီးပွားရေး ဦးပိုင်သည် ဆီတပိဿာ တင်သွင်းရာတွင် ကျပ် (၈ဝဝ) ခန့် အမြတ်ရနေပြီး တရက် ဆီပိဿာချိန် (၁) သန်း (၄) သောင်းကျော်၊ တလလျှင် ဆီပိဿာချိန် (၃၁) သန်းကျော် ဖြန့်ဖြူးရာတွင် အမြတ်ငွေ တလ ကျပ်ငွေ (၂၅) ဘီလီယံခန့် ရရှိနေသည်။

ယခုနောက်ပိုင်း ပြည်ပမှ စားအုန်းဆီ တင်သွင်းမှုကို ဦးပိုင်အတွက် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ မိသားစုဝင်များပိုင် ကုမ္ပဏီများနှင့် ဦးတေဇပိုင် ကုမ္ပဏီများက ပါမစ်ရယူတင်သွင်းနေကြောင်း ဘုရင့်နောင် ကုန်စည်ဒိုင်အတွင်းမှ စုံစမ်းသိရှိရသည်။

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */